Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး ပန်းတိုင်ကို မျက်ခြေမပြတ်ရန် PDFရဲဘော်များအား ယာယီသမ္မတ မှာကြား

စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချုပ်ငြိမ်းရေး အတွက် မလျှော့တမ်းတော်လှန်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအနေဖြင့်လည်း ယင်းပန်းတိုင်ကို မျက်ခြေမပြတ်ရန်လိုကြောင်း မှာကြားခဲ့သည်။

NUGယာယီသမ္မတ ဒူဝါလရှီးလသည် ရှေ့တန်းစခန်းတနေရာရှိ PDF ရဲဘော်များကို ၂၀၂၂ မေလ ၂၄ ရက်က သွားရောက် ကြည့်ရှုအားပေးနေစဉ်။ ဓာတ်ပုံ − NUG

မေ ၅၊၂၀၂၅။ထားမြတ်/People’s Spring

စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချုပ်ငြိမ်းရေး အတွက် မလျှော့တမ်းတော်လှန်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအနေဖြင့်လည်း ယင်းပန်းတိုင်ကို မျက်ခြေမပြတ်ရန်လိုကြောင်း မှာကြားခဲ့သည်။

ယနေ့ မေလ ၅ရက်တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်း၌ ယခုကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးဆိုသည်မှာ အနိမ့်အမြင့်၊ အတက်အကျ၊ အချိုးအကွေ့မြောက်များစွာ ရှိကြောင်း ပြောပြသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးခရီးဆိုတာ အစဉ်အမြဲ ချောမွေ့နေတာ မဟုတ်သလို အမြဲတမ်း တသမတ်တည်း ဖြစ်ထွန်းနေတာလည်းမရှိတက်ဘူးဆိုတာ သဘောပေါက်ကြဖို့ ဖြစ်ပါတယ်။ အနိမ့်အမြင့် အတက်အကျ အချိုးအကွေ့တွေမှာ မူလပန်းတိုင်အပေါ် မျက်ခြေမပြတ်ဖို့ လိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

စစ်အာဏာသိမ်းမှုကို တော်လှန်ရန် ပေါ်ထွက်လာသည့် PDF တပ်မတော်သည် လေးနှစ်သာ ရှိသော်လည်း နှစ်ပေါင်း ၇၀ကျော်ကြာ ခေတ်မီလက်နက်များ တပ်ဆင်ထားသည့် စစ်အာဏာရှင် ထောက်တိုင် စစ်ယန္တရားများကို တုန်လှုပ်ခြောက်ခြားစေသည်အထိ စစ်ရေးစစ်ရာများ ကိုင်လှုတ်နိုင်ခဲ့ဟု ယာယီသမ္မတက ပြောကြားသည်။

စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးသည့် စိတ်ထက်သန်ပြင်းပြမှုနှင့် ပြည်သူ့တော်လှန်ရေးအပေါ် ပြင်းပြသည့် ခံယူချက်ကြောင့် အချိန်တိုကာလအတွင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့အမြောက်အများကို ချေမှုန်းတော်လှန်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အဲဒီလို လုပ်နိုင်တာဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အပေါ် ဝိုင်းဝန်းကျေးဇူးပြုမှုကြောင့်လည်း ပါဝင်တာတွေ့ရပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

စစ်မှန်သည့် တော်လှန်ရေးသည်သာလျင် စစ်မှန်သည့် တော်လှန်ရေးအောင်ပွဲများကို ဖန်တီးနိုင်သည်ဟု ယုံကြည်ကြောင်း ပြောသည်။

လေးနှစ်တာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများသည် ပြည်သူလူထု၏ လမ်းညွှန်မှုကို ခံယူပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လေးနက်စွာ လျှောက်လှမ်းခဲ့ဟု ယာယီသမ္မတက ပြောသည်။

ခိုင်မာကျစ်လစ်သည့် အမိန့်ပေးကွပ်ကဲမှုများ ဆက်လက်တည်ဆောက်ကြရမည်ဟု ယာယီသမ္မတက ပြောကြားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဖြစ်တည်မှုကို လေးနက်စွာနားလည်သဘောပေါက်ကြရမည်ဟုလည်း ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့်အလျောက် လက်နက်နှင့်ပတ်သက်သည့် လေးနက်သည့် ခံယူချက် ယုံကြည်ချက်မရှိပါက တိုင်းပြည်နှင့် ပြည်သူ့အတွက် အန္တရာယ်များသည့် အဖွဲ့အစည်းဖြစ်သွားတက်ကြောင်း ပြောသည်။

“ကျနော်အခုပြောတဲ့ အချက်ဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ လူထုလမ်းစဉ် ယှဉ်တွဲနေတဲ့နေရာမှာ ခိုင်မာသော နိုင်ငံရေးအမြင်တရပ်ကို လေးနက်စွာ ခံယူထားရေးကို ပြောနေတာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အခြေခံမူဟာ ပြည်သူကို ကာကွယ်ဖို့ ဖြစ်ပြီး ပြည်သူကို ရန်ပြုဖို့ မဟုတ်ဘူးဆိုတာ လေးလေးနက်နက် ခံယူထားဖို့သာဖြစ်ပါတယ်။ ကျနော်တို့ဟာ ရန်သူကို မီးလိုကျင့်ပြီး ပြည်သူ့အပေါ် ရေလို ကျင့်ဖို့လိုပါတယ်။ ဒါ့အပြင် ကျနော်တို့ဟာ ရန်သူအပေါ် နေလိုကျင့်ပြီး ပြည်သူ့အပေါ် လလို ကျင့်ဖို့လိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ပြည်သူ့လမ်းညွှန်မှု ခံယူသည့် လူထု တော်လှန်ရေးတပ်မတော်တခုဖြစ်သည်ဟု ပြောသည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အရေးတော်ပုံတပ်သားတွေ ကိုင်စွဲထားတဲ့ သေနတ်ပြောင်း၀ဟာ ဘယ်သူ့ဘက်ကို လှည့်ရမလဲဆိုတာကို ပြည်သူက ဒါကို ဆုံးဖြတ်တာဖြစ်ပါတယ်။ ပြည်သူဟာ သေနတ်ပြောင်း၀ လှည့်ရမယ့်ဘက်ကို စီရင်သူဖြစ်တယ်ဆိုတာ မမေ့ကြဖို့လိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။