Connect with us

Hi, what are you looking for?

သတင်း

မင်းပြားမြို့နယ်က စွန်ရဲနဲ့ ကြောင်ရှည်ချောင်းရွာ စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၈ဦးထက်မနည်း ဒဏ်ရာရ

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စွန်ရဲနဲ့ ကြောင်ရှည်ချောင်းကျေးရွာတို့ကို ဒီနေ့ စက်တင်ဘာ ၂၈ရက် မနက်ပိုင်း ၇နာရီကျော်မှာ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၈ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စက်တင်ဘာ ၂၀ ရက်က စစ်တပ်ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့တဲ့ ပေါက်တောမြို့နယ် တောင်းဖူးဘုရား။ ဓါတ်ပုံ - AA Info Desk)

စက်တင်ဘာ၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စွန်ရဲနဲ့ ကြောင်ရှည်ချောင်းကျေးရွာတို့ကို ဒီနေ့ စက်တင်ဘာ ၂၈ရက် မနက်ပိုင်း ၇နာရီကျော်မှာ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၈ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေအများအပြားနေထိုင်တဲ့ စွန်ရဲရွာကို ဗုံး ၂လုံး၊ စွန်ရဲကျေးရွာနဲ့ ကပ်ရပ် ကြောင်ရှည် ချောင်းကျေးရွာကို ဗုံး ၁လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

“ စွန်ရဲမှာ ဆေးရုံကိုကျတယ်လို့လည်း ပြောကြတယ်။ အတိအကျ မသိရသေးဘူး။ ဒဏ်ရာရတာ ရှစ်ယောက်က တော့ အတိအကျသိရတယ်။ ဒီထက်လည်း များနိုင်သေးတယ်။ သေတာတွေလည်း ရှိတယ်ကြားပါတယ်။ ကလေး တွေပါတယ်”လို့ ပေါက်တောဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စွန်ရဲကျေးရွာဟာ တိုက်နယ်အဆင့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး မင်းပြားမြို့နယ်ရဲ့အစွန်ဆုံး ပေါက်တောမြို့နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။ အဲဒီစွန်ရဲနဲ့ ကြောင်ရှည်ချောင်းကျေးရွာတို့မှာ ပေါက်တော၊ စစ်တွေစတဲ့ဒေသတွေမှ စစ်ဘေးရှောင်တွေအများအပြား ခိုလှုံနေကြရပြီး စစ်ရှောင်စခန်းလည်း တည်ရှိပါတယ်။

“စစ်ဘက်နဲ့ ပက်သက်တာဆိုရင် တခုမှကို မရှိဘူး ဒီရွာမှာ။ AA စခန်းရှိဖို့မပြောနဲ့ AA ကိုတောင် မမြင်ဖူးဘူး ဒီရွာမှာ”လို့ စွန်ရဲရွာသားတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ မနေ့က စက်တင်ဘာ ၂၇ ရက်မှာလည်း မင်းပြားမြို့ပေါ် စျေးဟောင်းပိုင်းရပ်ကွက်၊ အမ်းမြို့နယ် ဒလက်ချောင်းရှိ အကျဉ်းစခန်းတို့ကို ဗုံးကြဲခဲ့ပြီး မင်းပြားမြို့မှ သက်ကြီးအမျိုးသားတစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ကျောက်ဖြူ – ရမ်းဗြဲအစပ်ရှိ မင်းကြောင်းချောင်းတံတား၊ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရကာ ဘုန်းတော်ကြီးကျောင်းတစ်ခုလုံးလည်း ပျက်စီးသွားခဲ့ပါတယ်။

စစ်တပ်ဟာ စက်တင်ဘာ ၂၅ ရက် မနက်အစောပိုင်းကလည်း ကျောက်တော်မြို့ပေါ်နဲ့အနီးဝန်းကျင်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရိုဟင်ဂျာကလေးငယ်တွေအပါအဝင် ၈ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပါသေးတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အကျအဆုံးများနေကာ တပ်စခန်းတွေ လည်း ဆက်တိုက်လက်လွှတ်နေရတယ်လို့ ဒေသခံဗတွက ပြောပါတယ်။

“စစ်တွေမှာ မနေ့က တိုက်ပွဲတော်တော် ပြင်းတယ်။ တညလုံးလည်း အသံတွေကြားရတယ်။ အဲဒီမှာ သူတို့နာလို့ ဒီဘက်ကို ဗုံးလာကြဲတာထင်တယ်”လို့ ပေါက်တောဒေသခံတစ်ဦးက ဒီနေ့ စက်တင်ဘာ ၂၈ ရက်မနက်မှာ ပြောပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့ အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်ကနေ ဒီကနေ့ စက်တင်ဘာ ၂၈ရက်ထိ ၃ပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ်သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၉ ဦးထက်မနည်း ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

သတင်း

မီးထဲပါသွားတဲ့အလောင်းတချို့ ဆွဲထုတ်မရနိုင်သေးတာမို့ သေဆုံးသူထပ်တိုးနိုင်သေး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

Facebook