Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတစ်ဝန်း စစ်​ဘေး​ရှောင်ပြည်သူ သုံးသန်းခွဲ​ကျော်ဟု ကုလထုတ်ပြန်

အညာ​ဒေသမှ စစ်​တပ်စစ်​ကြောင်းရန်​ကြောင့်ထွက်​ပြေး​နေရ​သောပြည်သူများ။ ဓါတ်ပုံ-ပုလဲပအဖ၊ ​ရေဦးမြို့နယ်စစ်​ရှောင်ပြည်သူ​ထောက်ပံ့​ရေးအဖွဲ့

■နိုင်ငံလူဦး​ရေး၏ သုံးပုံတစ်ပုံခန့် ဖြစ်သောလူဦးရေ ၁၅ သန်းကျော်သည်လည်းစားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်နေရ

ရဲခေါင်/People’s Spring

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အတွင်း မြန်မာနိုင်ငံ ၌ နေရပ်စွန့်ခွာရသူ ၃ သန်းခွဲကျော်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ တတိယပတ်က လူသားချင်းစာနာမှုဆိုင် ရာ UNOCHA သတင်းလွှာဖော်ပြခဲ့ခြင်းဖြစ်သည်။၂၀၂၃ ခုနှစ်အထိ နေရပ်စွန့်ခွာသူ တစ်သန်းကျော်သာ ရှိသော်လည်း ၂၀၂၄ နှစ်ကုန်ပိုင်းတွင် နေရပ်စွန့်ခွာသူ နှစ်သန်းကျော်တိုးလာခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သို့​သော် စစ်​ဘေး​ရှောင်များကိုကူညီ​နေ​သောအဖွဲ့အစည်းများက ကုလသမဂ္ဂ၏ စစ်​ဘေးဒုက္ခသည်စာရင်းများမှာ ​မြေပြင်တွင် အမှန်တကယ်ရှိသူထက်ပင်နည်းပါး​နေ​ကြောင်း​ပြောကြသည်။ထို​​ကြောင့် ​မြေပြင်တွင်စစ်​ဘေး​ရှောင်များကိုကူညီ​နေသူများ၏ အဆိုအရ နိုင်ငံတစ်ဝန်းစစ်​ဘေး​ရှောင် အ​ရေအတွက်မှာ သုံးသန်းခွဲထက်ပင်များနိုင်သည်။

​မြန်မာနိုင်ငံ၌ အရပ်သား ကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများမြင့်တက်လာခြင်းနှင့်အတူ ဖြစ်ပွားဆဲ ပဋိပက္ခများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ် ချက်များဖြင့်ဆက်လက်ရုန်းကန်နေရဆဲဖြစ်ကြောင်း UNOCHAက အသိ​ပေးသည်။

ထို့အတူ အရပ်သားများသည် ကျယ်ပြန့်သည့် ပဋိပက္ခများအပြင် ဘေးအန္တရာယ်များ၊ ရောဂါများ၊ စားနပ် ရိက္ခာမလုံလောက်မှု၊ငွေကြေးဖောင်းပွမှု၊အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းနှင့်အရေးကြီးသောပြည်သူ့ဝန်ဆောင်မှုများ ပုံမှန်မရရှိခြင်းများအပါအဝင် အကြပ်အတည်းမျိုးစုံကို တပြိုင်နက်တည်း ရင်ဆိုင်နေရသည်ဟု ​ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံလူဦး​ရေး၏ သုံးပုံတစ်ပုံခန့်ပင်ရှိ​သောလူဦးရေ ၁၅ သန်းကျော်သည်လည်းစားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်နေရပြီးသန်းပေါင်းများစွာသောပြည်သူများသည် ဘေးကင်းလုံခြုံသော မှီခိုရာနေရာ သို့မဟုတ် သန့်ရှင်းသည့် သောက်သုံးရေ မရရှိဘဲ နေထိုင်နေရဟု ကုလသမဂ္ဂကဆိုသည်။

အရှိန်မြင့်လာသည့် ပဋိပက္ခ၏ နောက်ဆက်တွဲအဖြစ် မြန်မာ နိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူ ဦးရေမှာ ထိခိုက်မှု ပြင်းထန်သော အခြားနိုင်ငံများထက် ကျော်လွန်ကာ ကမ္ဘာ့တွင်အများဆုံး ဖြစ်လာသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအများအပြား (အထူး သဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက် မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်း) ၌ စစ်ကောင်စီနှင့် လက်နက်ကိုင် အင်အားစု အမျိုးမျိုး အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။