Connect with us

Hi, what are you looking for?

သတင်း

မဘိမ်းမြို့နယ်မှာတိုက်ပွဲဖြစ်လာနိုင်လို့ ဒေသခံ တွေရှောင်တိမ်းဖို့ KIAသတိပေး

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေက ၂၀၂၄ ဇန်နဝါရီလမှ မလိမ်းမြို့ကိုသိမ်းပိုက်ခဲ့စဥ်။ ဓါတ်ပုံ-CJ

မေ-၄၊၂၀၂၆။ရှိန်း/People’s Spring

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

မိုးမိတ်မြို့ကိုစစ်တပ်က တြိဂံ‌ဒေသတိုင်းစစ်ဌာနချုပ်ဘတ်တံဆိပ်ပါစစ်သားတွေလိုက်လာတဲ့ စစ်ကား၂၃စီးအင်အားပို့ပြီးတဲ့နောက် နယ်​မြေချင်းဆက်စပ်​နေပြီး KIA နဲ့ မဟာမိတ်​တွေ သိမ်းပိုက်ထားတဲ့ မဘိမ်းမြို့နယ်မှာတိုက်ပွဲဖြစ်မယ့်သတင်း တွေ ​ဒေသခံ​တွေကြားကျယ်ကျယ်ပြန့်ပြန့်ထွက် နေခဲ့တာပါ။

“တကယ်က သင်္ကြန်တွင်းမှာကတည်းက စစ်တပ်က စစ်ကြောင်းထိုးမယ့်သတင်းတွေလွင့်နေတယ်။အဲဒီနောက် အင်အားပို့တာ တွေရှိတယ်။ဒီရက်ပိုင်းမှာ အဲဒီအင်အားတွေထဲကနေ ၅၀ လောက်ရွာတွေဘက်အင်အားလှည့်ပြတာ မျိုးလည်းရှိတယ်။စစ်တပ်က အင်အားပြတာလည်း ခပ်စိတ်စိတ်ဖြစ်လာတယ်”လို့ ဒေသခံ တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဝါဒဖြန့်တယ်ဘီဂရမ်ချန်နယ်လ်တွေမှာလည်း မဘိမ်းမြို့နယ်တကျောကို အာဏာသိမ်းစစ်တပ်ကတန်ပြန်ထိုးစစ်ဆင်မယ်လို့သတင်း တွေလွှင့်နေတာ တပတ်ခန့်ရှိ‌‌ပါပြီ။

ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း စစ်တပ်ကထိုးစစ်ဆင်လာနိုင်လို့ ဒေသခံတွေကို တိမ်းရှောင်ခိုင်းတာဖြစ်တယ်လို့မေလ ၄ရက် နေ့လည်ပိုင်းမှာ ပြောပါတယ်။ လက်ရှိအချိန်ထိ စစ်ရေးထူးခြားမှုတွေ မရှိသေးပေမယ့် တိုက်ပွဲတွေ ပြင်းထန်လာမယ့်အခြေအနေရှိတယ်လို့ သူက​ဆက်​ပြောပါတယ်။

စစ်တပ်က မိုးမိတ်မှာစစ်အင်အား ၂၀၀၀ ကျော်ဖြည့်တင်းထားပြီး မဘိမ်းကို ပြန်သိမ်းနိုင်ဖို့ ကြိုးပမ်းလာနိုင်လို့ မကြာမီရက်ပိုင်းတွေမှာတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ ကချင်လွတ်လပ်​ရေးတပ်မတော်(KIA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေကို စစ်တပ်ကစစ်ကြောင်းထိုးဖို့စီစဥ်​နေပြီး မဘိမ်း အပြင်ဗန်းမော်၊ရွှေကူမြို့နယ်တွေမှာ စစ်တပ်က စစ်ကြောင်း တွေထိုး နေတာပါ။

မဘိမ်းမြို့ကိုKIAနဲ့ တော်လှန်ရေးပူး ပေါင်းတပ် တွေက ၂၀၂၄ခုနှစ် ၊ဇန်နဝါရီကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။မိုး​မောက်မြို့ကို​တော့ TNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေက ၁၀၂၇ စစ်ဆင်​ရေးဒုတိယပိုင်း ၂၀၂၅ ခုနှစ်မှာသိမ်းပိုက်ခဲ့တာပါ ။ဒါ​ပေမယ့် တရုတ်အစိုးရ ကြားဝင်မှုနဲ့ စစ်တပ်နဲ့ TNLA တို့အပစ်ရပ်ပြီး TNLA ကာမိုးမိတ်နဲ့ မိုးကုတ်ကိုာစစ်တပ်ဆီ ကျည် ၁ ချက်မ​ဖောက်ပဲ ၂၀၂၅ နိုင်ဝင်ဘာလမှာ ပြန်လွှဲ​​ပေးခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။