Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တွင် စစ်ကောင်စီတပ်စွဲရာနေရာနှင့် စစ်ကောင်စီသတင်းပေးကို မြို့နယ်(ပကဖ) တိုက်ခိုက်

အဆိုပါ တိုက်ခိုက်မှုများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိမရှိကို ဖော်ပြမထားပေ။ စစ်ကောင်စီ သတင်း ပေးဖြစ်သူ အောင်ညွန့်မှာမူ လွတ်မြောက်သွားသည်ဟု ဆိုသည်။

ဗန်းမောက်
ဗန်းမောက်

▪️ဒလံများ စစ်ကောင်စီအလိုကျ ဆက်လုပ်နေပါကပို၍ ပြင်းထန်စွာတိုက်ခိုက်မည်ဟု အသိပေး

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ ရှိ စစ်ကောင်စီတပ်စွဲရာ ပညာရေးမှူးရုံးအား ယမန်နေ့ ညပိုင်းက တိုက်ခိုက်ခဲ့ကြောင်း Banmauk Revolution က ဖော်ပြသည်။

ထို့ပြင် ယမန်နေ့ (ဇူလိုင် ၁၈ ရက်) ညပိုင်း၌ပင် စစ်ကောင်စီသတင်းပေး ဒလံအောင်ညွန့်၏ နေအိမ်းအား ဗန်းမောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ပူးပေါင်း၍ ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ယနေ့ နေ့လည်ပိုင်းတွင်လည်း ဗန်းမောက်(ပကဖ) မှ ရဲစခန်းအား လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိမရှိကို ဖော်ပြမထားပေ။ စစ်ကောင်စီ သတင်း ပေးဖြစ်သူ အောင်ညွန့်မှာမူ လွတ်မြောက်သွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသတင်းပေး ဒလံများအနေဖြင့် စစ်ကောင်စီ အလိုကျ CDMများကို ရှာဖွေစုံစမ်းခြင်း၊ အုပ်ချုပ်ရေးယန္တရားကို အသက်သွင်းခြင်း၊ စစ်ကောင်စီ အောက် အမှုထမ်းခြင်းများ ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက ယခုထက် ပို၍ ပြင်းထန်သော တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။