စက်တင်ဘာ-၂၈၊၂၀၂၉။အိမ်သွင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စက်တင်ဘာ ၂၇ရက် ညနေက လေပြင်းတိုက်ခတ်လို့ နေအိမ် ၃၀ ကျော် ပျက်စီးခဲ့ပါတယ်။
အင်းလေးဒေသ၊ ငါးဖယ်ချောင်းကျေးရွာအုပ်စု ပျားပင်တောင်ကျေးရွာမှာ ညနေ ၃နာရီခန့်က လေပြင်းတိုက်ခတ်တာပါ။
” တနေကုန် ပူပြင်းနေတာကနေ ညနေမှာ ရုတ်တရက် လေတိုက်တာ။ စစချင်းမပြင်းဘူးထင်တာပါ။ အိမ် ၃၁ အိမ်ပျက်တဲ့အထိ ပြင်းသွားပါတယ်”လို့ ပျားပင်တောင်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
နေအိမ်အများစု အမိုးလံပြီး တိမ်းစောင်းသွားတဲ့ နေအိမ်အချို့ လည်းရှိတယ်လို့ သိရပါတယ်။
ယခုရက်ပိုင်းမှာ ထိုင်းနိုင်ငံဘက်ကနေရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးကြီးပြီး တနင်္သာရီတိုင်းမှာ ရေဘေးနဲ့ မြေပြိုမှုဘေးရင်ဆိုင်နေရပါတယ်။ ရန်ကုန်၊ဧရာဝတီ၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာလည်း နေရာကွက်ပြီးမိုးကြီးနေပါတယ်။ လေပြင်းတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က စက်တင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့မကွေးတိုင်းမှာ မိုးကြီးနိုင်သလို ဒေသအများအပြားမှာ မိုးသက်လေပြင်း အန္တရာယ်သတိပြုဖို့ ထုတ်ပြန်ထားပါတယ်။
အင်းလေးဒေသဟာ ၂၀၂၄ မိုးရွာသီကာလက ထိုင်းနိုင်ငံဘက်ကနေ ရွေ့လျှားလာတဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့်မိုးကြီးပြီး လေပြင်းတိုက်ခတ်တဲ့ဖြစ်စဉ်မှာလည်း ထိခိုက်ပျက်စီးမှုမှုတွေများပြားခဲ့ပါတယ်။ ကျေးရွာ ၁၇၀ခန့် ရေဘေးနဲ့ လေပြင်းဘေးရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေးအကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။


















































