Connect with us

Hi, what are you looking for?

သတင်း

SSJAC အပေါ် MNDAA ခြိမ်းခြောက်မှု ပြန်ရုတ်သိမ်းဖို့ ရှမ်းလူငယ်ကွန်ဂရက် ထုတ်ပြန်

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC) အပေါ် ခြိမ်းခြောက်ထားတဲ့ ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လုပ်ရပ်ကို ပြန်ရုတ်သိမ်းဖို့ သျှမ်းလူငယ်ကွန်ဂရက်က ဒီကနေ့ နိုဝင်ဘာ ၂ရက်မှာ MNDAA ထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုခဲ့ပါတယ်။

(ကိုးကန့်တပ်မတော်(MNDAA)ရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ- The Kokang)

နိုဝင်ဘာ ၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC) အပေါ် ခြိမ်းခြောက်ထားတဲ့ ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လုပ်ရပ်ကို ပြန်ရုတ်သိမ်းဖို့ သျှမ်းလူငယ်ကွန်ဂရက်က ဒီကနေ့ နိုဝင်ဘာ ၂ရက်မှာ MNDAA ထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုခဲ့ပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေးဖော်ဆောင်ရာမှာ MNDAA ရဲ့ လုပ်ရပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ ယဉ်ကျေးမှုတွေအပေါ် အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးမှုများရှိနေကြောင်း SSJACက အောက်တိုဘာ ၂၃ရက်မှာ ကြေညာချက် ထုတ်ပြန် ကန့်ကွက်ခဲ့ပါတယ်။ MNDAAကလည်း အောက်တိုဘာ ၂၇ရက်မှာ စာထုတ်ပြန်ပြီး SSJAC ရဲ့ ကြေညာချက်ဟာ စွပ်စွဲချက်တွေသာဖြစ်ကြောင်း တန်ပြန် သတိပေးခဲ့ပါတယ်။

မှားယွင်းသော စွပ်စွဲချက်များကို ဗန်းပြပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေဖို့နဲ့ တိုင်းရင်းသားများအကြား လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်တဲ့ လှုပ်ရှားနှောက်ယှက်မှုတွေကို ပြင်းထန်စွာ တုံ့ပြန်မယ်လို့ MNDAAက ဖော်ပြခဲ့ပြီး သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမယ့် မလိုလားအပ်သော အကျိုးဆက်များအားလုံးအပေါ် SSJAC ဘက်မှသာအပြည့်အဝ တာဝန်ခံရမယ် သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို MNDAA ရဲ့ တန်ပြန်သတိပေးချက်အပေါ် ရှမ်းလူငယ်ကွန်ဂရက်က ဒီကနေ့ စာတစောင်ထုတ်ပြန်ကာ SSJACဟာ ရှမ်းအမျိုးသားထုရဲ့ နိုင်ငံရေး၊ စစ်ရေးကို ကိုယ်စားပြုတဲ့ အဖွဲ့ဖြစ်ပြီး MNDAA ရဲ့ ခြိမ်းခြောက်မှုဟာ ရှမ်းတမျိုးသားလုံးကို စော်ကားခြင်းသာဖြစ်တယ်လို့ ဖော်ပြပါတယ်။

MNDAA တပ်ဖွဲ့အနေဖြင့် ဒေသခံလူမျိုးစု ပြည်သူများ၊ နိုင်ငံသားများအပေါ် မှားယွင်းလုပ်ဆောင်မှုများကို ပြင်ဆင်ဖို့လည်း ရှမ်းလူငယ်ကွန်ဂရက်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ၊ ပြည်သူ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ကျူးကျော်နိုင်ငံခြားသားတွေရဲ့ အကျိုးစီးပွားကာကွယ်မှုကို ရပ်တန့်ဖို့ နဲ့ ရှမ်းလူမျိုးများကို ကိုယ်စားပြုတဲ့ SSJAC အပေါ်ခြိမ်းခြောက်မှုကို ပြန်လည်ရုပ်သိမ်းဖို့ ရှမ်းလူငယ်ကွန်ဂရက်က ထုတ်ပြန်ကာ SSJACနဲ့ တသားတည်း ရပ်တည်ကြောင်း အသိပေးပါတယ်။

MNDAAဟာ ထိန်းချုပ်နယ်မြေအတွင်း စာသင်ကျောင်းတွေမှာ တရုတ်စာသင်ကြားစေမှု၊ ဒေသခံတွေရဲ့ မြေယာသိမ်းဆည်းမှု၊ မြို့အမည်ရွာအမည်နဲ့ ဆိုင်အမည်တွေကို တရုတ်စာတွေနဲ့ အစားထိုး လုပ်ဆောင်မှု စတဲ့ လုပ်ရပ်တွေကို ရှမ်းအဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်လာတဲ့အပေါ် MNDAAက တန်ပြန်ကန့်ကွက်ကာ ပြင်းထန်တဲ့သတိပေးချက်တွေ ဖော်ပြလာတာကြောင့် ရှမ်းအဖွဲ့အစည်းတွေနဲ့ ကိုးကန့်တပ် MNDAA အကြား တင်းမာမှုဆက်ရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ