Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်ရေးပဋိပက္ခ ပိုကျယ်ပြန့်လာမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ ရုရှားကို အမေရိကန်နဲ့ NATO တောင်းဆို

ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို ပိုမို ကျယ်ပြန့်လာစေမယ့် လုပ်ရပ်တွေကို ရှောင်ရှားဖို့ အမေရိကန်နဲ့ NATO စစ်မဟာမိတ် အဖွဲ့က ရုရှားကို တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို ပိုမို ကျယ်ပြန့်လာစေမယ့် လုပ်ရပ်တွေကို ရှောင်ရှားဖို့ အမေရိကန်နဲ့ NATO စစ်မဟာမိတ် အဖွဲ့က ရုရှားကို တောင်းဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးတို့က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရုရှားကို ရည်ရွယ်ပြီး အခုလို တိုက်တွန်းထားတာ ဖြစ်ပါတယ်။ နယ်သာလန် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ ရူတေးဟာ အီရန်စစ်ပွဲ အရေးနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၂၆ ရက်နေ့တုန်းက ဖလော်ရီဒါမှာ ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ထရမ့်ဟာ မကြာသေးခင်တုန်းက တရုတ်နိုင်ငံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နဲ့လည်း မျက်နှာစုံညီ ဆွေးနွေးခဲ့ပါသေးတယ်။

ဖလော်ရီဒါက တွေ့ဆုံမှုအတွင်း ယူကရိန်းနဲ့ စစ်ရေးပဋိပက္ခကို ပိုမို ကျယ်ပြန့်သွားစေမယ့် လုပ်ဆောင်ချက်တွေကို ရုရှားက ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ မလုပ်ဖို့နဲ့ စစ်ပွဲကို အဆုံးသတ်နိုင်မယ့် အဖြေတွေ အမြန်ဆုံး ရှာဖွေနိုင်ရေးတွေက အရမ်း အရေးကြီးတယ် ဆိုတာကို သဘောတူ လက်ခံခဲ့ကြကြောင်း ထရမ့်နဲ့ ရူတေးရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်မှာ ပူတင်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်မှာတော့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင်တွေက ထရမ့်ကို ဝေဖန်ခဲ့ကြပါတယ်။ အလားတူ ဥရောပ မဟာမိတ်တွေကလည်း မနှစ်မြို့ကြောင်း ပြသခဲ့ပါတယ်။

အမေရိကန်မှာ ထရမ့်အာဏာရလာချိန်ကစလို့ NATOနဲ့ ဆက်ဆံရေးမှာ အက်ကြောင်းတချို့ ထင်လာခဲ့ပြီး ရူတေးကတော့ နှစ်ဖက်ကြားမှာ အဓိက ညှိနှိုင်းပေးသူအဖြစ် ရှိနေပါတယ်။ သူက နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံတယ် ဆိုတာဟာ လုပ်ရိုးလုပ်စဉ် ကိစ္စမျိုးလို့ ပြေရာပြေကြောင်း မှတ်ချက်ပေးထားပါတယ်။

ရူတေးနဲ့ ထရမ့်တို့ဟာ အမေရိကန်ရော၊ NATO အဖွဲ့ဝင် နိုင်ငံအားလုံးမှာပါ ကာကွယ်ရေး အသုံးစရိတ်တွေ မြှင့်တင်နိုင်ရေး ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်-NATO ခေါင်းဆောင်တွေ တွေ့ဆုံမှုမှာ အီရန်စစ်ပွဲဟာ အဓိက ဆွေးနွေးမှု အကြောင်းအရာ ဖြစ်ခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပေမယ့် ဘယ်လို ကိစ္စတွေကို တိုင်ပင်နှီးနှောခဲ့သလဲ ဆိုတာတော့ အသေးစိတ် ပါရှိမလာခဲ့ပါဘူး။

ကိုးကား: Reuters

ဆက်စပ်သတင်းများ