Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂရိတောမီးကို ငြှိမ်းသတ်ဖို့ ကြိုးစားရင်း ရဟတ်ယာဉ်တွေ တိုက်မိတာကြောင့် ၂ ဦးသေဆုံး

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဂရိဟာလည်း တချို့ ဥရောပ နိုင်ငံတွေနည်းတူ တောမီးတွေ ဆိုးဆိုးရွားရွား ပျံ့နှံ့ ကူးစက်မှု ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဩဂုတ် ၂ ရက်နေ့က အေသင်မြို့ အနောက်ဖက် ၆၅ ကီလိုမီတာလောက် အကွာမှာရှိတဲ့ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားရင်း Bell ရဟတ်ယာဉ်နှစ်စီး တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ရှေ့က ပျံသန်းနေတဲ့ ရဟတ်ယာဉ်ရဲ့ ဒလက်ပန်ကာတွေဟာ နောက်ဖက်ကနေ ချဉ်းကပ်လာတဲ့ ရဟတ်ယာဉ် ကိုယ်ထည်နဲ့ ထိမိ ငြိမိခဲ့တာ ဖြစ်ပါတယ်။ ရှေ့ဖက်က ရဟတ်ယာဉ်ဟာ ပေါက်ကွဲသွားပြီး မြေပေါ်ကို မီးလောင်လျက် ပျက်ကျသွားခဲ့ပါတယ်။ အဲဒီ ရဟတ်ယာဉ်ပေါ် ပါလာတဲ့ ဒိန်းမတ်နိုင်ငံသား လေယာဉ်မှူးနဲ့ ဂရိ မီးသတ် အရာရှိ တစ်ဦးတို့ အသက်ဆုံးရှုံးသွားပါတယ်။

ဒုတိယ ရဟတ်ယာဉ်ကတော့ နီးစပ်ရာ နေရာမှာ အရေးပေါ် ဆင်းသက်ခဲ့ပြီး ဗြိတိန် လေယာဉ်မှူးနဲ့ ဂရိမီးသတ် အရာရှိ တစ်ဦးတို့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။ သူတို့ကို သိပ်မကြာခင်မှာ ကယ်ဆယ် ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ဂရိ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။ ပထမ ရဟတ်ယာဉ်ပေါ်က နှစ်ဦးကိုတော့ ရှာတွေ့ချိန်မှာ သတိကင်းမဲ့နေပြီး နောက်ပိုင်းမှာတော့ သေဆုံးပြီ ဆိုတာကို အတည်ပြု ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ်နှစ်စီး တိုက်မိရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ရဟတ်ယာဉ် နှစ်စီးလုံးကို ဩစတြေးလျ ကုမ္ပဏီ McDermott Aviationဆီကနေ ငှားရမ်းထားတာလို့ ဂရိ မီးသတ်ဌာနက ပြောပါတယ်။

ဂရိ ဝန်ကြီးချုပ် ကိုင်ရီရာရော့စ် မစ်ဆိုတာကစ်က အခု သတင်းဆိုးကြောင့် အထူးဝမ်းနည်း ကြေကွဲမိကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပြီး ကွယ်လွန်သူတွေရဲ့ မိသားစုတွေအတွက် စာနာကြောင်း ပြောကြားခဲ့ပါတယ်။

ရဟတ်ယာဉ်နှစ်စီး တိုက်မိခဲ့မှု အပြီးမှာတော့ လုံခြုံရေးဆိုင်ရာ သတ်မှတ် လုပ်ထုံးလုပ်နည်းတွေအရ Bell ရဟတ်ယာဉ် အားလုံးကို ဂရိမှာ ပျံသန်းခွင့် ယာယီ ဆိုင်းငံ့ထားလိုက်ပြီး ပြန်လည် စစ်ဆေးမှုတွေ လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။

ဂရိမှာတော့ တောမီးကူးစက်မှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပိုမို ဆိုးရွားပြင်းထန်လာပြီး ဒေသခံ အများအပြားကို အစုလိုက် ရွှေ့ပြောင်းပေးနေရပါတယ်။

ဂရိတောမီးကို Erickson Air-Craneနဲ့ Chinook ရဟတ်ယာဉ်တွေ၊ Canadair ရေသယ်လေယာဉ်ကြီးတွေ အသုံးပြုပြီး ဆက်လက် ငြှိမ်းသတ်နေဆဲပါ။

တခြား ဥရောပ နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ စပိန်တို့မှာလည်း အပြင်းအထန် လောင်ကျွမ်းနေတဲ့ တောမီးတွေ ပျံ့နှံ့ ကူးစက်ခဲ့ပြီး မြို့ကြီးတွေဖြစ်တဲ့ မက်ဒရစ်နဲ့ ဘောဒိုးစ်တို့ကိုပါ ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီမီးတွေကို အခုအခါ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တာကြောင့် အရင်က ရွှေ့ပြောင်းထားသူ ဒေသခံ ၃ သိန်းလောက်လည်း နေရပ်ကို စပြီး ပြန်နေကြပြီလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောမီးလောင်ကျွမ်းမှုတွေကြောင့် စပိန်နိုင်ငံ တောင်ပိုင်းမှာ လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။