Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်များ ဥကရစ်ထစခန်းကိုပိတ်ဆို့ဖြတ်​တောက်ထား၊ ထိုင်းကဂျန်မာဖွင့်ထား၍ ဒရုန်းဖြင့်တိုက်ရန် အခက်​တွေ့

ထီးကပလယ်တပ်စခန်းကိုလည်း ​တော်လှန်​ရေးတပ်များပိတ်ဆို့တိုက်ခိုက်

ဇွန်-၂၂၊ ၂၀၂၅/People’s Spring

မြန်မာ−ထိုင်းနယ်စပ်စည်းမျဉ်းအနီးက စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ဖြတ်တောက်ထားပြီး ထိုင်းစစ်တပ်ကဂျန်မာ(Jammer)တွေဖွင့်ထားတဲ့အတွက်ဒရုန်းတွေနဲ့တိုက်ခိုက်ဖို့အခက်အခဲဖြစ်နေတယ်လို့လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်​ကောင်စီတပ်က လွန်ခဲ့တဲ့ (၃)နှစ်မှာ စခန်းမကျ​အောင်ခုခံနိုင်ခဲ့တဲ့ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ ၁၁ရက်မှာ စတင်ပိတ်ဆို့ထားပြီဖြစ်ပါတယ်။

လက်တလောမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက ဥကရစ်ထတပ်စခန်းကို ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အကုန်လုံးဖြတ်တောက်ထားပြီ။ သူတို့ဘယ်မှ သွားလို့မရတော့ဘူး။တိုက်ပွဲကတော့အကြီးအကျယ်မဖြစ်သေးဘူး။ ဝိုင်းထားတဲ့ အနေအထားပဲ။ စစ်ကူလည်း မလာနိုင်တော့ဘူးလေ။ ရိက္ခာတွေလည်းအကုန်လုံးဖြတ်တောက်ထားပြီ။ သူတို့ဘာနဲ့ပို့မလဲ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါပေမယ့် နယ်စပ်ဖြစ်နေလို့ ထိုင်းစစ်တပ်က ဂျန်မာ(Jammer)တွေ ဖွင့်ပေးထားလို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်မရဖြစ်နေတယ်လို့လည်း ကရင်စစ်ရေးသတင်းမြစ်က ပြောပါတယ်။

“နယ်စပ်ဖြစ်နေတော့ ဖွင့်ပေးထားတာ။ ဟိုဘက်ကဖွင့်ရင်ဒီဘက်မှာညှိတာပဲ။ဒီဘက်ကဒရုန်းလွှတ်လို့မရဘူးပေါ့။ ရမှာပါအချိန်တန်တော့လည်းပြီးသွားမှာပါ။သူတို့ကဘာရိက္ခာမှမရှိရင်ဘယ်လောက်တောင့်ခံနိုင်မလဲ”လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်တပ်က သက်ရှိစည်းရိုးလို့အမည်နဲ့ ဝါဒဖြန့်ဇာတ်ကားရိုက်ခဲ့တဲ့ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့​တွေက၂၀၂၂ ဇွန် ၂၆ ရက်မှာပထမတစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။စခန်းရဲ့​နေရာအချို့ကိုသိမ်းပိုက်နိုင်ခဲ့​ပေမယ့်အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။

ပထမအကြိမ်ထိုးစစ်ရဲ့ ၃ နှစ်နီးပါးရှိလာချိန်မှာဘဲ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက ထိုးစစ်ဆင်ဖို့ စတင်ခဲ့တာပါ။ ဒါ​​ကြောင့် ဒီတကြိမ်ထိုးစစ်မှာ KNLA ဦး​ဆောင်ပြီး ​တော်လှန်​ရေးအဖွဲ့​တွေ ပိုစုံလာတာဖြစ်ပါတယ်။

ဥကရစ်ထရွာဟာမြဝတီမြို့တောင်ဘက်လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့အရှေ့တောင်ဘက် ဝေါ်လေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းကြောင်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီရဲ့ အဓိကတပ်စခန်းဟာ ဥကရစ်ထရွာရဲ့ မြောက်ဘက် ရွာလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။

ဒါ့အပြင် မြဝတီတောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ဖြတ်တောက်ထားပြီး ဒရုန်းတွေနဲ့ဆက်တိုက် တိုက်ခိုက်နေတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

KNLAနဲ့ PDFပူးပေါင်း စစ်ကြောင်းတွေဟာ ထီးကပလယ်တပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၉ရက်က စတင်တိုက်ခိုက်ခဲ့ပါတယ်။

“အရေးပါတာတော့ အကုန်အရေးပါကြတာတွေပဲ။ ဥကရစ်ထကတော့ အဓိကကြတာပေါ့။ သူက ဝေါလေနဲ့ အဓိကဆိုတော့။ အခု စခန်းနှစ်ခုရယ်၊ ဝေါလေရယ်ဆို နယ်စပ်မှာပြီးပြီ မရှိတော့ဘူး”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KNLAနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြန်မာ−ထိုင်းနယ်စပ်အနီး ဥကရစ်ထတပ်စခန်း တကျောက ဘလယ်ဒို ၊ ကနဲလေး ၊ရွှေအေးမြိုင် (ဝါးမီထ) ၊ ဘုရင့်နောင်၊ မော်ခီး ၊ ​သေ​ဘောဘိုးတပ်စခန်းတွေကို အခုဇွန်လပိုင်းအတွင်းက ဆက်တိုက် တိုက်ခိုက်သိမ်းယူထားပါတယ်။

ဒါ​ကြောင့် မြဝတီမြို့​တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်မှာ စစ်​တပ်ရဲ့ ဥကရစ်ထ တပ်စခန်း ၊ထီကပလယ်စခန်း နဲ့ ဝေါလေဗျူဟာစခန်း နဲ့ တိသဲလယ်ကာကင်းစခန်းတို့ပဲကျန်ရှိပါ​တော့တယ်။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ KNU ဟာဌာနချုပ်လုပ်ခဲ့ဖူးတဲ့ မြန်မာ-ထိုင်းနယ်စပ်က မာနယ်ပ​လောစခန်းကိုထိုးစစ်ဆင်သိမ်းပိုက်ပြီး​​နောက်ပိုင်းမှာ မြန်မာ-ထိုင်းနယ်စပ်က စစ်တပ်စခန်း​တွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်​နေတာဖြစ်ပါတယ်။ KNU/KNLA တပ်မဟာ (၇)မှာလည်း စခန်းအနည်းငယ်ပဲကျန်​ရှိပါ​တော့တယ် ။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။