Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေ ဥကရစ်ထစခန်းကို စတင်ထိုးစစ်ဆင်

ပထအအကြိမ်ထိုးစစ်ဆင်တုန်းက မသိမ်းနိုင်ခဲ့လို့ “သက်ရှိစည်းရိုး”ဆိုပြီးစစ်တပ်ဝါဒဖြန့်ခဲ့တဲ့စခန်းကိုသုံးနှစ်ခန့်အကြာမှာပြန်လည်တိုက်ခိုက်ခြင်းဖြစ်

ဥကရစ်ထ တပ်စခန်းအား ၂၀၂၂က တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ဓာတ်ပုံ−Cobra Column

ဇွန် ၁၁၊ ၂၀၂၅။ကိုဘီဂျီ/People’s Spring

စစ်​ကောင်စီတပ်က လွန်ခဲ့တဲ့ (၃)နှစ်မှာစခန်းမကျ​အောင်ခုခံနိုင်ခဲ့တဲ့ မြန်မာ−ထိုင်းနယ်စပ် စည်းမျဉ်းအနီးက စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့(ဇွန်လ ၁၁ရက်)မှာ နောက်တစ်ကြိမ် စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်တပ်က သက်ရှိစည်းရိုးလို့ အမည်နဲ့ ဝါဒဖြန့်ဇာတ်ကားရိုက်ခဲ့တဲ့ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့​တွေက၂၀၂၂ ဇွန် ၂၆ ရက်မှာပထမတစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။စခန်းရဲ့​နေရာအချို့ကိုသိမ်းပိုက်နိုင်ခဲ့​ပေမယ့်အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး ။

ပထမအကြိမ်ထိုးစစ်ရဲ့ ၃ နှစ်နီးပါးရှိလာချိန်မှာပဲကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေကထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါ​​ကြောင့် ဒီတကြိမ်ထိုးစစ်မှာKNLA ဦး​ဆောင်ပြီး ​တော်လှန်​ရေးအဖွဲ့​တွေပိုစုံလာတာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

“ဥကရစ်ထကတော့ ဒီနေ့စတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဥကရစ်ထရွာဟာ မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ဝေါ်လေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းကြောင်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီရဲ့ အဓိကတပ်စခန်းဟာ ဥကရစ်ထရွာရဲ့ မြောက်ဘက် ရွာလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။

KNLAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြန်မာ−ထိုင်းနယ်စပ်အနီး ဥကရစ်ထတပ်စခန်း တကျောက ဘလယ်ဒို ၊ ကနဲလေး ၊ရွှေအေးမြိုင် (ဝါးမီထ) ၊ ဘုရင့်နောင်၊ မော်ခီး ၊ ​သေ​ဘောဘိုးတပ်စခန်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆက်တိုက် တိုက်ခိုက်သိမ်းယူထားပါတယ်။ ဥကရစ်ထတပ်စခန်း အနီး အရှေ့ဘက်မှာတော့ ဝေါ်လေဗျူဟာစခန်း ကျန်ရှိနေပါသေးတယ်။

ပထမအကြိမ် ဥကရစ်ထတပ်စခန်းသိမ်းပွဲမှာ စစ်ကောင်စီက လေကြောင်းကနေ အသည်းအသန်ကာကွယ်ခဲ့ရပြီး အထိလည်း နာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းအရင်းမြစ် နောက်တစ်ဦးက ပြောပါတယ်။လေကြောင်းကနေ အကြိမ်၁၀၀ကျော် ပစ်ကူပေးခဲ့သလို ၊​မြေပြင်စစ်ကူ​တွေလည်းပို့ခဲ့ရတဲ့ တိုက်ပွဲလို့လည်း သူက ဆိုပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ရက်အတော်ကြာထိုးစစ်ဆင်ခဲ့​ပေမယ့် မသိမ်းပိုက်နိုင်ပဲ တပ်​တွေရုပ်သိမ်းအပြီးမှာတော့ စစ်ကောင်စီက ဥကရစ်ထတပ်စခန်း ပါမသွားလို့ အောင်ပွဲအဖြစ်ကြွေးကြော်ခဲ့ပါသေးတယ်။

ဥကရစ်ထတပ်စခန်းကို ​တော်လှန်​ရေးတပ်​တွေက မသိမ်းပိုက်နိုင်ခဲ့တာ​ကြောင့် စစ်ကောင်စီက ဥကရစ်ထစခန်းကို​အောင်မြင်​အောင်ခုခံကာကွယ်နိုင်တယ်ဆိုပြီး သက်ရှိစည်းရိုးဆိုပြီး စစ်တပ်ဝါဒဖြန့်ဇာတ်ကားရိုက်ကူးခဲ့တာပါ။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ KNU ဟာဌာနချုပ်လုပ်ခဲ့ဖူးတဲ့ မြန်မာ-ထိုင်းနယ်စပ်က မာနယ်ပ​လောစခန်းကိုထိုးစစ်ဆင်သိမ်းပိုက်ပြီး​​နောက်ပိုင်းမှာမြန်မာ-ထိုင်းနယ်စပ်ကစစ်တပ်စခန်း​တွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်​နေတာဖြစ်ပါတယ် ။ KNU/KNLA တပ်မဟာ (၇)မှာ စခန်းအနည်းငယ်ပဲကျန်​တော့သလို ၊ တပ်မဟာ (၆)မှာလည်း ဥကရစ်ထ ၊​ဝေါ​လေဗျူဟာ ၊ထိကပလယ် အပါအဝင် စခန်း ၄ ခုပဲကျန်​တော့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။