Connect with us

Hi, what are you looking for?

သတင်း

ပေါ်တာဆွဲခံရပြီး ညောင်ကျိုးတိုက်ပွဲရှေ့တန်းပို့ခံရသည့် အလင်းဝင်စစ်မှုထမ်းတပ်သားသစ်က စစ်ကောင်စီကို ပြန်တိုက်ခိုက်မည်ဟုပြော

ပေါ်တာဆွဲခံရပြီးနောက် ညောင်ကျိုးစခန်းရှေ့တန်းပို့ခံရသည့် စစ်မှုထမ်းအပတ်စဥ်(၆) သင်တန်းဆင်းတပ်သားသစ်တစ်ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးသည်။

သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံ အလင်းဝင်လာသော စစ်မှုထမ်းတပ်သားသစ်အား တွေ့ရစဉ်။ ဓာတ်ပုံ - မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို

မတ်-၁၉၊၂၀၂၅။ဟန်နွေ/People’s Spring

ပေါ်တာဆွဲခံရပြီးနောက် ညောင်ကျိုးစခန်းရှေ့တန်းပို့ခံရသည့် စစ်မှုထမ်းအပတ်စဥ်(၆) သင်တန်းဆင်းတပ်သားသစ်တစ်ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးသည်။

စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းခံရသည့် ကိုနန်းလင်းသူသည် ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်ရှိ ညောင်ကျိုးတိုက်ပွဲမှထွက်ပြေး၍ မတ်လ ၁၆ရက်တွင် တပ်ရင်း (၃၈ဝ၂)၊တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံ လက်နက်မဲ့ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ငှက်ကြီးသိုက်အုပ်စု၊ ရေပြန်စိန်ရိုး ကြီးရွာ၌ ၂၀၂၄ စက်တင်ဘာတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရကာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိအမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၆)သင်တန်းဆင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်သားစုဆောင်းခံရသည့် ကိုနန်းလင်းသူသည် ယခုအပါအဝင် သုံးကြိမ်တိုင် စစ်ကောင်စီတပ်မှ ထွက်ပြေးရန် ကြိုးစားခဲ့ပြီး ယခုအလင်းဝင်နိုင်ခဲ့ပြီးနောက် တော်လှန်ရေးရဲဘော်တစ်ဦးအဖြစ် စစ်ကောင်စီများအား ပြန်လည်တိုက်ခိုက်သွားရန်ရှိကြောင်း တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)က ထုတ်ပြန်သည်။

ယခုအလင်းဝင်လာသည့် ကိုနန်းလင်းသူသည် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံ ပထမဆုံးအကြိမ် အလင်းဝင်လာသူ ဖြစ်ကြောင်း တပ်ခွဲ(၄) တာဝန်ရှိသူ ရဲဘော်ဒေဝက ပြောသည်။ယခင်က အလင်းဝင်သူမဟုတ်ဘဲ CDMပြုလုပ်ကာ ပြည်သူ့ဘက် ပူးပေါင်းလာသူ တစ်ဦးရှိကြောင်းလည်း ၎င်းက ဆိုသည်။

“ နောက်ထပ် ကျန်တဲ့အမြင်မှန်မရသေးတဲ့သူတွေ ၊ အမြင်မှန်ရပြီးတော့ လမ်းကြောင်း မရှိလို့ မပြေးရသေးတဲ့ စစ်ကောင်စီတပ်သားတွေ ကို ကျနော်အနေနဲ့ ကြိုဆိုနေပါတယ်။ နောက်ပြီးတော့ မြန်မာပြည်ရဲ့ ဘယ်နေရာကပဲဖြစ်ဖြစ် ကျနော်တို့ တပ်ဖွဲ့ကို လာချင်တယ်လို့သာပြော အဆင်ပြေအောင် ကျနော်တို့ ခေါ်ပေးမယ်။..။ခုနောက်ပိုင်း ပေါ်တာဆွဲခံရတဲ့ ပသစတွေ ဆိုတာ ပြည်သူစစ်စစ်ကို အတင်းအဓမ္မ အကြမ်းဖက်ဖမ်းဆီးပြီးတော့ သူတို့ရဲ့ စစ်သားဖြစ်အောင် သွတ်သွင်းထား ကြတာမို့လို့ ဒါ ပေါ်တာဆွဲခံရတဲ့ စစ်ကောင်စီတပ်သားတွေက လည်း ပြည်သူတွေပါပဲ ကူညီဖို့ အသင့်ပါပဲ”ဟု ရဲဘော် ဒေဝက ပြောသည်။

ပြည်သူလူထုအား အမျိုးမျိုးဒုက္ခပေးနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းနေရသည့် စစ်မှုထမ်းတပ်သားသစ်များအနေနဲ့ အမြန်ဆုံး အလင်းဝင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

လက်နက်နှင့်အတူ အလင်းဝင်ရောက်လာပါက ထိုက်ထိုက်တန်တန် ချီးမြင့်သွားမည်ဖြစ်ကြောင်း လည်း တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။