Connect with us

Hi, what are you looking for?

သတင်း

မြန်မာလူဦးရေ ၁၅ သန်း ဆာလောင်မွတ်သိပ်မှုဒဏ်ရင်ဆိုင်ရမယ်လို့ WFP သတိပေး

မြန်မာနိုင်ငံမှာ အခုနှစ် ၂၀၂၅ အတွင်း နိုင်ငံ့လူဦးရေရဲ့ ၁၅ သန်းဟာ ဆာလောင်မွတ်သိပ်မှု ဒဏ်ကို ရင်ဆိုင်ရမယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ ထောက်ပံ့မှုအဖွဲ့ကြီး (WFP ) က ဇန်နဝါရီလ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဓာတ်ပုံ - WFP

ဆိုင်းမင်း/People’s Spring

မြန်မာနိုင်ငံမှာ အခုနှစ် ၂၀၂၅ အတွင်း နိုင်ငံ့လူဦးရေရဲ့ ၁၅ သန်းဟာ ဆာလောင်မွတ်သိပ်မှု ဒဏ်ကို ရင်ဆိုင်ရမယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ ထောက်ပံ့မှုအဖွဲ့ကြီး (WFP ) က ဇန်နဝါရီလ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ယခင်နှစ်က ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံရတဲ့ လူဦးရေဟာ ၁၃.၃ သန်း ရှိရာကနေ ဒီနှစ်မှာ လူဦးရေ သန်းဂဏန်း ထပ်မံမြင့်တက်လာတာလို့ WFP က ဆိုထားပါတယ်။

နိုင်ငံအတွင်း စာနပ်ရိက္ခာ မလုံလောက်မှုတွေကို ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း တို့အပြင် ပဋိပက္ခတွေ ဖြစ်ပွားရာနယ်မြေတွေမှာ အဆိုးရွားဆုံး ရင်ဆိုင်နေရတာလို့ WFP ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ပဋိပက္ခတွေ ကြီးထွားလာတာ​၊ သွားရောက်ကူညီခွင့် ကန့်သတ်ခံရတာ ၊ စီးပွားရေး ပြိုလဲတာနဲ့ ရာသီဉတုဆိုင်ရာ အကျပ်အတည်းတွေ ကြောင့် မြန်မာနိုင်ငံရဲ့ ဆာလောင်မွတ်သိပ်မှု အခြေအနေက စံချိန် တင်မြင့်တက်လာတာလို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်က မှတ်ချက်ပြုထားပါတယ်။

အဓိက စားသောက်ကုန်တွေ ဖြစ်တဲ့ ဆန် ၊ဆီ၊ ဆားနဲ့ ပဲတို့ရဲ့ စျေးနှုန်းတွေဟာ ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်း မြင့်တက်သွားတယ်လို့ WFP တွက်ချက်ပါတယ်။

ပြည်တွင်းမှာ ကုန်စျေးနှုန်းက လတိုင်းမြင့်တက်နေတာဖြစ်ပြီး လူတွေက အခြေခံစားသောက်ကုန်တွေ ဝယ်ဖို့ ငွေကြေး မရှိဖြစ်လာပြီး ” ဒီတော့ ထမင်းအနပ်ရေလျှော့စားပြီး မဝမလင် စားသောက်နေကြရပါတယ်” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နဲ့ စားနပ်ရိက္ခာ ဖူလုံမှု လိုအပ်ချက်တွေ ဟာ ကမ္ဘာတဝန်း နိုင်ငံရေးမတည်မငြိမ် မှုတွေ နဲ့ ပဋိပက္ခတွေ ကြား တိမ်မြှုပ်နေပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုမရရှိဘူးလို့ WFP က ဆိုထားပါတယ်။

အခုနှစ် အတွင်း မြန်မာနိုင်ငံ လူဦးရေရဲ့ ၁.၆ သန်းဆီ အကူအညီတွေ ပေးသွားဖို့ ရည်မှန်းထားတယ်လို့ WFP ကအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ကို စစ်တပ်ကတပ်စွဲထားဆဲဖြစ်ပြီး ဒေသခံပြည်သူတစ်သောင်းကျော်ဟာ တစ်လခွဲခန့်အကြာစစ်ဘေးရှောင်နေရဆဲဖြစ်ကာ စားနပ်ရိက္ခာ တွေလိုအပ် နေတယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ စစ်တပ်က ရိက္ခာစု​နေတာ​ကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာ၊ သားငါး နဲ့ စက်သုံးဆီရှားပါးလာပြီးစျေးတွေအဆမတန်တက်နေလို့ ဒေသခံတွေ က ပြောပါတယ်။