Connect with us

Hi, what are you looking for?

သတင်း

အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေကို ခေါ်ဆောင်လာမှုနဲ့ မြန်မာယာဉ်မောင်းကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေ လိုက်ပါလာတဲ့ ကားတစ်စီးရဲ့ မြန်မာယာဉ်မောင်းကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအဝေးပြေးလမ်း ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေ လိုက်ပါလာတဲ့ ကားတစ်စီးရဲ့ မြန်မာယာဉ်မောင်းကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအဝေးပြေးလမ်း ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပဒုမဌာနီ ပြည်နယ်ထဲက အဝေးပြေးလမ်း တစ်ခုပေါ်မှာ ပစ်ကပ်ကား တစ်စီးကို ရဲတွေက တားဆီး စစ်ဆေးပြီးတဲ့နောက် အထောက်အထားမဲ့ ရွှေ့ပြောင်း ဝင်ရောက်လာသူ ၇ ဦးကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ခလွန်လွမ် ခရိုင်ထဲက ဖာဟွန်ယိုထင် လမ်းမကြီးပေါ်မှာ မသင်္ကာစရာ ကားတစ်စီးကို တားဆီးစစ်ဆေးပြီးတဲ့နောက် အခုလို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ အဲဒီနောက် အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား ယာဉ်မောင်း နေမင်းလတ်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ သူတင်ဆောင်လာခဲ့တဲ့ ရွှေ့ပြောင်း အခြေချသူတွေက အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးဖြစ်ပြီး မြန်မာတွေပဲလို့ သိရပါတယ်။

ရဲတွေက ဘန်ကောက်မှာ မှတ်ပုံတင်ထားပြီး မှန်တွေကို အရောင်ရင့် စတစ်ကာတွေ ဖုံးကွယ်ထားတဲ့ မီးခိုးရောင် Toyota Revo ပစ်ကပ်ကားကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့က တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုတွေနဲ့ ငွေလိမ် (ကျားဖြန့်)ဂိုဏ်းတွေကို ဖြိုခွင်းနေတဲ့ မစ်ရှင် အစိတ်အပိုင်းအဖြစ် အခုလို ဖမ်းဆီးမှုမျိုးကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

စစ်ဆေးမေးမြန်းတဲ့အခါ နေမင်းလတ်က သူဟာ နာခွန်ဆာဝမ်ကနေ အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူ ၇ ဦးကို ဘန်ကောက်ထိ ပို့ဆောင်ပေးဖို့ ရည်ရွယ်ခဲ့ပြီး တစ်ဦးစီအတွက် ခရီးစရိတ် ဘတ် ၁၀၀၀ စီ ကောက်ခံခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ သူက ခရီးသည်တွေမှာ တရားဝင် စာရွက်စာတမ်းတွေ ပါမလာမှန်း ကြိုသိခဲ့ကြောင်း ဝန်ခံပြီး အရင်က အလားတူ ပို့ဆောင်မှု နှစ်ကြိမ် လုပ်ခဲ့ဖူးကြောင်းလည်း ပြောပါတယ်။

ရဲတွေက မြန်မာယာဉ်မောင်းကို ဖမ်းဆီးထားသလို ရွှေ့ပြောင်းအခြေချသူ မြန်မာ ၇ ဦးကိုလည်း ဆက်လက် စစ်ဆေးနေပါတယ်။ စကားပြန်နဲ့ စစ်ဆေးမေးမြန်းမှုတွေအရ သူတို့တွေဟာ နယ်စပ်ကို လှေနဲ့ဖြတ်ကူးပြီး မဲဆောက်ကနေ ထိုင်းနိုင်ငံထဲ ရောက်ရှိခဲ့ကြောင်း၊ ထိုင်းမှာ အလုပ်ရှာဖို့အတွက် အေးဂျင့်တစ်ဦးကို ပမာဏ အတိအကျ မဖော်ပြတဲ့ ငွေပမာဏ ပေးချေခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: Khaosod

ဓာတ်ပုံ – Khaosod

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။