Connect with us

Hi, what are you looking for?

သတင်း

ခေါင်လန်ဖူးတိုက်ပွဲကွပ်ကဲဖို့ ပို့လိုက်တဲ့ စစ်တပ်ရဲ့အထူးဗျူဟာမှူး တိုက်ပွဲဖြစ်ရာမရောက်မီ KIA တိုက်ခိုက်မှုကြောင့် သေဆုံး

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(တိုက်ပွဲအတွင်း KIA ရဲဘော်တစ်ဦးက ပစ်ခတ်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)

အောက်တိုဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ခေါင်လန်ဖူးတိုက်ပွဲမှာ ဆုတ်ခွာနေရတာနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့(ကစထ-၁) ကစထမှူးနဲ့ မပခ တိုင်းမှူးတို့ဟာ အောက်တိုဘာ ဒုတိယပတ်မှာ ပူတာအိုသို့ လာရောက်စစ်ဆေးခဲ့ပြီးနောက် ဗိုလ်မှူးကြီး ၁ဦးနဲ့ဒုဗိုလ်မှူးကြီး ၁ဦးတို့ကို ခေါင်လန်ဖူးမှာ အင်အားဖြည့်ဖို့ တာဝန်ပေးခဲ့တာလို့ဆိုပါတယ်။ အဲဒီ အရာရှိတွေ ခေါင်လန်ဖူးရောက်ပြီး တိုက်ပွဲဖြစ်ရာဒေသသို့ ဆက်လက်ထွက်ခွာစဉ် အောက်တိုဘာ ၁၁ရက်နေ့မှာ တိုက်ခိုက်မှု ခံရပြီးသေဆုံးခဲ့တာလို့ဆိုပါတယ်။

“အဲဒီဒေသ တိုက်ပွဲမှာ ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေမျိုးထွန်း အနီးကပ် ကွပ်ကဲနေတာဖြစ်တယ်။ အဲဒါ သူတို့ရဲ့ တိုက်ပွဲက တဖြည်းဖြည်း ဆုတ်လာတဲ့အခါကျတော့ ကကကြည်းက ကစထ(၁)မှူးနဲ့ တိုင်းမှူးက ပူတာအို အထိ ၉ရက်နေ့လောက်တုန်းက ထင်တယ် လာပြီးမှ လာစစ်ဆေးပါတယ်။အဲဒီတော့ ကစထမှူးက ကကကြည်းက အထူးဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့် တယောက်ရယ် ပြီးတော့မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့် ဂျီဝမ်း တယောက်ရယ် သူတို့နှစ်ယောက်ကို အဲဒီဘက် အင်အားဖြည့်ဖို့ ပူတာအိုမှာ လာပို့ထားလိုက်တာ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ် အထူးဗျူဟာမှူးနဲ့ ဂျီဝမ်းတို့ကို အောက်တိုဘာ ၁၀ရက်မှာ ပူတာအိုကနေ ရဟတ်ယာဉ်နဲ့ ခေါင်လန်ဖူးမြို့ကို ပို့ဆောင်ခဲ့တာလို့ဆိုပါတယ်။ အဲဒီကနေ တိုက်ပွဲဖြစ်ပွားရာ မြန်မာ -တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် (၃၀)ဒေသ တိုက်ပွဲဖြစ်ပွားရာ ရှာကာဒီလမ်းသို့ လာရောက်စဉ် KIAက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲဒီတော့ သူတို့က ခေါင်လန်ဖူးကနေ ၁၁ရက်နေ့ ထွက်လာတာပေါ့လေ။ အဲဒီ တိုက်ပွဲဖြစ်ပွားရာနေရာကိုလည်းမရောက်သေးပါဘူး။ လမ်းခုလတ်မှာဖြစ်သွားတာပါ”လို့ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

KIA လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာဖြစ်ပြီး ခေါင်လန်ဖူးအထိ ထမ်းပို့စဉ်သေဆုံးကာ အောက်တိုဘာ ၁၄ရက် ညနေပိုင်းမှာရဟတ်ယာဉ်နဲ့ အလောင်းတင်သွားတာလို့လည်း ရှင်းပြပါတယ်။

KIA ပူးပေါင်းတပ်ဟာ အခုနှစ်ဇူလိုင်လမှာ နယ်ခြားမှတ်တိုင်(၃၀)က စစ်တပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့ပြီး စက်တင်ဘာလမှာနယ်ခြားမှတ်တိုင် (၃၀) ဒေသရဲ့ တခုတည်းသော ရဟတ်ယာဉ်ကွင်းရှိရာ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ စစ်တပ်က အဲဒီ ရဟတ်ယာဉ်ကွင်းတပ်စခန်း ပြန်ရဖို့ထိုးစစ်ဆင်နေပေမဲ့ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့်အထိနာခဲ့ပါတယ်။

စစ်တပ်ဟာ ခေါင်လန်ဖူးဒေသက ရှေ့တန်းတပ်ဖွဲ့တွေဆီကို လေကြောင်းက ရိက္ခာခဲယမ်းဖြည့်တင်းတာတွေ ဆက်လက်ပြုလုပ်နေတယ်လို့လည်း သတင်းရင်းမြစ်က အသိပေးထားပါတယ်။

ခေါင်လန်ဖူးဒေသမှာ စစ်အင်အားတွေဖြည့်တင်းနေတာကြောင့် အဲဒီဒေသမှာ အချိန်မရွေးတိုက်ပွဲဆက်ဖြစ်နိုင်တယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ ၁၄ရက်မှာ ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။