Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မှာ စစ်တပ်ကြောင်းထိုးလို့ ပြည်သူ တစ်သိန်းခန့်ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

(ဘုတလင်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေါင်းရာဇာ ပင်မသပိတ်စစ်ကြောင်း ဘုတလင်မြို့)

မေ-၂၄၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ရက်က ဒီပဲယင်းမြို့နယ်ရှိ စိုင်ပြင်နယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မုံရွာမြို့မှာရှိတဲ့အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ စိုင်ပြင်

မရောက်မီ ဘုတလင်မြို့နယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါ စစ်တပ်အင်အားတချို့ဟာ ဘုတလင် မြို့နယ်ထဲကို ရောက်ရှိလာပြီး ဘုတလင်မြို့ မြောက်ခြမ်းကို ဦးတည်ကာ အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေကြောင်း၊ စိုင်ပြင်ကို ဆက်

လက် စစ်ကြောင်း ထိုးမယ်လို့ ယူဆကြတဲ့အတွက် ဘုတလင်မြို့နဲ့ စိုင်ပြင်မြို့ ကြားထဲနေထိုင်တဲ့ ပြည်သူ ၁သိန်းနီးပါးထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“စစ်ရှောင်တွေကတော့ များနေတယ်။ တစ်သိန်းနီးပါးလောက်တော့ ရှိမယ်။ စားနပ်ရိက္ခာနဲ့ မိုးကာတော့ လိုပါတယ်။ စစ်ကြောင်းကလည်း အင်အားကလည်း ၄၀၀ နဲ့ ၅၀၀ နီးပါးဆိုတော့ ဘယ်ကိုသွားမလဲမသိတာရယ်၊ မြို့နယ်ထဲပတ်မွှေမယ်လို့ ယူဆတာရယ်၊ စိုင်ပြင်ဘက်ကိုပဲထိုးမလား၊ စိတ်ပူကြတာဆိုတော့ အတော်များများ တမြို့နယ်လုံးနီးပါး ရှောင်ပြေးနေရတဲ့အနေအထားဖြစ်ပါတယ်။”လို့ ဘုတလင်မြို့နယ် သပိတ်အင်အားစုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဘုတလင်မြို့နယ် သပိတ်အင်အားစုအနေနဲ့ စစ်ရှောင် ပြည်သူတွေကို ထမင်းကျွေးတာ၊ ရှေ့တန်းရဲဘော်တွေကို ထောက်ပံ့ကူညီတာတွေ ပြုလုပ်ပေးနေပြီး ကူရမယ့်အရေအတွက်များနေတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ လည်းအကူအညီ​ပေး​နေသူ​တွေက​ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ မေလ ၂၁ ရက်ညက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာကို လေကြောင်းနဲ့ Suicide Drone တွေနဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook