Connect with us

Hi, what are you looking for?

သတင်း

ဖူးခက်က အကျဉ်းခန်းတစ်ခုမှာ မြန်မာအမျိုးသမီးတစ်ဦး အဆုံးစီရင်သွား

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့က ယာယီ ထိန်းသိမ်းရေး အကျဉ်းခန်း တစ်ခုမှာ မြန်မာ အမျိုးသမီးတစ်ဦးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Eakkapop Thongtub

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့က ယာယီ ထိန်းသိမ်းရေး အကျဉ်းခန်း တစ်ခုမှာ မြန်မာ အမျိုးသမီးတစ်ဦးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

ဖူးခက်မှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေးရုံးရဲ့ အချုပ်ခန်းထဲမှာ ဩဂုတ် ၂၂ ရက်နေ့က အသက် ၂၉ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့တာလို့ တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

မထိုက်ဒါလီဆိုတဲ့ အမျိုးသမီးဟာ အကျဉ်းခန်းထဲမှာ အသက်ကင်းမဲ့နေတာကို စစ်ဆေး တွေ့ရှိခဲ့တဲ့နောက် မှုခင်းဆရာဝန်တွေပါ ခေါ်ယူပြီး သေမှုသေခင်း စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို အလောင်းကိုလည်း ရင်ခွဲစစ်ဆေးဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ဒုတိယ ရဲမှူးကြီး ဝီရာယွတ် သာနီဆီရီဆွတ်ခ်ဗိုရာကူလ်က ပြောပါတယ်။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ မနက်အစောပိုင်း ဒေသစံတော်ချိန် ၅ နာရီ ဝန်းကျင်လောက်မှာ မြန်မာ အမျိုးသမီးဟာ သူ့ရဲ့ ဘောင်းဘီကို အချုပ်ခန်း သံတိုင်မှာချည်ရင်း ကြိုးဆွဲချ သေကြောင်းကြံခဲ့တာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရဲမှတ်တမ်းတွေအရ မထိုက်ဒါလီဟာ ဖူးခက်ပြည်နယ် အကျဉ်းထောင်ကနေ ဩဂုတ် ၁၅ ရက်နေ့က လွတ်မြောက်လာတဲ့နောက် သာလန်ရဲတပ်ဖွဲ့က သူ့ကို လက်လွှဲခေါ်ယူပြီး ပါတောင် ရဲစခန်းကို ပို့ဆောင်ခဲ့ကြောင်း၊ အဲဒီနောက် သူ့ကို ထိုင်းနိုင်ငံကနေ နှင်မထုတ်ခင် ဖူးခက် လူဝင်မှု ကြီးကြပ်ရေးရုံး အချုပ်ခန်းထဲ လွှဲပြောင်းပေးထားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မထိုက်ဒါလီ သေဆုံးချိန်က အကျဉ်းခန်းထဲမှာ တခြားအမျိုးသမီး ၂ ဦးလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ သူတို့က မထိုက်ဒါလီ သေကြောင်းကြံမှုကို ဝင်ရောက် တားမြစ်ဖို့ ကြိုးစားခဲ့သလား၊ ဒါမှမဟုတ် အိပ်မောကျနေခဲ့သလား ဆိုတာကိုတော့ ရဲတွေက တိတိကျကျ ထုတ်မပြောပါဘူး။ အမှုကိုတော့ သေကြောင်းကြံစည်မှု အဖြစ်ပဲ စာရင်းသွင်း သတ်မှတ်ခဲ့ပါတယ်။

ကိုးကား: Phuket News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။