Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုတွေက စားနပ်ရိက္ခာလှူတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။

သြဂုတ် ၂၁၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှ ရေဘေးသင့်စစ်ရှောင်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ ရွှေဘိုမြို့နယ် သပိတ်အင်အားစု Mobile Medical Team တို့ ပူးပေါင်းပြီး လိုအပ်တဲ့ ဆေးဝါးထောက်ပံ့ခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

မြင်းမူမြို့နယ်မှ ရေဘေးသင့်ပြည်သူတွေကို မြင်းမူမြို့နယ်သပိတ်အင်အားစုနဲ့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ မှ ရဲဘော်တွေက သွားရောက်ကာ ရိက္ခာ ခြောက်၊ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ကူညီလှူဒါန်းခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်မှ ရေဘေးသင့်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ဆန်၊ဆီ၊ ငါးသေတ္တာ စားနပ်ရိက္ခာတွေ သွားရောက် ကူညီခဲ့ပါတယ်။

ရေဦးမြို့နယ်မှ ရေဘေးသင့်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုမှတဆင့် USA ရောက် မြန်မာတွေမှ စားနပ်ရိက္ခာ ဆန်တွေ ကူညီထောက်ပံ့ခဲ့ကြပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှ ရေဘေးသင့် ပြည်သူတွေကို ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု ၊ ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်းပြီး ရိက္ခာခြောက်၊ ဆန်၊ အသင့်စားမုန့်၊ ခေါက်ဆွဲခြောက်နဲ့ ဓာတ်ဆားတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အခြားသော မြို့နယ်တွေမှာလည်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိပြီး တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း စစ်ကိုင်းဒေသသပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

သတင်း

ရေဘေးနဲ့ ‌မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေ ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီ‌နေ့ အောက်တိုဘာ ၂ရက်မှာလည်း မြို့အဝင်၊ကမြောကင်းတံတားဂိတ်မှာ လူငယ် ၂ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

Trending

Facebook