Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် မူလတန်းကျောင်း ပစ်ခတ်မှုအတွင်း ကလေး ၃ ဦး အပါအဝင် ၄ ဦးသေဆုံး

အမေရိကန်နိုင်ငံက မူလတန်းကျောင်း တစ်ခုမှာ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးနဲ့ လူကြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံက မူလတန်းကျောင်း တစ်ခုမှာ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးနဲ့ လူကြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံက မူလတန်းကျောင်း တစ်ခုမှာ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးနဲ့ လူကြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတုန်းက ဘန်းဒ်မြို့မှာရှိတဲ့ Silver Rail မူလတန်း ကျောင်းထဲကို အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက ဝင်ရောက်လာပြီး ပစ်ခတ်မှု ကျူးလွန်ခဲ့တာပါ။ နောက်တော့ ဒေသခံ အမျိုးသား တစ်ဦးက ရဲတွေ ရောက်မလာခင်မှာ သေနတ်သမားကို အသေပစ်ခတ် နှိမ်နင်းနိုင်ခဲ့ပါတယ်။

သေနတ်သမား လူငယ်ဟာ ကျောင်းပြင်ပက ကားတစ်စီးကို စတင်ပစ်ခတ်ပြီး အဲဒီနောက် ကျောင်းထဲဝင်ရောက်သွားရင်း ကလေးတွေကိုပါ ထပ်မံ ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်ခံခဲ့ရတဲ့ ယာဉ်မောင်းက ပြောင်းရှည်သေနတ် ကိုင်ထားသူ တစ်ဦး သူ့ကို လှမ်းပစ်တဲ့အကြောင်း ရဲတွေဆီ အရင်ဆုံး အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

လူငယ်ရဲ့ ပစ်ခတ်မှုကြောင့်အသက် ၅ နှစ်၊ ၈ နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေးငယ်တွေနဲ့ သင်ကြားရေးဝန်ထမ်း တစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၅၄ နှစ်အရွယ် ဆရာမတစ်ဦးလည်း ဒဏ်ရာရလို့ ဆေးရုံ တင်ပို့ထားရပါတယ်။ နှစ်ဦးစလုံးလည်း ဒဏ်ရာပြင်းတယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်သမားက ပစ်ခတ်မှု ကျူးလွန်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးဘဲ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ပစ်ခတ်မှု သတင်းကို ကြားပြီးတဲ့နောက် စိတ်ပူနေတဲ့ ကျောင်းသားမိဘတွေက ကျောင်းရှေ့မှာ လာရောက် စုရုံးနေတာကိုလည်း တွေ့ရပါတယ်။ ပြီးတော့ အနီးတဝိုက်မှာရှိတဲ့ ကျောင်းတွေကိုလည်း အောက်တိုဘာ ၁၅ ရက်နေ့မှာ ပိတ်ထားစေခဲ့ပါတယ်။

ဘန်းဒ်မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ မိုက်ခ်ခရန့်ဇ်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ ကာလအတွင်း စိတ်ရှည်ရှည် ထားပေးကြဖို့ မြို့ခံတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ သူက ဆိုးရွားလှတဲ့ ကြေကွဲစရာ ဖြစ်ရပ်မှာ ထိခိုက်နစ်နာရသူ အားလုံးအတွက် စာနာ ဝမ်းနည်းကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သူက သေဆုံး၊ ဒဏ်ရာရသူတွေ ဘယ်သူဆိုတာ မကြေညာသေးပေမယ့် သက်ဆိုင်ရာ မိသားစု အသီးသီးဆီကိုတော့ အကြောင်းကြားထားပြီး ဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)၊ ဒေသခံ ရဲတပ်ဖွဲ့နဲ့ တခြားအေဂျင်စီတွေ ပူးပေါင်း လုပ်ဆောင်နေဆဲလို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ