Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး ရေတပ်အတွက် ခေတ်အမီဆုံး ရေငုပ်သင်္ဘော အသစ်ကို လက်ခံရရှိ

အစ္စရေး ရေတပ်အတွက် အကြီးဆုံး၊ ခေတ်အမီဆုံး ရေငုပ်သင်္ဘော အသစ်ဟာ အစ္စရေး ရေတပ်လက်ထဲကို လွှဲပြောင်းရောက်ရှိလာကြောင်း သိရပါတယ်။

ဓာတ်ပုံ - Israel Defense Forces

အစ္စရေး ရေတပ်အတွက် အကြီးဆုံး၊ ခေတ်အမီဆုံး ရေငုပ်သင်္ဘော အသစ်ဟာ အစ္စရေး ရေတပ်လက်ထဲကို လွှဲပြောင်းရောက်ရှိလာကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က Drakonဟာ ဟိုင်ဖာမြို့က ဆိပ်ကမ်းမှာ လာရောက် ဆိုက်ကပ်ထားတာကို တွေ့ရပါတယ်။ ဂျာမနီက သင်္ဘောကျင်း တစ်ခုမှာ တည်ဆောက်ပြီးတဲ့နောက် INS Drakonကို အစ္စရေးဆီ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဟာ ဒေသတွင်းမှာ အင်အားကောင်းတဲ့ ရေတပ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားလာပြီး အဲဒီ ရည်မှန်းချက်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် Drakonကို မှာယူခဲ့တာ ဖြစ်ပါတယ်။

Drakonဟာ အစ္စရေး ရေတပ်ရဲ့ ရှိရင်းစွဲ Dolphin II ရေငုပ်သင်္ဘောတွေကို အကြီးအကျယ် အဆင့်မြှင့်တင်ထားတဲ့ မူကွဲဖြစ်ပါတယ်။ Dolphin IIတွေထက် ကိုယ်အလျားက ပိုရှည်သွားပြီး မီတာ ၇၀ ကျောက်လောက်ထိ ရှိသလို တန်ချိန် ၃၀၀၀ လောက်ထိ လေးလံမယ်လို့ ယုံကြည်ရပါတယ်။ တန်ဖိုးက ယူရို သန်း ၅၀၀ ကနေ ၆၅၀ ကြားလောက် ကျသင့်မယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

ဂျာမနီရဲ့ ThyssenKrupp Marine Systems (TKMS)က တာဝန်ယူ တည်ဆောက်ပေးတဲ့ ရေငုပ်သင်္ဘောဟာ ကနဦး Dolphin IIတွေမှာ မပါဝင်တဲ့ ထောင်လိုက် ဒုံးကျည်ပစ်လွှတ်မှု စနစ်ပါ တပ်ဆင်ထားတယ်လို့ ယုံကြည်ရပြီး အစ္စရေးရဲ့ ပင်လယ်ပြင် အခြေစိုက် စစ်ဆင်ရေး စွမ်းရည်ကို မြှင့်တင်ပေးနိုင်မယ်လို့ နိုင်ငံတကာ လက်နက်ပါရဂူတွေက ယုံကြည်နေပါတယ်။ ပြီးတော့ ရေအောက်မှာ ကာလရှည်ကြာ ငုပ်လျှိုးပြီး တိတ်တဆိတ် စစ်ဆင်ရေး ဆောင်ရွက်နိုင်စွမ်းက Dolphin IIတွေထက် သိသိသာသာ ပိုအားကောင်းလာဖွယ် ရှိပါတယ်။ ရေယာဉ်ရဲ့ အင်ဂျင်ကတော့ အရင် Dolphin II နှစ်စီးလိုပဲ ဒီဇယ်လောင်စာကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ်။

အစ္စရေး ရေတပ်ကတော့ Drakonရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ပါဘူး။ ပင်လယ်နီနဲ့ ဟောမုဇ် ရေလက်ကြား ရေပြင်တွေကို အီရန်နဲ့ မဟာမိတ် ဟိုသီပြောက်ကျားတွေရဲ့ ပိတ်ဆို့မှုကြောင့် ဒေသတွင်း ရေကြောင်းသွားလာမှုဆိုင်ရာ တင်းမာမှု အခြေအနေတွေ ရှိနေချိန်မှာ အစ္စရေး ရေတပ်အတွက် ခေတ်အမီဆုံး ရေငုပ်သင်္ဘော အသစ်ကို လက်ခံရရှိလာတာပါ။

ဒါပေမဲ့ ရေတပ်မှာ စစ်ဆင်ရေးအဆင့် လက်တွေ့ အသုံးပြုမှုတွေ မတိုင်ခင်မှာတော့ လအတော်ကြာအောင် အချိန်ယူ ပြင်ဆင်မှုတွေ လိုအပ်နိုင်ကြောင်းလည်း သိရပါတယ်။

ကိုးကား: Times of Israel

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သီရိလင်္ကာ ကမ်းလွန် ပင်လယ်ပြင်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်မှုဟာ အမေရိကန် လက်ချက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

သီရိလင်္ကာ ကမ်းလွန်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီးအသေအပျောက်တွေလည်းရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ဟာ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော တစ်စီးကို ပထမဆုံးအကြိမ် ပင်လယ်ပြင် လက်တွေ့ စမ်းသပ်မှု အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်ရေး ရေငုပ်သင်္ဘော နည်းပညာ တိုးတက်ရေးအတွက် ရုရှားဆီကနေ မြောက်ကိုရီးယားက အကူအညီတွေ ရရှိနေတယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

Facebook