Connect with us

Hi, what are you looking for?

သတင်း

KIA သိမ်းပိုက်ထားသည့် လန်ဆယ်နှင့် ဆဒုံးဒေသအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ပြည်သူထိခိုက်မှုရှိ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ခိုက်သိမ်းပိုက်ထားသည့် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသနှင့် ဆဒုံးဒေသအား စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၇ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ - လန်ဆယ်ဒေသအား စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တိုက်ခိုက်သိမ်းပိုက်ထားသည့် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသနှင့် ဆဒုံးဒေသအား စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၇ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၇ရက် ညနေ ၄နာရီခန့်တွင် လန် ဆယ်ဒေသအား လေကြောင်းမှ ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” ပြည်သူအချို့ ထိခိုက်မှုရှိ။ တိုက်ပွဲမရှိဘူး။ ဆဒုံးမှာလည်း လာကြဲတယ်။ ဆဒုံးဘက်က ၁နာရီ ခွဲလောက်”ဟု ကချင်သတင်းရင်းမြစ်က စစ် ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကို အကျဉ်းကို ပြောပြသည်။ ဆဒုံးလေကြောင်းတိုက်ခိုက်ခံရမှုတွင် ထိခိုက်မှုမရှိဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အသေးစိတ်အခြေအနေများကို KIA အပါအဝင် ဒေသ သတင်းရင်းမြစ်များထံ ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

လန်ဆယ်ဒေသအား စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကိုလည်း သတင်းရင်းမြစ်အချို့က လူမှုကွန်ရက်၌ ဖော်ပြထားသည်ကို တွေ့ရသည်။

KIAသည် ဆဒုံးဒေသကို ၂၀၂၄ ဇွန်လနှင့် လန်ဆယ်ဒေသ အပါအဝင် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေ တစ်ခုလုံးကို ၂၀၂၄ နှစ်ကုန်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် KIA ထိန်းချုပ်နယ်မြေများကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့်မြို့နယ်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၃၀ ခန့် သေဆုံးကာ အများအပြားဒဏ်ရာရခဲ့သည်။

ကချင်စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က စစ်ကောင်စီ အနေဖြင့် KIA ထိန်းချုပ်ရာ နယ်မြေနှင့် တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသများကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်၍ လေကြောင်းရန် သတိပြုရန် ပြည်သူများကို တိုက်တွန်းထားသည်။

TNLA၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တအာင်းဒေသခံ ပြည်သူ ၁၃ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မိုးမိတ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်၊ တနိုင်းလီဒိုလမ်းနေ ပြည်သူတွေ သတိထားသွားလာဖို့လိုဟု အသိပေး

သတင်း

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း

သတင်း

ဗန်းမော်အပါအဝင် ဒေသ ၅ခုမှာ စစ်ရေးတင်းမာ၊ စစ်တပ်က ဗန်းမော်က ဘုရားကျောင်းနဲ့ ပြည်သူ့အိုးအိမ်တွေ မီးရှို့