Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ်ရှိ နရွဲတောရွာကိုစစ်တပ်ကဒုတိယအကြိမ်မီးရှို့

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

နရွဲတောရွာ တည်နေရာပြမြေပုံ

သြဂုတ် – ၅ ၊၂၀၂၆ /People’s Spring

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

အခုလဆန်းပိုင်းသြဂုတ်လ ၂ ရက်ညနေပိုင်းက အင်အား ၂၀၀ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ နရွဲတော ရွာကိုပစ်ခတ်ဝင်ရောက်ပြီး မီးရှို့တာပါ။

“စစ်ကြောင်းဝင်တော့မယ်ဆိုကတည်းကတစ်ရွာလုံးထွက်ပြေးကြရတာဆိုတော့ အိမ်ဘယ်နှစ်လုံးကျန်သလဲတော့ မသ်ိရသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ခြေ ၃၀၀ ကျော်ဝန်းကျင်ရှိတဲ့ နရွဲတောရွာ အခုတစ်ကြိမ် မီးရှို့ခံရတာကဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းမှာ ပထမအကြိမ် မီးရှို့ခံခဲ့ရတာပါ။

နရွဲတောရွာကိုမီးရှို့ခဲ့တဲ့စစ်ကြောင်းဟာအဲဒီရွာရဲ့တောင်ဘက်ခြမ်းမှာရှိတဲ့ရွာမရွာဆီဒီနေ့ (သြဂုတ်လ ၅ ရက်) မနက်ပိုင်း မှာဝင်ရောက်သွားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းနဲ့မကွေးတိုင်းအစပ်မြန်မာနိုင်ငံအလယ်ပိုင်းကရွာတွေကို အခုနှစ်ဇူလိုင်လနောက်ဆုံးအပတ်ကစတင်ပြီးစလေမြို့အခြေစိုက် အမှတ်( ၄၁၆)ခြေမြန်တပ်ရင်းကအင်အားရာဂဏန်းသုံးပြီး စစ်ကြောင်းထိုးနေတာပါ။

အဲဒီစစ်ကြောင်းကြောင့် ကတိုင်(တောင်၊မြောက်)ရွာ၊ လင်းတကိုင်၊ ဆည် ကန်၊ သစ်လှ၊ ကျွဲတပ်၊ နရွဲတော စတဲ့ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံသောင်းဂဏန်းခန့်ဟာနီးစပ်ရာတောတိုက်နဲ့ရွာတွေဘက် ထွက်ပြေးတိမ်းရှောင်ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။