Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပခုက္ကူမြို့ အရှေ့ဘုန်းကန်ရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်လေးဖွဲ့ ဝင်ရောက်တိုက်ခိုက်

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကျော်ကြာမြင့်ခဲ့ပြီး Auto Gun၊ 40 MM၊ Sniper တို့ကို အသုံးပြုကာ နေရာခွဲ၍ တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု Young Force (UG)က ထုတ်ပြန်ထားသည်။

(ရဲဘော်တစ်ဦး အသေးစား ထိခိုက်ဒဏ်ရာရ၍ ဆေးကုသပေးနေစဥ်၊ ဓာတ်ပုံ-Young Force(UG))
(ရဲဘော်တစ်ဦး အသေးစား ထိခိုက်ဒဏ်ရာရ၍ ဆေးကုသပေးနေစဥ်၊ ဓာတ်ပုံ-Young Force(UG))

အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပခုက္ကူမြို့ အရှေ့ဘုန်းကန်ရွာရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်လေးဖွဲ့က ယနေ့ညနေပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

အရှေ့ဘုန်းကန်ရွာမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ရေစကြိုမြို့အခြေစိုက် Southern (Yso)၊ မြိုင်မြို့အခြေစိုက်သံမဏိသိမ်းငှက် (မြိုင်)နှင့် ပခုက္ကူမြို့ အခြေစိုက်Ranger (PKU)၊Young Force (UG)၊Rso (pku)တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကျော်ကြာမြင့်ခဲ့ပြီး Auto Gun၊ 40 MM၊ Sniper တို့ကို အသုံးပြုကာ နေရာခွဲ၍ တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု Young Force (UG)က ထုတ်ပြန်ထားသည်။

“ဘယ်ကောင် သေရဲလဲ မေးတဲ့ကောင်တွေ ခေါင်းတောင် မဖော်ရဲပါဘူး။နောက်မှ (စကစ) စစ်ကူနှစ်စီးရောက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရပါသည်” ဟု Young Force (UG)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Young Force (UG)အဖွဲ့တာဝန်ရှိသူက “အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် တိုက်ပွဲဖော်ဆောင်ခဲ့တာပါ။ စစ်ဆေးရေး ဂိတ်နားထိ ရသလောက်ကပ်ပြီး ပစ်ခတ်ခဲ့တာပါ။ မိနစ် ၂၀ ကျော် ထိတွေ့မှု ဖြစ်ခဲ့တယ်။ ထိခိုက် ကျဆုံးတာ မသိရသေးဘူး။ စစ်ကူလာလို့ ပြန်ဆုတ်လာရတယ်။ ရဲဘော်တစ်ယောက်တော့ လက်ထိလိုက်သွားတယ် မစိုးရိမ်ရတော့ပါဘူး။ စစ်တပ်က ပခုက္ကူကနေအထွက် ဘုန်းကန်ရွာမှာ ယာယီတပ်စွဲထားတာပါ။”ဟု ပြောသည်။

လူနာတင်ယာဥ်များ တိုက်ပွဲဖြစ်ရာနေရာသို့ ထွက်ခွာသွားပြီးပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်နှင့် နီးရာနေရာများအား ရှောင်ရှားကြရန် Young Force (UG)က မေတ္တာရပ်ခံသည်။

စစ်ကောင်စီဘက်က အထိအခိုက်ကို မသိရသော်လည်း လူနာတင်ယာဥ်များ တိုက်ပွဲဖြစ်ရာနေရာသို့ ထွက်ခွာသွားသည်ဟု ဆက်လက်ထုတ် ပြန်ထားသည်။ ယနေ့တိုက်ပွဲတွင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယနေ့ တိုက်ပွဲသည် ညနေ ၄နာရီ ၅ မိနစ်ခန့်က စတင်ခဲ့ပြီး ၄နာရီ ၂၅မိနစ် ခန့်တွင် ပစ်ခတ်သံများရပ်တန့်သွားကြောင်း ဒေသခံများက ပြောသည်။ ယနေ့ညတွင် ပခုက္ကူဆေးရုံအတွင် စစ်ကောင်စီတပ်ဖွဲ့ ခြေရှုပ်နေသည်ကို တွေ့ရသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။