Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်က မြို့နယ်အချို့ နေအိမ်တွေအထိရေဝင်

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ရန်ကုန်မြို့ အလုံမြို့နယ်က နေအိမ်တစ်အိမ်အတွင်း ရေဝင်လာတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Thura Lin/ Fb)

ဇွန်-၅၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စမ်းချောင်း၊ ကြည့်မြင်တိုင် ၊အလုံစတဲ့ မြို့နယ်တွေမှာ နေထိုင်သူတွေက ဇွန်လ ၅ ရက်နံနက် ၂ နာရီလောက်မှာ အိမ်တွေထဲအထိ ရေဝင်တာကြုံခဲ့ရတဲ့အ‌ကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဓာတ်ပုံတွေနဲ့ တင်ထားကြပါတယ်။

“ဒီအခေါက် စမ်းချောင်း မိုးရွာရေကြီးတာအတော်ဆိုးဝါးတယ်။ညသန်း‌ခေါင်ကျော်ကြိး ရေဝင်တဲ့သူတွေအတော်ဒုက္ခတွေ့ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၅ ရက် နံနက် ၁ နာရီလောက်က မိုးသည်းထန်းစွာ ရွာခဲ့တာဖြစ်ပြီး ယခင်က ရေဘေးမကြုံခဲ့ဖူးတဲ့ နေရာတွေမှာပါ ရေကြီးတာတွေ ကြုံခဲ့ရတာလို့ ဆိုပါတယ်။

“ရေဘေး က တော့ မထင်မှတ်ပဲ တရေးနိုး ခံစား ရပီလေ။ ရေလျှံနေတာ က နာဂစ် တုန်း က လိုပဲ အလုံ ရေ။နှစ် ၂၀ နီးပါး အကြာမှာ ဒီလို ပြန်လည် ရေကြီးခြင်း ပါ။” လို့ အလုံမြို့နယ်မှာနေထိုင်သူတစ်ဦးက ဓာတ်ပုံနဲ့အတူတင်ထားပါတယ်။

ကြည့်မြင်တိုင်မြို့နယ်မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး ကွန်ဒိုအဆောက်အဦးတွေရဲ့ ကားပါကင်တွေမှာရေဝင်တာတွေကိုသွားရောက်ကူညီခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

“ညကမိုးများတယ်။ ကြည့်မြင်တိုင်မှာ မြောင်းကရေလျှံလို့ ရေဝင်တာမဟုတ်ဘူး။ အမိုးပေါ်ကကျတဲရေ နောက်ဖေး ကွန်ကရစ်ပေါ်ကျပြီး ရေပြန်စင်တာ။ အဲ့ရေတံခါးကြားကပြန်ဝင်တာတောင် မနည်းခပ်ထုတ်ရတယ်။ ရေတံခွန်လိုပဲ” လို့ ဒေသခံတစ်ဦးကသူကြုံခဲ့ရတဲ့ အတွေ့အကြုံကိုရင်ဖွင့်ထားပါတယ်။

ရန်ကုန်မြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းပြုပြင်မှုတွေ ပြုလုပ်နေကြပေမယ့်လည်း ရေကြီးရေလျှံမှုတွေက တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာခဲ့တာပါ။

ဒီလိုဖြစ်တာက စည်ပင်တွေရဲ့ လုပ်ဆောင်မှုစနစ်မကျတာလည်း ဖြစ်သလို စည်းကမ်းမဲ့ အမှိုက်ပစ်နေသူတွေကြောင့် ကြုံနေရတာလို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့မေလလယ်ကစတင်ကာ အနောက်တောင်မုတ်သုံ‌လေဝင်ရောက်နေပြီး ဒေသများအပြားမှာ နေရာကွက်၍မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းခြင်းတွေ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြု နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA )က သတိ‌ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တာ ၇၉ နှစ်မြောက်အာဇာနည်နေ့ ဒီက​နေ့နံနက် ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့ မှာကား​တွေကရပ်တန့်ပြီး ဟွန်းတီး အ​လေးပြုခဲ့ကြပါတယ်။

သတင်း

ရန်ကုန်မြို့မြို့နယ်အများစုမှာ အာဇာနည်နေ့ နံနက်ပိုင်းက ဖုန်းလိုင်းတွေ တစ်နာရီနီးပါး လိုင်းပြတ်တောက်နေကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်