Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ်တိုက်ပွဲ ကျဆုံးခဲ့တဲ့ PDF ရဲဘော်တွေအတွက် ဝမ်းနည်းကြောင်း စဉ့်ကိုင်ပကဖ သေနတ်ဖောက် အလေးပြု

မကွေးတိုင်း၊ ချောက်မြို့နယ် တောင်သာကျေးရွာအနီး တိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို သေနတ်ပစ်ဖောက် အလေးပြုပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ် တောင်သာကျေးရွာအနီး တိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို သေနတ်ပစ်ဖောက် အလေးပြုပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၀ရက် မနက်က ချောက်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို ခုခံတိုက်ခိုက်တဲ့ PDF ရဲဘော်တွေ ထိခိုက်ကျဆုံးမှု များခဲ့ရတာဖြစ်ပါတယ်။

” အဲဒီ ဖြစ်စဉ်အတွက် ကျနော်တို့ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် များစွာ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျနော်တို့ အဖွဲ့အနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးတဲ့အချိန်ထိ တိုက်ပွဲဝင်သွားပါမည်ဟု ကျဆုံးသွားသော ရဲဘော်များကို ကတိသစ္စာပြုအပ်ပါတယ်” လို့ စဉ့်ကိုင်ပကဖ တာဝန်ရှိသူ က ရုပ်သံမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ချောက်မြို့နယ်တိုက်ပွဲမှာ ကျဆုံးရဲဘော် ၂၀ ရှိခဲ့ရာ ရဲဘော်အများစုဟာ ဖမ်းဆီးခံရပြီး စစ်တပ်ရဲ့ သတ်ဖြတ်မှုခံခဲ့ရတာလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ချောက်မြို့နယ်တိုက်ပွဲအတွင်းကျဆုံးရဲဘော်တွေအတွက် စဉ့်ကိုင်ပကဖမှ ရဲဘော်တွေက PDF အလံကို အလံတိုင် တဝက်ချကာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ် အလေးပြုခဲ့ပါတယ်။

“ကျွန်တော်တို့ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေနဲ့ မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင် စနစ် အမြစ်ပြတ်တဲ့အထိ တော်လှန်သွားမယ်လို့ ကျဆုံးသွားတဲ့ ရဲဘော်၊ ရဲဘက်တွေ တွေကို တိုင် တည်ကတိသစ္စာပြုပါတယ်” လို့ စဉ့်ကိုင်ပကဖရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ချောက်မြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေလို့ PDF တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ စစ်တပ်က အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာ အရပ်သားတွေကိုပါ ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်နေလို့ ဒေသတွင်း ရွာတွေက ပြည်သူတွေလည်း ဘေးကင်းမယ်လို့ ယူဆရတဲ့နေရာတွေကို စစ်ဘေးရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်၊တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ မကွေးခရိုင် မှ ကျဆုံးရဲဘော် အာဇာနည်များအား ဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်က ၁၀ ဦး သေဆုံးပြီး ဒရုန်းနဲ့လက်နက်ခဲယမ်းတချို့ သိမ်းရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ဒီကနေ့ ဇူလိုင် ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက် ပ.က.ဖ )က ဒီကနေ့ ဇွန်လ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဇွန် -၂၂၊ ၂၀၂၆။ ထားမြတ်၊မိုမို/People’s Spring မကွေးတိုင်း၊ ချောက်မြို့နယ်လမ်းပိုင်း တနေရာမှာ စစ်တပ်လက်အောက်ခံ ဂွေပင်စခန်းမှူးလိုက်ပါလာတဲ့ကား တိုက်ခိုက်ရာ စခန်းမှူး သေဆုံးပြီး နယ်ထိန်းရဲ ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ရက် မနက်အစောပိုင်းက ချောက်မြို့နယ်...