စက်တင်ဘာ-၁၄၊၂၀၂၆။ကတ်သရင်း/People’s Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီကနေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စက်တင်ဘာလ၁၄ရက် နေ့၊မနက် ၉ နာရီ ကျော်မှာကျွန်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ရွာရဲ့ အနောက်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။အဲဒီလက်နက်ကြီးဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်းရွာသာရွာရဲ့ မြောက်ဘက်ကိုကျပြီးစစ်ရှောင် လင်မယားနှစ်ဦး ထိမှန်ခဲ့တာလို့သိရပါတယ်။
“ထိတဲ့အမျိုးသမီးက တော့လက်ကောက်ဝတ်ပြတ်သွားတယ်ပြောတယ်။သူ့ယောကျာ်းလည်း လက်ထိတယ်တဲ့။မနက်က ကျွန်းတွေပေါ်လည်း ဒရုန်း တွေဝဲတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
လက်နက်ကြီး ထိမှန်သူတွေဟာ စဉ့်ကူးမြို့နယ်အနောက်ခြမ်း၊ကြက်တူရွေး ရွာကဖြစ်ပြီး စစ်ရှောင်ရင်းအလုပ်လုပ်နေတုန်းမှာ လက်နက်ကြီးကျည် ထိခဲ့တာဖြစ်ပါတယ်။
ကြက်တူရွေးရွာကိုစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာကြောင့် ပြည်သူတချို့သေဆုံးဒဏ်ရာရပြီးတဲ့နောက် ဒေသခံတွေဟာရွာမှာမနေရဲတော့ဘဲရှောင်တိမ်းနေထိုင် နေကြတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှု ကြောင့် ဩဂုတ်လအတွင်းမှာ ပြည်သူ၃ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။


















































