ရဲခေါင်/People’s Spring
အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များထိုးစစ် ဆင်နေသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲ၌ စစ်ကောင်စီ၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးခဲ့သည်။
စစ်တက္ကသိုလ်အပတ်စဥ် ၅၀ ကျောင်းဆင်းဖြစ်သည့် အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူးသန့်ဇော်ဟိန်း၏ရက်လည်ဆွမ်းသွပ်တရားနာကိုမတ်လ ၁ ရက်)က နေပြည်တော် ပျဥ်းမနားမြို့ ရှိ အုန်းတောပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့သည်။
“ကျမရဲ့ သားကြီး ဟာ ပဲခူးတိုင်း၊ ပဒေါင်း(အမှန်မှာ ပန်းတောင်း) မြို့နယ် ၊ ညောင်ကျိုး ရှေ့တန်းစစ်မျက်နှာပြင်မှာ … ကျူးကျော် AA နဲ့ ရင်ဆိုင်တိုက်ပွဲမှာ တိုင်းပြည်အတွက် အသက်စွန့်သွားပါတယ်”ဟု ဗိုလ်မှူးသန့်ဇော်ဟိန်း၏ မိခင် ဒေါ်ခင်ညိုညိုက လည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာတွင် မတ်လ ၁ ရက်နေ့က ရေးသားထားသည်။

Public Service Announcement

“သူ(ဗိုလ်မှူးသန့်ဇော်ဟိန်း)က ဒုတပ်ရင်းမှူး အဆင့် ထွက်လာနေတဲ့ သဘော။တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ခြေလျင်၊ခြေမြန်တပ်ရင်း တစ်ခုခုကလို့ပဲ အကြမ်း ဖျင်းပြောလို့ရဦးမယ်”ဟု ဗိုလ်ကြီးဇင်ယော်ကလူထုနွေဦးသို့ ပြောသည်။
လက်နက်ကြီးများအထိုင်ချထားသည်စစ်တပ်၏ ညောင်ကျိုး စခန်း၏ ကာကင်းစခန်ကုန်းအချို့ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် AA နှင့် ပူး ပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းအချို့ကဖော်ပြသည်။ထိုတိုက်ပွဲတွင်စစ်တပ်ကယခုနောက်ပိုင်းအသုံးများလာသော စက်တပ်လေထီး ၂ စီးကိုပါ AA ကပစ်ချနိုင်ခဲ့ကြောင်းဒေသတွင်းသတင်းဌာနအချို့ကဖော်ပြသည်။သို့သော် လူထုနွေဦးအနေဖြင့်သီးခြားအတည်မပြုနိုင်သေးပါ။
“ညောင်ကျိုး တိုက်ပွဲဟာ ပြင်းထန်သထက် ပြင်းထန်လာနေဆဲဖြစ်ပါတယ်။စကစ ဘက်ကလည်း အကျအ ဆုံး အများအပြားနဲ့ ခံစစ်ဆင်နေဆဲဖြစ်ပါတယ်”ဟုစစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
“ညောင်ကျိုးစခန်းတွင်သေဆုံးခဲ့သောဗိုလ်မှူးသန့်ဇော်ဟိန်း၏ မိခင် ဒေါ်ခင်ညိုညိုက “ကျမ သားကြီး ကလည်း သူ့ယုံကြည်မှု ခံယူချက်အတိုင်းလျှောက်လှမ်းရင်း…တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာ သူ့မိသားစုအတွက် နောက်ဆုံးထွက်သက်ထိ တာဝန်ကျေပွန်ခဲ့ပါတယ်…ငယ်စဉ်ဘဝကတည်း စိတ်ဓာတ်မြင့်မြတ်ပြီး နောက်ဆုံးအချိန်ထိ တန်ဘိုးရှိသော သားကောင်းရတနာဖြစ်ခဲ့လို့…ဝမ်းမြောက်ဂုဏ်ယူစွာဖြင့်လက်တင်အလေးပြုပါတယ်”ဟုရေးသားထားသည်။
ညောင်ကျိုးစစ်ကောင်စီစခန်းနှင့် ညောင်ခြေထောက်ရှိ အမှတ်(၆) ကာကွယ် ရေးပစ္စည်းစက်ရုံ (ကပစ-၆ )၁၀မိုင်ဝန်းကျင်ခန့်သာကွာဝေးသည်။
“ညောင်ကျိုးကို ရပြီဆိုရင် ကပစ ၆ က တိုက်ခိုက်ခံရမယ့်အနေအထား။အဲဒီတော့ တော်လှန်ရေးနွေဦးကာလမှာ အရင်ဆုံးတိုက်ခိုက်ခံရမယ့် ကပစ ဖြစ်လာဖို့များတယ်”ဟု CDM ဗိုလ်ကြီးက သုံးသပ် ပြောသည်။
ကပစ ၆ သည်စစ်ကောင်စီ၏ကာကွယ်ရေးပစ္စည်းစက်ရုံအားလုံးအတွက် သံကိုအခြေ ခံသည့် ကုန်ကြမ်း များကို ထုတ်လုပ်ပေးနေရသည့်အတွက် အရေးကြီး သည့် စက်ရုံဖြစ်ကြောင်းလည်း စစ်ရေးအချက် အလက်များက ဖော်ပြသည်။
ကပစ ၆ အပါအဝင် ပဲခူးတိုင်းတွင် ကပစ-၉ (ကျောက်ဖူး)၊ ကပစ-၅ (ကမြိုင်)၊ ကပစ-၁၆ (မသုန်) နှင့် ပြည်မြို့တဘက်ကမ်းက ကပစ-၃ (ဆင်တဲ)တို့ အခြေစိုက်ထားသည်။
AA နှင့်ပူးပေါင်းတပ်များသည်ပန်းတောင်းမြို့နယ်မှ မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ရက်တွင်တိုက်ခိုက်သိမ်းယူခဲ့သည်။မိုးထိတောင်စခန်းသိမ်း
တိုက်ပွဲသည် ငါးရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီထံမှ စစ်အသုံး အဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု AAကသတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီသည် ပဲခူးတိုင်းဖက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း-ရခိုင်ပြည်နယ်စပ်နေရာများနှင့် ရခိုင်ရိုးမတောင်တန်းတွင် တိုက်ပွဲများ နေ့တိုင်းဖြစ်ပွားနေကြောင်း AAက ဇန်နဝါရီလ (၂၇) ရက်တွင်ထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီလကစ၍ AA နှင့် ပူးပေါင်းတပ်များသည် ပဲခူးတိုင်းအစပ်ရှိ တောင်ပုံကြီးစခန်း၊ မိုးထိတောင် စခန်းကို ညောင်ကျိုး၊ ညောင်ခြေထောက်၊ ဥသျှစ်ပင်တို့၌ ခံစစ်စခန်းများအထိုင်ချထားခဲ့သည်။




















































