အောက်တိုဘာ-၂၅၊၂၀၂၆။မိထက်/People’s Spring
ဧရာဝတီတိုင်းအတွင်းတိုက်ပွဲတွေမှာ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ စစ်ကားနဲ့ရဲကားတွေကို လှိုင်သာယာမြို့နယ်ရှိ အမှတ်(၉)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှာ ပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။
အမှတ်(၉) ရဲတပ်ရင်းလို့လည်းခေါ်တဲ့အမှတ်(၉)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲဟာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းရဲ့ ကုန်လမ်းဆက်သွယ်ရေးအဓိက ဂိတ်ဖြစ်တဲ့ဒဂုံဧရာအဝေးပြေးကားဂိတ်တွေအနီးမှာ ရှိပါတယ်။ အဲ့ဒီတပ်ထဲမှာပျက်စီးနေတဲ့ ရဲကားအများစုနဲ့စစ်ကားတချို့ကို ပြင်ဆင်နေတယ်လို့ ရဲသတင်းရင်းမြစ်ကပြောပါတယ်။
“တိုက်ပွဲက ပြန်သယ်လာတာတွေ ဒီမှာအကြီးစားပြင်နေရတာတွေပါတယ်။ ဒီကနေပဲ ရှေ့တန်းပြန်ပို့လုပ်နေရတာပဲ။ အလုပ်တွေ ပိုလုပ်နေရတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
အာရက္ခတပ်တော်(AA)ကဂွမြို့နယ်ကို ၂၀၂၄ခုနှစ်ဒီဇင်ဘာလမှာသိမ်းယူပြီးတဲ့နောက်ပိုင်း ဧရာဝတီတိုင်းထဲက မြို့အချို့မှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်။ရွှေသောင်ယံ၊ လေးမျက်မှာ၊ ရေကြည်၊ ငါးသိုင်းချောင်း၊သာပေါင်းမြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လက်ရှိမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတာပါ။
စစ်တပ်ကရွှေသောင်ယံ၊ရေကြည်နဲ့သာပေါင်းမြို့နယ်မှာဘက်ကနေလည်း အင်အားတွေပို့ဆောင်နေပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။စစ်တပ်စစ်ကြောင်းတွေဟာ ဂွမြို့နယ်အတွင်းကို ဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေ နည်းအမျိုးမျိုးနဲ့ထိုးဖောက်ဖို့ကြိုးစားနေတာကြောင့် ရခိုင်-ဧရာဝတီ အစပ် နေရာတွေမှာတိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတယ်လို့ AAက ပြီးခဲ့တဲ့ ဇွန်လကုန်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမယ့်တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေများပြားခဲ့ပြီး လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်နိုင်ခြင်းမရှိပါဘူး။
ဧရာဝတီတိုင်းတိုက်ပွဲအတွက် အမှတ်(၉) ရဲတပ်ရင်းကို စစ်တပ်က အဓိကအသုံးပြုနေပြီ အဲဒီကနေတဆင့် ဧရာဝတီတိုင်းထဲကို လူအင်အားနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေတယ်လို့စုံစမ်းသိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၂၅ရက်ကနေ ၃၁ ရက်အတွင်း ရန်ကုန် -ပုသိမ်လမ်းနဲ့ ရန်ကုန်-ဟင်္သာတလမ်းပိုင်းကတဆင့် စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်(ပစ)တွေတင်ဆောင်သွားတဲ့ စစ်ကားအစီးရေ ၁၀၀ ကျော်အပြင် စစ်တပ်လုံခြုံရေးယူပြီး စက်သုံးဆီတင်ကားတွေလည်း ပို့ဆောင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ အဲဒီကားတွေဟာအမှတ်(၉) ရဲတပ်ရင်းထဲကနေ ထွက်လာတာလို့ မြင်တွေ့သူတွေကပြောပါတယ်။
ရန်ကုန်တ်ိုင်းနဲ့ဧရာဝတီတိုင်းအစပ်မှာ အဓိက စစ် ဆေးရေးဂိတ်သုံးခု ဖွင့်ထားပြီး စစ်ဆေးရေးတင်းကြပ်ထားပါတယ်။ စစ်ကောင်စီက ဒေသအချို့မှာရှိနေတဲ့စစ်ဆေး ရေးဂိတ်တွေကို ပြီးခဲ့တဲ့အောက်တိုဘာလဆန်းမှာ ဖြုတ်သိမ်းခဲ့ပေမယ့် ရန်ကုန်တ်ိုင်းနဲ့ဧရာဝတီတိုင်းကိုချိတ်ဆက်ထားတဲ့အဝေးပြေးလမ်းမတလျှောက်က စစ်ဆေးဂိတ်တွေကို ဖယ်ရှားခြင်းမရှိသေးပါဘူး။
























































