Connect with us

Hi, what are you looking for?

သတင်း

ခေါင်လန်ဖူးမှာ စစ်ကောင်စီရဲ့အရေးကြီးတဲ့ ကာကင်းစခန်း၂ခု KIA ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ရဲ့ ကာကင်းစခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

KIA၊PDF ပူးပေါင်းတပ်က ရဲဘော်တွေ တိုက်ပွဲတခုအတွင်းတွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF

အောက်တိုဘာ-၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ရဲ့ ကာကင်းစခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ် ငေါ်ဂျာလရွာက စစ်ကောင်စီ၊ ပြည်သူ့စစ် စခန်းနဲ့ နမ်ချိန်းရွာက စစ်ကောင်စီ၊ပြည်သူ့ စစ်စခန်း ၂ခုကို ယခုရက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ပြောပါတယ်။

” ခေါင်လန်ဖူးမြို့ရဲ့ အရေးကြီး ကာကင်းတွေပါ”လို့လည်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

KIA အနေနဲ့ အခု အောက်တိုဘာလအတွင်းမှာ ခေါင်းလန်ဖူးမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ စစ် စခန်း ၄ခုအထိ သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

စစ်ကောင်စီ တပ်စခန်းတွေ သိမ်းပိုက်နိုင်တာနဲ့ ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်ကောင်စီနဲ့ KIA တို့ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကိုတော့ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ ၂၆ရက်က ပြောထားပါတယ်။

KIAဟာ အောက်တိုဘာ ၂၁ရက်က ခေါင်လန်ဖူးမြု့နယ် လန်ဒမ်းရွာနဲ့ မခေါင်ဒမ်းရွာက တပ်စခန်း ၂ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခု ထပ်မံသိမ်းရတဲ့ စခန်းတွေကိုတော့ အောက်တိုဘာ ၂၇ရက်နဲ့ ၂၈ရက်နေ့မှာ သိမ်းရခဲ့တာလို့ သိရပါတယ်။

KIA နဲ့ စစ်ကောင်စီဟာ ဗန်းမော်နဲ့ ဝိုင်းမော်မြို့မှာလည်း တိုက်ပွဲတွေဆက်ရှိနေပြီး စစ်ကောင်စီက လေကြောင်း လက်နက်ကြီးပစ်ကူပေး တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ KIAထိန်းချုပ်နယ်မြေတွေကိုလည်း လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။

ခေါင်လန်ဖူးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေ စတင်တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ အောက်တိုဘာ ၂၁ရက်မှာ ဆိုရင် တရက်တည်းမှာပဲ KIO/KIA ထိန်းချုပ်နယ်မြေ ၁၁နေရာကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲခဲ့ပါတယ်။ အဲဒီလို ဗုံးကြဲခဲ့တဲ့ နေရာအများစုက လန်ဆယ်ဒေသကရွာတွေဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမဟုတ်ဘဲ ဘုရားကျောင်းတွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပြထားပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲတွေမှာ အထိနာပါက ပြည်သူလူထုနေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုတွေလုပ်ဆောင်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ