Connect with us

Hi, what are you looking for?

သတင်း

NUGနဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်း ၅၀၀ စီ ထောက်ပံ့

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

(ပေါက်နဲ့ မြိုင်မြို့နယ်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်း ၅၀၀ စီ ထောက်ပံ့ပေးနေစဉ်။ ဓာတ်ပုံ - KoKo Paing/Fb)

စက်တင်ဘာ-၂၅၊၂၀၂၆။ဖိုးသား/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကြားကာလဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းတို့က လူမှုစီးပွား တာဝန်ယူမှု (CSR) ရန်ပုံငွေမှရရှိငွေကို ပေါက်နဲ့ မြိုင်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ဖို့ သက် ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး တာဝန်ခံတွေနဲ့ ၊ လူသားစာနာတာဝန်ခံတွေကတဆင့် ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်တချို့ကိုလည်းပြန်လည်တည်ဆောက်ပေးဖို့ စတင်နေပြီလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“လောလောဆယ် သုံးအိမ် စဆောက်နေပြီ”လို့ ပခုက္ကူခရိုင် အမှတ်(၆)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒု၀န်ကြီးဒေါက်တာ ငိုင်းတမ်မောင်းဦး‌ဆောင်တဲ့ လူမှုစီးပွားတာဝန်ယူမှုလုပ်ငန်းများ (CSR) ကော်မတီ နဲ့ မကွေးဖက်ဒရယ်ယူနစ် CSR committee တို့ပူးပေါင်းမှုရလာဒ်လို့ ဒေါက်တာရဲထွန်းဇော်က သူ့ရဲ့လူမှုကွန်ယက်ကတဆင့် အသိပေးပါတယ်။

ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ပေါက်နဲ့ မြိုင်အစပ်က ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဝဲဝမ်း (Well-1) နဲ့ ဝဲတူး (Well-2) ရေနံမြေကို ခေတ်အ ဆက်ဆက် အစိုးရကထိန်းချုပ်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ၊ ကန်ထရိုက်စနစ်တွေနဲ့ ရေနံတူးဖော်လုပ်ကိုင်ကြပြီးအာဏာသိမ်းပြီး ၂၀၂၄ နောက်ပိုင်းမှာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ကာ လုပ်ငန်တွေဆက်လည်ပတ်နေတာဖြစ်ပါတယ်။

လက်ရှိ စစ်တပ်တပ်စွဲထားတဲ့ တဲကြီးရွာအပါအ၀င် သုံးလအတွင်း ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခဲ့တာကြောင့်နေအိမ်အလုံး ၅၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ထားပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်အနောက်ခြမ်းကျေးရွာ‌တွေက ပြည်သူ တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အရပ်ဘက်စစ်ရှောင်ကူညီရေးအဖွဲ့တွေရဲ့စစ်တမ်းအရ သိရပါတယ်။

စစ်တပ်စစ်ကြောင်းလှုပ်ရှား‌မှုပေါ်မှုတည်ပြီး ထိတွေတိုက်ပွဲရှိနေကာ စစ်ကြောင်းဆီကလက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook