Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်က မြေပြိုမှုကြောင့် သေဆုံးသူ ၁၁ ဦးရှိလာ၊ ပျောက်ဆုံးနေသူ ၅၀ အတွက်လည်း မျှော်လင့်ချက် မရှိတော့

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအပြီး သေဆုံးသူဦးရေ ထပ်တိုးလာနေပြီး လူပေါင်း ၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအပြီး သေဆုံးသူဦးရေ ထပ်တိုးလာနေပြီး လူပေါင်း ၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေအပြီး ချုံချင်းပြည်နယ်ထဲက ပန်ရှူခရိုင်မှာ ဇူလိုင် ၁၇ ရက်နေ့တုန်းက ဆိုးရွားတဲ့ မြေပြိုမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တောင်စောင်းကနေ ကျောက်တုံးတချို့ စတင် လိမ့်ဆင်းလာတာကို သတိပြုမိတဲ့အတွက် ဒေသခံတွေကို ရွှေ့ပြောင်းပေးနေတုန်းမှာပဲ လူနေဧရိယာအပေါ် ရွှံ့နွံတွေ၊ ကျောက်တုံးကြီးတွေ ဒလဟော ပြိုကျခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်တဲ့ နေရာဟာ ပြည်နယ်မြို့တော် ချုံချင်းကနေ ကီလိုမီတာ ၂၇၀ လောက် ကွာဝေးပြီး သဘာဝ တောတောင်ရှုခင်း အလှအပတွေကြောင့် ထင်ရှားတဲ့ ဧရိယာတစ်ခု ဖြစ်ပါတယ်။

မြေပြိုမှုတွေအတွင်း လူနေအဆောက်အအုံ အများအပြား ပိမိခဲ့သလို လုံးဝဥဿုံ ပြိုကျပျက်စီးသွားတာတွေလည်း ရှိခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေကတော့ တစ်ပတ်လောက် ကြာမြင့်ပြီးချိန် ပျောက်ဆုံးနေသူတွေ အတွက်လည်း မျှော်လင့်ချက် မရှိနိုင်တော့ဘူးလို့ ဝန်ခံပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက သေဆုံးသူ ဦးရေကို ၈ ယောက်လို့ ကြေညာထားခဲ့ပေမယ့် ဇူလိုင် ၂၃ ရက် ညနေပိုင်းထိ အခြေအနေအရ အလောင်း ၁၁ လောင်းထိ ရှာတွေ့ထားပါပြီ။ ပျောက်ဆုံးနေသူ ၅၀ လောက် စာရင်းရထားပြီး ဒဏ်ရာရသူကတော့ ၁၀ ဦးရှိခဲ့ကြောင်း အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကနဦး ကာလတွေတုန်းကတော့ အပျက်အစီးပုံတွေအောက်မှာ အသက်ရှင်ကျန်သူတွေ ရှိနိုင်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ခဲ့ပေမယ့်လည်း အခုတော့ မြေအောက်ကနေ ဘယ်လို လှုပ်ရှားမှုမျိုးကိုမှ မထောက်လှမ်းမိတော့ပါဘူး။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရှာဖွေရေး မစ်ရှင်ဆီ စတင်ကူးပြောင်း အကောင်အထည် ဖော်နေပြီလို့လည်း ဆိုပါတယ်။

ကျွမ်းကျင်သူတွေဟာ ပျောက်ဆုံးနေသူတွေရဲ့ ကြွင်းကျန် ရုပ်အလောင်းတွေ ရှာတွေ့နိုင်ဖို့ အပူတပြင်း ဆက်လက် ကြိုးစားနေဆဲလို့လည်း သိရပါတယ်။

ပိတ်မိနေသူတွေထဲမှာ အသက်ရှင်သူ မရှိနိုင်လောက်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့နောက် ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရုပ်အလောင်းတွေ ရှာဖွေရာမှာ အတားအဆီး ဖြစ်နေတဲ့ ကျောက်တုံးကြီးတွေကို စတင်ဖောက်ခွဲပစ်နေပါတယ်။

တရုတ်ဟာ ကမ္ဘာပေါ်မှာ မြေပြိုမှု အန္တရာယ်တွေ အဆိုးဆုံး ကြုံရတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုဝန်းကျင် ကာလအတွင်း တရုတ်မှာ အကြီးစား မြေပြိုမှုကြီး ၅ ခုထက်မနည်း ဖြစ်ခဲ့သလို သေဆုံးသူ ၃၀၀ နီးပါး ရှိခဲ့ပါတယ်။

အဆိုးဆုံး တစ်ခုကတော့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းက နိုင်ငံတောင်ပိုင်းက နည်းပညာ ရပ်ဝန်းလို့ တင်စားခံရတဲ့ ရှန်ဇန်းမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် စွန့်ပစ်ပစ္စည်းတွေ စုပုံထားရာ မြေစာပုံ တောင်ပို့ကြီး ပြိုကျခဲ့တာဖြစ်ပြီး လူပေါင်း ၇၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ပစိဖိတ် သမုဒ္ဒရာ တောင်ပိုင်းရေပြင်မှာ တရုတ်က နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့တဲ့အပေါ် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ညီလာခံ တက်ရောက်လာချိန်မှာ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက ကန့်ကွက် ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံရဲ့အဂတိကိစ္စတွေကိုစုံစမ်းဖော်ထုတ်ခဲ့တဲ့တရုတ် ဂျာနယ်လစ် တစ်ဦးကို အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးဖို့ တရုတ်က ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း သိရပါတယ်။