Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာမြန်မာလုပ်သား​​တွေစီးလာတဲ့ဖယ်ရီကားတိမ်း​မှောက်၊၆၀ခန့်ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်မှာစက်ရုံကပြန်လာတဲ့ မြန်မာလုပ်သားတွေရဲ့ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၆၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

အောက်တိုဘာ-၁၆၊၂၀၂၆။နေ့သစ်/People’s Spring

ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်မှာစက်ရုံကပြန်လာတဲ့ မြန်မာလုပ်သားတွေရဲ့ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၆၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီခွဲခန့်က စက်ရုံက ပြန်လာတဲ့ ခြောက်ဘီး ဖယ်ရီကားဟာ လမ်းမကြီးကနေ ထိုးဆင်းသွားပြီး တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

ဖယ်ရီကားပေါ်မှာ မြန်မာလုပ်သား ၇၀ ခန့်လိုက်ပါလာပြီး အဲဒီထဲက ၆၀ လောက်ဟာ ဒဏ်ရာရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာလုပ်သားတွေ အလုပ်လုပ်တဲ့ စက်ရုံဟာ နာနတ်သီးစက်ရုံလို့ သိရပြီး ဒဏ်ရာရတဲ့ မြန်မာလုပ်သားတွေကို ဘော်ထွန်းဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးနေတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

“သေတဲ့သူတော့မရှိပေမယ့်ဒဏ်ရာရတာတော့ အတော်များတယ်။အခုက စစ်တပ်သံရုံးက လုပ်သားတွေအပေါ် အခွန်တွေကောက်နေပေမယ့် ဒီလိုမျိုး ပြဿနာကို ဖြေရှင်းပေးရမယ်လေ။ အဲလိုမျိုးဆို မကူညီပေးတော့ဘူး”လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညိပေးနေတဲ့ AAC မဟာမိတ်က ဦးခိုင်ကြီးက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ်တို့ အစည်းအဝေး ကျင်းပတဲ့ နေရာနားမှာ လူပေါင်း ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ

ကလေးသူငယ် လိင်အမြတ်ထုတ်မှုနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေအတွက် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (အင်တာပိုလ်)က အလိုရှိကြောင်း Red Notice ထုတ်ပြန်ထားတဲ့ တောင်ကိုရီးယား အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ နိုင်ငံရေးကနေ အနားယူပြီး အေးအေးချမ်းချမ်း နေထိုင်သွားဖို့ ဆန္ဒရှိနေကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမားကူညီ​စောင့်​ရှောက်​ရေးဆိုတဲ့ခေါင်းစဥ်နဲ့​နေပြည်​တော်မှာ အစည်းအ​ဝေးလုပ်ပြီး ပြည်ပ​ရောက်အလုပ်သမားတွေ မိသားစုထံငွေပြန်လွှဲရေး အတွက် အေဂျင်စီတွေကိုတာဝန်ယူကြပ်မတ်ဖို့ ဖိအားပေး​နေပါတယ် ။