Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းအရှေ့ခြမ်းက စစ်ရှောင်ပြည်သူတွေနေထိုင်ရာကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်နေ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

(လက်ပံတန်းမြို့နယ် အရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - လက်ပံတန်း ပကဖ)

စက်တင်ဘာ -၁၂၊၂၀၂၆။မိုမို/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

လက်ပံတန်းမြို့နယ် အရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။

“လက်ပံတန်းမြို့နယ်အရှေ့ခြမ်းကို ပစ်နေတာ။ အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရထားတယ်။ စစ်ဘေးရှောင်ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ”လို့ လက်ရှိ လက်ပံတန်းမြို့နယ်အခြေအနေကို အထက်ပါတာ၀န်ရှိသူက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင်ကျေးရွာ စစ်တပ်အထိုင်စခန်းကလက်နက်ကြီး(ဟောင်ဝှစ်ဇာ)နဲ့ ရေငံကျေးရွာအထိုင်ချစခန်းကနေ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာလို့ လက်ပံတန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“စစ်ကြောင်းတွေ ဝင်ရောက်လာနိုင်ခြေလည်းရှိတယ်”လို့ သူက ပြောပါတယ်။

ဩဂုတ်တတိယပတ်က ထန်းပင်ချောင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ သိမ်းပြီးနောက် စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်မှုပိုလုပ်လာတာလို့ အသိပေးပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်ကို နယ်မြေ အသာစီးရယူဖို့ အာဏာသိမ်းစစ်တပ် နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ကြိုးစားနေတာပါတယ်။

ဒါကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပြီး ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့က တပ်စခန်းတွေနဲ့ စစ်တပ်ဂိတ်စခန်းတွေ အပါအ၀င် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ် အထိုင်စခန်းကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကုန် ပိုင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ဖူးပါတယ်။

လက်ပံတန်းမြို့နယ်မှာ စစ်တပ်က တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေ နဲ့ ပြည်သူ့စစ်အင်အား အမှီပြုပြီး တော်လှန်ရေးတပ်တွေကို ခုခံတာနဲ့ တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။