Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်က မြေပြိုမှုကြောင့် သေဆုံးစာရင်း ၅၀ ကျော်ထိ မြင့်တက်လာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

ဓာတ်ပုံ - AFP

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

ဇူလိုင် ၁၇ ရက်နေ့တုန်းက ချုံချင်း ပြည်နယ်ထဲက ပန်ရှူခရိုင်မှာ မြေသားနဲ့ ကျောက်တုံးတွေ ပြိုကျမှုကြောင့် လူနေဧရိယာတွေ ထိခိုက်ပျက်စီးပြီး အသေအပျောက်တွေလည်း ရှိခဲ့တာပါ။ တောင်ခြေ ရပ်ကွက်တစ်ခုဆီကို ကျောက်တုံးတွေ လိမ့်ကျလာတာကို တွေ့ရှိတဲ့နောက် ဒေသခံတွေကို အပူတပြင်း ရွှေ့ပြောင်းပေးနေချိန်မှာပဲ အကြီးစား မြေပြိုမှုကြီး ဖြစ်ခဲ့တာပါ။

အခုဆိုရင် နှစ်ပတ်လောက် ကြာမြင့်လာပြီ ဖြစ်ပြီး သေဆုံးသူ အရေအတွက်ကလည်း ဇူလိုင် ၃၀ ရက်နေ့ ညပိုင်းမှာ ၅၁ ဦးထိ များပြားလာပါတယ်။ ကျောက်တုံးကြီးတွေ ပြိုကျလာချိန်မှာ အိမ်တွေကို အနီးမှာရှိတဲ့ မြစ်ထဲ မျောပါသွားစေခဲ့တာကြောင့် ပျောက်ဆုံးနေသူတွေကို ရေအောက်မှာပါ ရေငုပ်သမားတွေနဲ့ လိုက်ရှာနေရပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဖယ်ရှားဖို့ မလွယ်တဲ့ ဧရာမ ကျောက်တုံးကြီးတွေကို နေရာမှာတင် ဖောက်ခွဲပြီး သယ်ထုတ်နေတာကြောင့်လည်း မြေပြိုထားတဲ့ နေရာမှာ ပေါက်ကွဲသံတွေ ဆူညံနေပါတယ်။

Public Service Announcement

Public Service Announcement

ဆိုးရွားလှတဲ့ အခြေအနေကြီး ကြုံခဲ့ပေမယ့် လူပေါင်း ၁၁၀၀ ကျော်ကို ဘေးလွတ်ရာဆီ အန္တရာယ်ကင်းကင်း ပို့ဆောင်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဒါ့အပြင် မြေပြိုမှု အပြီးမှာ ၁၀ ဦးကို ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ပြီး ၃ ဦးက ဆေးရုံတက်ခဲ့ရပေမယ့် အခုတော့ အားလုံး ဆေးရုံ ဆင်းသွားပြီလို့လည်း သိရပါတယ်။

အခုအခါမှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အသက်ရှင် ကျန်သူတွေကို ကယ်ဖို့ထက် ရုပ်အလောင်းတွေကို ရှာဖွေဖို့ ဦးစားပေး ရည်မှန်းချက် ပြောင်းလဲ အလုပ်လုပ်နေကြပါတယ်။ အဲဒီနေရာ တဝိုက်မှာ ကယ်ဆယ်ရေးလုပ်သား ၁၀၀၀ ကျော် ဖြန့်ကျက်ထားပါတယ်။ ပျောက်ဆုံးနေသူတွေကို သေဆုံးစာရင်းထဲ မသွင်းသေးပေမယ့်လည်း အခင်းဖြစ်တဲ့ နေရာမှာ အသက်ရှင်ကျန်သူ ရှိနိုင်တဲ့ အရိပ်အယောင် လုံးဝ မမြင်ရတော့ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ် ကတည်းက ကယ်ဆယ်ရေးတွေက မှတ်ချက်ပေးထားပါတယ်။

ဒေသ အုပ်ချုပ်ရေး အာဏာပိုင်တွေက သေဆုံးသူ၊ ပျောက်ဆုံးသူတွေရဲ့ မိသားစုတွေကို နှစ်သိမ့်ဖို့၊ အားပေးဖို့၊ ပြန်လည်ထူထောင်ရေး အကူအညီတွေပေးဖို့ စနစ်တကျ လုပ်ဆောင်နေကြောင်း ပြောပါတယ်။

အဲဒီဖြစ်ရပ် မတိုင်ခင် နှစ်ပတ်လောက်တုန်းကလည်း တရုတ် အနောက်မြောက်ပိုင်း ဂန်ဆုပြည်နယ်မှာ နောက်ထပ် မြေပြိုမှုတစ်ခု ဖြစ်ပြီး လူ ၃၃ ဦး အပျက်အစီးတွေအောက် ပိတ်မိခဲ့ပါတယ်။ အဲဒီထဲက ၂၁ ဦးကတော့ အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။