Connect with us

Hi, what are you looking for?

သတင်း

အထက်မင်းလှ၌ စစ်‌ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ထိခိုက်မှုရှိဟု ဗမာအမျိုးသားတပ်တော် ပြော

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် လယ်လှကျေးရွာအနီးတွင် စစ်ကောင်စီ၏ ယာဉ်နှစ်စီးအား ပိတ်ဆို့တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ဗမာအမျိုးသားတပ်တော် United States Of Burma Army (USBA)က သတင်းထုတ်ပြန်သည်။

ဗမာအမျိုးသားတပ်တော် United States Of Burma Army (USBA)မှ ရဲဘော်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - USBA)

ကဖေး/People’s Spring

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် လယ်လှကျေးရွာအနီးတွင် စစ်ကောင်စီ၏ ယာဉ်နှစ်စီးအား ပိတ်ဆို့တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ဗမာအမျိုးသားတပ်တော် United States Of Burma Army (USBA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ဦးသည် ကားနှစ်စီးဖြင့် လာသည်ကို သတင်းကြိုရရှိပြီး လယ်လှကျေးရွာအနီး ကံတုပ်- စစ္စနို့ကားလမ်းပိုင်းတွင် ယနေ့ (ဇန်နဝါရီလ၂၈ရက်) မွန်းလွဲ ၁နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃၁ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” ထိခိုက်ဒဏ်ရာလုံးဝမရတဲ့ လူအင်အားက ဆယ်ယောက်ကျော်ကျော်လောက် ရှိတယ်ပေါ့နော်။ ဒါကတော့ ရှေ့ကားက ခတွေပဲဖြစ်လိမ့်မယ်။ တစ်ဖက်ကကြည့်ရင်တော့ ဒါက ထိခိုက်ကျဆုံးများတယ်ပေါ့။ကျနော်တို့စီမံချက်အတိုင်းဆိုရင်တော့ ဒါကနည်းတာပေါ့။ ကျနော်တို့စီမံချက်က ကားနှစ်စည်းလုံးအပိုင်စီးဖို့”ဟု USBA တာဝန်ခံ ကိုဗဟိန်းက လူမှုကွန်ရက်တွင် Live လွှင့်၍ ပြောထားသည်။

Public Service Announcement

Public Service Announcement

ကားနှစ်စီးအနက် နောက်မှကားကို နီးကပ်ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပြီး ရှေ့ကားကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြောထားသည်။ လက်နက်ကြီးပစ်ကူကြောင့် ရှေ့ကားမှာ မောင်းနှင်ထွက်ပြေးသွားသည်ဟု ဆိုသည်။ သေဆုံးသူများတွင် ဗိုလ်မှူးအဆင့်ပါဝင်သည်ဟု ကနဦးသိရှိထားပြီး အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထို့အပြင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

ယခုတိုက်ခိုက်မည့် စစ်ဆင်ရေးအတွက် တစ်ပတ်အချိန်ယူ၍ စောင့်ဆိုင်းခဲ့ရသည်ဟု USBA တာဝန်ခံ ကိုဗဟိန်းက လူမှုကွန်ရက်၌ ရေးတင်ထားသည်။

အဆိုပါစစ်ကြောင်းသည် မင်းလှမြို့နယ် ၊ လက်ပံတံခါးတိုက်နယ်နှင့် ရှမ်းတပ်တိုက်နယ်၌

ဇန်နဝါရီ ၂၅ရက်မှစ၍ စစ်ကြောင်းထိုးပြီး ပြန်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဟု USBAက သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ရဲဘော်အချို့ ထိခိုက်မှုရှိသော်လည်း စိုးရိမ်စရာမရှိဟု ဆိုသည်။ စစ်ကောင်စီတပ်အထိနာသွား၍ လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုတိုက်ခိုက်နိုင်ကြောင်း USBAက ဒေသခံများအား သတိပေးထားသည်။

ယခုတိုက်ခိုက်သည့်နေရာသည် ပုသိမ်- မုံရွာကားလမ်းနှင့်လည်း ဆက်စပ်နေသည်။

ပုသိမ် – မုံရွာလမ်းမကြီး‌ပေါ်နှင့် ဘေးပတ်ဝန်းကျင်ရွာများတွင် ဇန်နဝါရီ ၈ရက်ကစတင်၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး‌နေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ပြည်သူများ အနေဖြင့် လမ်းမကြီးတလျောက်နှင့် ကျေးရွာချင်းဆက်လမ်းများအား ယာယီသွားလာခြင်းမပြုလုပ်ကြရန် အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းခံလိုက်ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို - မြစ်ကြီးနားကားလမ်းပိုင်းရှိ ရေရှင်ကြီးကျေးရွာထိန်းချုပ်နိုင်ရေး စစ်ကောင်စီတပ်စစ်ကြောင်းက ပြင်ဆင်နေပြီး အဆိုပါစစ်ကြောင်းသည် PDFဝတ်ဆုံဝတ်ထား၍ ကားလမ်းဘေးတလျှောက်ကျေးရွာများ စစ်ရေးအခြေအနေသတိပြုရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးသည်။

သတင်း

ကရင်ပြည်နယ် ၊ ဖာပွန် - ကမမောင်း ကားလမ်းပိုင်းက ကတိုင်တိ စခန်းဆီ စစ်ကူတက်လာတဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၅) ပူးပေါင်းတပ်ကြား မတ်လ ၁ ရက်က တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားရတယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ကိုးဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပန်း ၉ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။