Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ PDF ဆီ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

(ကနီမြို့နယ်မှာ PDF ဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စက်တင်ဘာ-၂၃၊ ၂၀၂၆။ အိမ်သွင်/ People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

ကနီမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုထဲက တပ်ဖွဲ့ဝင် သုံးဦးနဲ့ မိသားစုဝင်အမျိုးသမီးတစ်ဦးဟာ စက်တင်ဘာလလယ်ပိုင်းမှာ လက်နက်ခဲယမ်းအချို့နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ထွက်ပြေးလာခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

“အလင်းဝင်လာတာက ကျနော်တို့နဲ့ချိတ်ဆက်နိုင်လို့။ သတင်းတွေကြားရသလောက် သူတို့တပ်စွဲထားတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့သူတချို့ရှိတယ်လို့ သိရတယ်။စက်တင်ဘာ၂၀ရက်ကတစ်ယောက်အဲဒီလိုသေဆုံးသွားတယ်လို့သတင်း

Public Service Announcement

Public Service Announcement

အတိအကျပြန်ရတယ်”လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အလင်းဝင်လာတဲ့ လေးဦးမှာ သုံးဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပြီး တစ်ဦးက စစ်တပ်မိသားစုဝင်အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။

ယင်းမာပင်ခရိုင်ထဲမှာ ပါဝင်တဲ့ ကနီမြို့မှာ စစ်တပ်က မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ကနီမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် မတ်လမှာ မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ ၁၁ရက်ကြာတိုက်ပွဲအတွင်း မြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်လို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ အဲဒီကနီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဝင်(၄၇)ဦး သေဆုံးပြီး အလောင်း (၁၁)လောင်း ရရှိခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၁ဦးလည်းကျဆုံးခဲ့ပါတယ်။

လက်ရှိ ကနီမြို့မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို မြို့စောင့်တပ်အနေနဲ့ ထားရှိပြီး ၂နှစ်ကျော်ကြာတဲ့အထိ အိမ်ပြန်ခွင့်မရသေးသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်ကျော်က ကနီမြို့သိမ်းတိုက်ပွဲမှာလည်း သေဆုံးခဲ့တဲ့ စစ်ကောင်စီ အရာရှိ‌တွေနဲ့တပ်ဖွဲ့ဝင်တွေကို စစ်တပ်က စွန့်ပစ်ခဲ့ပြီး မိသားစုဝင်တွေကိုလည်း ထောက်ပံ့ပေးဖို့ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လက်ရှိမှာ ကနီမြို့နယ်အပါအဝင် ယင်းမာပင်ခရိုင်ထဲက ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်ကောင်စီကမကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook