Connect with us

Hi, what are you looking for?

သတင်း

ဝမ်းရောဂါဖြစ်ပွားနေချိန် ပုဇွန်တောင်မှာ လူတစုက မစင်ထုပ်တွေ လမ်း​ပေါ်ပစ်ချသွား

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

(မစင်ထုပ်ပစ်ချသွားတဲ့​နေရာကို လူမှုကူညီ​ရေးအသင်းက ​ရေဖြင့် ညတွင်းချင်း​ဆေး​ကြော​ပေး​နေကြစဥ်။ဓါတ်ပုံ-KPT)

စက်တင်ဘာ-၁၀၊၂၀၂၆။တာရာ၊​ရောင်နီ/People’s Spring

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ ၉ ရက်ညဦးပိိုင်းမှာကားတစ်စီးနဲ့ လူတစ်စုကမစင်ထုပ်တွေကို လမ်းမပေါ်တွေမှာ ပစ်ချသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

အဆိုပါမစင်ထုပ်တွေကို ညဘက်လမ်းသွားလမ်းလာကားတွေက တတ်ကြိတ်မိတာကြောင့် အနံ့အသက်ဆိုးတွေကို ပတ်ဝန်းကျင်မှာပျံ့နှံ့သွားပါတယ်။

Public Service Announcement

Public Service Announcement

“ဒီလိုလုပ်ရပ်လုပ်တာဟာလူတွေမဟုတ်ဘူး။ ခွေးတွေ။ ဘယ်လောက်ဆိုးတဲ့အခြေအနေလဲ။ မနေ့ကနေလို့တောင်မရဘူး။ နံစော်နေတာ။ပရဟိတကအသင်းကားတွေနဲ့လိုက်ဆေးပေးတာ။တခြားမြို့နယ်ကအသင်းကားတွေလည်းလာတယ်။ဒီလုပ်ရပ်ကအရမ်းကိုမိုက်ရိုင်းလွန်းတယ်”လို့ပုဇွန်တောင်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

ဆိုးရွားတဲ့အနံ့အသက်တွေနဲ့ မစင်တွေကို လူမှုကယ်ဆယ်ရေးကားတွေနဲ့ ရေတွေသုံးပြီး လိုက်လံဆေးကြောသန့်စင်ပေးခဲ့ကြရပါတယ်။

“ရည်ရွယ်ချက်ရှိရှိလား၊မတော်တဆလားမစင်ထုပ်များလမ်းမပေါ် ချသွားတယ်။ကားတွေကတက်နင်းတက်ကြိတ်သွားတော့ လမ်းမပေါ် ပြန့်ကြဲနေရောပဲ။ပတ်ဝန်းကျင်တခုလုံး နံ့စော်ပြီ ညစ်ပတ်နေလို့အသင်းမှ ရေဘောက်ဆာဖြင့်ထွက်ခွါကူညီ”လို့ ကိုပူတူးနှင့်ဘော်ဒါများကရဟိတအဖွဲ့ကတာဝန်ရှိသူကလည်း​ဖေစ်ဘွခ်မှာ​ရေးသားထားပါတယ် ။

ဘောက်ဆာနဲ့ရေဖြန်းပေးချိန်မှာလမ်းထဲကို ရေထဲဝင်မှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရပ်ကွက်ဥက္ကဌကလာရောက်တားမြစ်တာလည်း ကြုံခဲ့ရတယ်လို့သိရပါတယ်။

အများပြည်သူသွားလာနေတဲ့ လမ်းမပေါ်မှာ အညစ်အကြေးထုတ်တွေစွန့်ပစ်တာကအလွန်ယုတ်ညံ့တဲ့ အလုပ်ဖြစ်ပြီး သက်ဆိုင်ရာဌာနတွေ အနေနဲ့ လုပ်သူကို ရှာဖွေ အရေးယူသင့်တယ်လို့ ပြည်သူတွေက မှတ်ချက်ပြုထားကြပါတယ်။ CCTV က​နေ ဘယ်သူ​တွေလုပ်တယ်ဆိုတာ ရှာ​ဖွေသင့်တယ်လို့လည်း​ရေးသား​နေကြပါတယ်။

ဒါ့အပြင် ဝမ်းရောဂါတွေ ပြန့်နှံ့နေတဲ့ ကာလမှာ ဒီလိုလုပ်ရပ်ကို လုပ်ဆောင်တာက ရောဂါပိုးပြန့်ပွားစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ဒါကြောင့် စည်ပင်အနေနဲ့ အဲဒီ့နေရာကို ပိုးသတ်ဆေးဖြန်းတာတွေ ပြုလုပ်ဖို့ တိုက်တွန်း​နေကြပါတယ်။

ပုဇွန်တောင်မြို့နယ်မှာဝမ်းရောဂါနဲ့သေဆုံးသူတစ်ဦးရှိခဲ့သလို သြဂုတ်လမှာ ဝမ်း​ရောဂါဖြစ်ပွားတဲ့မြို့နယ်​တွေထဲလည်းပါဝင်ပါတယ်။

ဝမ်းရောဂါဖြစ်ပွားနေချိန် အခုလိုလုပ်ရပ်ဟာ ရောဂါကူးစက်အောင် ဝမ်းပိုးကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာဖြစ်နိုင်တယ်လို့ အနီးနေထိုင်သူတွေကပြောပါတယ်။

ရန်ကုန်မှာ ဝမ်းရောဂါဖြစ်ပွားသူဦးရေဟာ ၂၀၀၀ နီးပါးရှိနေပြီး သေဆုံးသူကလည်း ၁၀ ဦးထက်မနည်းရှိနေတယ်လို့ ​အမည်မဖော်လိုသူကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

စစ်ကောင်စီအောက်ကျန်းမာရေးဝန်ကြီးဌာနကတော့ သတင်း​တွေကိုထိန်းချန်ထားပြီးဝမ်းရောဂါကို ထိန်းချုပ်နိုင်ပြီလို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ယမန်​နေ့ကမိုးများပြီးရေကြီးနေချိန် ကလေးငယ် ၁ဦး ရေမြောင်းထဲ မျောပါပျောက်ဆုံးသွားကြောင်း ဒေသခံတွေက ပြော​ပါတယ်။

သတင်း

စက်တင်ဘာ ပထမပတ်အတွင်းမှာ ရန်ကုန်မြို့ရဲ့ မြို့နယ်တွေကနေ စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံရတဲ့ လူငယ် ၂၀ ကျော် အထိရှိနေတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို တင်ပေးနေတဲ့ Scout Channel တွေက ဖော်ပြထားပါတယ်။