Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူရောက်စစ်တပ်ဒုတပ်ရင်းမှူး နှစ်ပါတ်အကြာတွင်AA စနိုက်ပါထိ၍​သေဆုံး

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့အခြေစိုက်သော အမှတ်(၂၁၁)ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဒုတိယတပ်ရင်းမှူးသည် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့သို့ တာဝန်ကျပြီးရက်သတ္တပတ်၂ပတ်အကြာ၌ တိုက်ပွဲမတိုက်ရသေးခင်အာရက္ခတပ်​တော်(AA)၏စနိုက်ဘာထိမှန်ပြီး​သေဆုံးခဲ့သည်။

ဇွန်-၁၆၊၂၀၂၅။အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့အခြေစိုက်သော အမှတ်(၂၁၁)ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဒုတိယတပ်ရင်းမှူးသည် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့သို့ တာဝန်ကျပြီးရက်သတ္တပတ်၂ပတ်အကြာ၌ တိုက်ပွဲမတိုက်ရသေးခင်အာရက္ခတပ်​တော်(AA)၏စနိုက်ဘာထိမှန်ပြီး​သေဆုံးခဲ့သည်။

ခမရ(၂၁၁) ဒုတိယတပ်ရင်းမှူးဗိုလ်မှူးဝင်းသန့်သည်ကျောက်ဖြူမြို့သို့မေလ၂၆ရက်နေ့က လေကြောင်းမှရောက်ရှိခဲ့ပြီး ဇွန်လ ၉ရက်မနက်က ခမရ (၅၄၂)တပ်ရင်းမှူးထံ သတင်းပို့ပြီး အပြန်တွင် စနိုက်ဘာကျည်ထိမှန်ခြင်းဟု သတင်းရရှိသည်။

“၅၄၂ ထဲကအပြန်မှာစောင့်ပစ်တာ။ဘယ်နားလဲတော့ကျတော်မပြောဘူး။ကျောက်ဖြူက စစ်တပ်ရင်းတွေနဲ့ စခန်းတွေကလွဲလို့AAကနယ်မြေစိုးမိုးထားတာပါ”ဟုဒေသခံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

အသက် ၃၉ နှစ်အရွယ်ဗိုလ်မှူးဝင်းသန့်သည်မကွေးတိုင်းထီးလင်းမြို့နယ်မှ ဖြစ်ပြီး ၎င်း၏ဇနီးသည် မြစ်ကြီးနားလေဆိပ်၌ ဝာာဝန်ကျနေသည့် ဒုရဲအုပ်‌ ဒေစီဝင်းဖြစ်သည်။ရုပ်အလောင်းကို လေကြောင်းဖြင့် ပြန်သယ်ခဲ့ပြီးနာရေးကို ခမရ(၂၁၁) အရာရှိရိပ်သာတွင် ဇွန်လ ၁၅ရက်က ပြုလုပ်ခဲ့သည်။

“လင်ရောမယားရောမြစ်ကြီးနားမှဟန်ကျနေတာကနေ ရခိုင်ကို အပြောင်းကျသွားတာ။ ရက်ပိုင်းပဲခံတယ်။ ဖောက်သည်တစ်ယောက်လျော့သွားတာပေါ့”ဟုဗိုလ်မှူးဝင်းသန့်နှင့်ဒုရဲအုပ်‌ဒေစီဝင်းတို့ထံ ရတနာပစ္စည်းရောင်းသူများအနက် မြစ်ကြီးနားမြို့မှ ရတနာရောင်းဝယ်သူတစ်ဦးကပြောသည်။

ဗိုလ်မှူးဝင်းသန့်မသေဆုံးမီ ရက်အနည်းငယ်ကပင် တပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင်သည် ကျောက်ဖြူမြို့တွင် AA၏ စနိုက်ဘာလက်ချက်ဖြင့် သေဆုံးခဲ့သည်။မေလ ၂၇ရက်နေ့က ကျောက်ဖြူမြို့၊ အမှတ်(၃၂)ရဲတပ်ရင်း၏ ကာကင်းစခန်းဖြစ်သောနှမ်းဖဲတောင်စခန်းသိမ်းတိုက်ပွဲ၌ဗိုလ်မှူးချုပ်ကျော်မျိုးအောင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ခြင်းဖြစ်သည်။ မသေဆုံးမီက ဗိုလ်မှူးကြီးအဆင့်ဖြစ်ပြီးသေပြီးမှစစ်​ကောင်စီက ဗိုလ်မှူးချုပ်ရာထူးတိုးပေးခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။

ယခု​သေဆုံးခဲ့​သောဗိုလ်မှူးဝင်းသန့်အားရာထူးတိုးပေးခြင်းရှိမရှိကို မသိရသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလ၂၈ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ သားပေါင်းမြို့နယ်၊ ကျားခေါင်းရွာတွင် တိုက်ပွဲဖြစ်ပွားနေစဉ် သာပေါင်းမြို့မရဲစခန်းမှူးဒုရဲမှူး ဝင်းနိုင်ဦးကို AAက စနိုက်ဘာဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ်သည် စစ်ကောင်စီအရာရှိများ သေဆုံးခြင်းနှင့် အဖမ်းခံရခြင်းတို့အများဆုံးဒေသဖြစ်သည်။‌ရခိုင်ပြည်နယ်တွင်၂၀၂၃ နိုဝင်ဘာလ၁၃ရက်မှ စတင်သည့် ၁၀၂၇စစ်ဆင်ရေးအတွင်း ဗိုလ်မှူးချုပ်လေးဦးကို AAက ဖမ်းမိထားကာ အတည်ပြုနိုင်သော စာရင်းများအရ ဗိုလ်မှူးကြီး၅ဦးထက်မနည်းသေဆုံးခဲ့သည်။ စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုအတည်ပြု၍ မရနိုင်ကြောင်း AAက ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော်(AA)က မြို့သိမ်းတိုက်ပွဲ တိုက်ခိုက်နေသည့် ကျောက်ဖြူမြို့နယ်တွင်စစ်ကောင်စီအရာရှိများ သေဆုံးပြီး အရာရှိအချို့အဖမ်းခံရပြီးနောက်ပိုင်ရှေ့တန်းရောက်စစ်တပ်စစ်ကြောင်းများ ဖရိုဖရဲဖြစ်နေပြီးAA ထံလက်နက်ချအညံ့မှူများရှိနေကြောင်း သတင်းရရှိသည်။

မေ ၃၀ရက်နေ့ညနေ၃ နာရီခန့်ကကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာရှိ စက်မှု၊လက်မှုသင်တန်းကျောင်းအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ တိုင်းစစ်ဦးစီးမှူးဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်အပါအဝင်တပ်မ(၁၁)နှင့်တပ်မ(၉၉)ပူးပေါင်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်၇၀ ဦးထက်မနည်း AAက လက်နက်ချခဲ့ကြကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်စခန်းအပြင် တောင်မော်ကြီးရေတပ်စခန်းနှင့် အုန်းကျွိန်ရေတပ် စခန်းတို့အပြင် ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ အမှတ် (၃၂) ရဲတပ်ရင်းတို့ရှိသည်။

ထို့အပြင် စစ်မှုထမ်းသင်တန်းဆင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များကို အဓိကထားရှိသည့် စစ်​ဆေးရေးဂိတ်များလည်းရှိနေသည်။

AAသည် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ အရှိန်မြှင့်ခဲ့သည်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်းယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က လှုပ်ခတ်​သောစစ်ကိုင်းငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့သည်။

သို့သော်စစ်ကောင်စီကလေကြောင်းမှအင်အားဖြည့်ပြီး AAရှိသည့်နေရာများကို စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများပြင်းထန်နေခြင်းဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။တိုက်ပွဲသတင်းများကို AAက အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသော်လည်း စစ်ကောင်စီ၏ထိုးစစ်များကို ခုခံနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ပြီးခဲ့သည့် ဧပြီလ ၅ ရက်ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်အနီးတိုက်ပွဲဆက်ဖြစ်နေ

သတင်း

ဇာတိကို အလောင်းပြန်မသယ်နိုင်ခဲ့ဘဲ ၉၆ ပါးရောဂါကြောင့်သေဆုံးတာလို့ မိသားစုက နာရေးကြော်ငြာ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook