Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လက်နက်ကြီး​ကြောင့် စဉ့်ကူးကစစ်​ရှောင်လင်မယားနှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

(လက်နက်ကြီးကျည်ဒဏ်ရာရတဲ့စစ်​ရှောင်အမျိုးသမီးနဲ့ ​ဒေသခံအချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-​ပေးပို့)

စက်တင်ဘာ-၁၄၊၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာလ၁၄ရက် နေ့၊မနက် ၉ နာရီ ကျော်မှာကျွန်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ရွာရဲ့ အနောက်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။အဲဒီလက်နက်ကြီးဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်းရွာသာရွာရဲ့ မြောက်ဘက်ကိုကျပြီးစစ်ရှောင် လင်မယားနှစ်ဦး ထိမှန်ခဲ့တာလို့သိရပါတယ်။

“ထိတဲ့အမျိုးသမီးက တော့လက်ကောက်ဝတ်ပြတ်သွားတယ်ပြောတယ်။သူ့ယောကျာ်းလည်း လက်ထိတယ်တဲ့။မနက်က ကျွန်းတွေပေါ်လည်း ဒရုန်း တွေဝဲတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကြီး ထိမှန်သူတွေဟာ စဉ့်ကူးမြို့နယ်အနောက်ခြမ်း၊ကြက်တူရွေး ရွာကဖြစ်ပြီး စစ်ရှောင်ရင်းအလုပ်လုပ်​နေတုန်းမှာ လက်နက်ကြီးကျည် ထိခဲ့တာဖြစ်ပါတယ်။

ကြက်တူ​ရွေးရွာကိုစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာကြောင့် ပြည်သူတချို့သေဆုံးဒဏ်ရာရပြီးတဲ့နောက် ဒေသခံတွေဟာရွာမှာမ​နေရဲ​တော့ဘဲရှောင်တိမ်းနေထိုင် နေကြတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စဉ့်ကူးမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှု ကြောင့် ဩဂုတ်လအတွင်းမှာ ပြည်သူ၃ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။