– သီဟံ ရေးသားသည်။
ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ဘန်းဟမ်းဟာ အင်္ဂလန်မြောက်ပိုင်း လစ်ဗာပူးလ်မြို့အနီးမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ကန်းဘရစ်ချ် (Cambridge) တက္ကသိုလ်မှာ အင်္ဂလိပ်စာပေကို လေ့လာခဲ့ပါတယ်။ လူငယ်ဘဝကတည်းက အလုပ်သမားပါတီ (Labour Party) နဲ့ ဆက်နွယ်ပြီး သုတေသနအရာရှိ၊ နိုင်ငံရေးအကြံပေးအဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။
၂၀၀၁ခုနှစ်မှာတော့လေး(Leigh)မဲဆန္ဒနယ်ကနေလွှတ်တော်အမတ်အဖြစ်ရွေးချယ်ခံရပြီး နိုင်ငံရေးအတွေ့အကြုံတွေတဖြည်းဖြည်း စုဆောင်းလာခဲ့ပါတယ်။နောက်ပိုင်းမှာဂေါ်ဒွန်ဘရောင်းအစိုးရလက်ထက်ကျန်းမာရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီးအလုပ်သမားပါတီရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တဦး ဖြစ်လာခဲ့ပါတယ်။

Public Service Announcement
ဒါပေမယ့် ဘန်းဟမ်းရဲ့ လူထုထောက်ခံမှု အများဆုံးရရှိခဲ့တဲ့ အချိန်ကတော့ မန်ချက်စတာဒေသမြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့တဲ့ ကာလဖြစ်ပါတယ်။ သူဟာ လန်ဒန်ဗဟိုပြု နိုင်ငံရေးစနစ်အတွင်း မြောက်ပိုင်းဒေသတွေ ပိုမိုအာရုံစိုက်ခံရဖို့ တောင်းဆိုခဲ့ပြီး ဒေသခံတွေရဲ့ အသံကို ထောက်ခံပေးသူအဖြစ် လူသိများလာခဲ့ပါတယ်။အဲဒီအတွက်ကြောင့်ပဲတချို့က သူ့ကို “မြောက်ပိုင်းရဲ့ ဘုရင်” လို့တောင် ခေါ်ဆိုခဲ့ကြပါတယ်။
အခုတော့ ကီးယားစတာမာ(Keir Starmer)ရဲ့ နေရာကို ဆက်ခံပြီး ဗြိတိန်ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါပြီ။ဘန်းဟမ်းကတော့ သူ့အစိုးရဟာ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း အကြီးမားဆုံး ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ ကတိပေးထားပါတယ်။
သူ့ရဲ့ ပထမဆုံးလုပ်ဆောင်ချက်တွေထဲမှာ လူအများဝေဖန်ခဲ့တဲ့ တစ်နိုင်ငံလုံးဒီဂျစ်တယ်အိုင်ဒီ (Digital ID) စီမံကိန်းကို ရပ်ဆိုင်းခြင်း၊ စီးပွားရေးလုပ်ငန်းတွေအပေါ် ကောက်ခံတဲ့ အခွန်တချို့ကို လျှော့ချပေးခြင်း နဲ့ လူနေမှုစရိတ်ကြီးမြင့်မှုကို သက်သာစေဖို့ အစီအစဉ်တချို့ ပါဝင်ပါတယ်။
ဒါပေမယ့် သူ့ရဲ့အဓိက ၁၀ နှစ်စာဖွံ့ဖြိုးရေးအစီအစဉ်အသေးစိတ်ကိုတော့ဆောင်းဦးရာသီမှာမှ ထုတ်ပြန်မယ်လို့ ဆိုထားပါတယ်။
ဝန်ကြီးအဖွဲ့ဖွဲ့စည်းရာမှာလည်း ဘန်းဟမ်းဟာ ပါတီအတွင်း အုပ်စုအသီးသီးကို ချိန်ညှိဖို့ ကြိုးစားခဲ့ပါတယ်။စတာမာအစိုးရလက်
ထက်က အသုံးစရိတ်ကိစ္စကြောင့် အငြင်းပွားခဲ့ဖူးသူဂျွန်ဟီးလီး (John Healey)ကို အံ့အားသင့်ဖွယ် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သလို၊ လက်ဝဲယိမ်းသဘောထားရှိတဲ့ အက်ဒ်မီလီဘန်း(Ed Miliband)ကိုနိုင်ငံခြားရေးတာဝန်ပေးခဲ့ပါတယ်။ အိမ်ရာအခွန်ကိစ္စနဲ့ ပတ်သက်ပြီး အရင်က နှုတ်ထွက်ခဲ့ဖူးတဲ့ အိန်ဂျလာရေးနား (Angela Rayner)ကိုလည်း အိမ်ရာရေးရာ ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခဲ့ပါတယ်။
သို့သော် ဘန်းဟမ်း အာဏာရလာတဲ့ အချိန်ဟာ ကမ္ဘာ့အခြေအနေတွေ တည်ငြိမ်တဲ့ကာလ မဟုတ်ပါဘူး။
သူ ဝန်ကြီးချုပ်ဖြစ်လာတဲ့နေ့မှာပဲ ရုရှားစစ်သင်္ဘောတစ်စီးဟာ အင်္ဂလန်တောင်ပိုင်း ပလီးမတ်သ်ကမ်းလွန် ၇၄ ကီလိုမီတာအကွအဝေးသို့ ရောက်ရှိလာကာကျည်ဆန်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။ရုရှားဘက်ကတော့ ဒါဟာရန်စမှု မဟုတ်ကြောင်းပြောဆိုခဲ့ပါတယ်။
တစ်ဖက်မှာလည်းယူကရိန်းစစ်ပွဲ၊အရှေ့အလယ်ပိုင်း ပဋိပက္ခတွေ၊ အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုတွေ၊ အီရန်နဲ့ ပတ်သက်တဲ့ တင်းမာမှုတွေကြောင့် ကမ္ဘာ့နိုင်ငံရေးဟာ မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
ဒီလိုအချိန်မှာ ဗြိတိန်ကို ဦးဆောင်ရတာဟာ ဘန်းဟမ်းအတွက် အကြီးမားဆုံး စမ်းသပ်မှုတစ်ခု ဖြစ်လာမှာပါ။
နိုင်ငံရေးအပြင် အားကစားလောကမှာလည်း အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်နေပါတယ်။ စပိန် အသင်းက အာဂျင်တီးနားကို ၁-၀နဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာခဲ့သလို၊ ဗြိတိန် ပြေးခုန်ပစ်သမား ဂျို့ရှ် ကား (Josh Kerr) ကလည်း မိုင် ၁ ပြေးပွဲမှာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဒီလိုနိုင်ငံရေး၊ စီးပွားရေးနဲ့ ကမ္ဘာ့ရေးရာ စိန်ခေါ်မှုတွေ တပြိုင်နက်တည်း ရှိနေတဲ့အချိန်မှာ အင်ဒီ ဘန်းဟမ်းရဲ့ ဝန်ကြီးချုပ်သက်တမ်းသစ် စတင်လာခဲ့တာ ဖြစ်ပါတယ်။သူ့အတွက် အရေးကြီးဆုံး စမ်းသပ်ချက်ကတော့ ကတိပေးထားတဲ့ “ပြောင်းလဲမှု” တွေကို လက်တွေ့ဘဝမှာ ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။
ကိုးကား -The Economist
















































