Connect with us

Hi, what are you looking for?

သတင်း

ပြည်ပရောက်လုပ်သားတွေကို ကူညီ​စောင့်ရှောက်​ရေးဆိုပြီး အစည်းအ​ဝေး​ခေါ်ကာ လုပ်သား​တွေ​ငွေပြန်ပို့​ရေး အေဂျင်စီတာဝန်ယူဖို့ မင်းကင်းမောင်မြင့်ဖိအားပေး​​နေ

စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမားကူညီ​စောင့်​ရှောက်​ရေးဆိုတဲ့ခေါင်းစဥ်နဲ့​နေပြည်​တော်မှာ အစည်းအ​ဝေးလုပ်ပြီး ပြည်ပ​ရောက်အလုပ်သမားတွေ မိသားစုထံငွေပြန်လွှဲရေး အတွက် အေဂျင်စီတွေကိုတာဝန်ယူကြပ်မတ်ဖို့ ဖိအားပေး​နေပါတယ် ။

( ပြည်ပ​ရောက်လုပ်သား​တွေဆီက လွှဲ​ငွေရဖို့ မင်းကင်း​မောင်မြင့်က အေဂျင်စီ​တွေကို ​နေပြည်​တော်ကိုခေါ်ပြီး ​ဖိအား​ပေး​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

အောက်တိုဘာ-၁၀၊၂၀၂၆။မီးအိမ်/People’s Spring

စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမားကူညီ​စောင့်​ရှောက်​ရေးဆိုတဲ့ခေါင်းစဥ်နဲ့​နေပြည်​တော်မှာ အစည်းအ​ဝေးလုပ်ပြီး ပြည်ပ​ရောက်အလုပ်သမားတွေ မိသားစုထံငွေပြန်လွှဲရေး အတွက် အေဂျင်စီတွေကိုတာဝန်ယူကြပ်မတ်ဖို့ ဖိအားပေး​နေပါတယ် ။

ပြည်ပရောက်မြန်မာလုပ်သား​တွေကို ကူညီစောင့်ရှောက်ရေးအတွက်ဆိုတဲ့ ဆွေးနွေးပွဲကို အောက်တို ဘာ ၁၀ရက်က နေပြည်တော်မှာ လုပ်ပြီး အထက်ပါအတိုင်း ဖိအားခဲ့တာလို့တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်အချို့ကပြောပါတယ်။

“ဆွေးနွေးပွဲခေါင်းစဥ်ကသာ ကူညီစောင့်ရှောက်ရေး၊တကယ်ကလွှဲပို့ငွေတိုးအောင်လုပ်ဖို့ပဲဦးတည်တာ”လို့ ဆွေနွေးပွဲတက်ခဲ့တဲ့လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဆွေးနွေးပွဲမှာမြန်မာလုပ်သားအများဆုံးရောက်ရှိနေတဲ့ ထိုင်းနိုင်ငံအတွင်း မည်သူမည်ဝါဖြစ်ကြောင်းထောက်ခံစာ(CI) လျှောက်ထားသူတွေကိုအနည်းဆုံးဝင်ငွေခွန် ၁ နှစ်စာနဲ့ မိသားစုထံ လွှဲပို့ငွေ ၃လစာလွှဲပို့ထားတဲ့ အထောက်အထားတွေကို စိစစ်သွားမယ်ဆိုပြီး မင်းကင်းမောင်မြင့်ကပြောခဲ့တယ်လို့ ဆိုပါတယ်။

​အောက်တိုဘာ ၃ ရက်မှာ စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီး ဖြစ်လာတဲ့ မင်းကင်း​မောင်မြင့်ဟာ တာဝန်ပေးခံရပြီးတာနဲ့ ပြည်ပက​နေလွှဲပို့ငွေရရှိရေးကိုအဓိကထားလုပ်​နေတာက အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဦးစား​ပေးဖြစ်လိုတဲ့စိတ်ကြောင့်လို့ မြင်ကြောင်း အလုပ်သမားအရေးလူပ်ရှားသူတွေနဲ့အေဂျင်စီလုပ်ငန်းရှင်တချို့ကပြောပါတယ်။

“မင်းအောင်လှိုင် လိုလိုချင်ချင်ဖြစ်နေတဲ့ လွှဲပို့ငွေကိစ္စကိုပဲ အတင်းကိုဖိ​နေတာ။ သူပုံစံကအလုပ်သမားရော၊အေဂျင်စီတွေရှေ့ဆက်မလွယ်ဘူး “လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လအနည်းငယ်ကြာကတည်းက နိုင်ငံတစ်ဝန်း မရပ်မနားစစ်တိုက်​နေတဲ့ အာဏာသိမ်းစစ်တပ်က လက်နက်ခဲယမ်း၊ စစ်သုံးနည်းပညာ​တွေနဲ့​လေယာဥ်ဆီဝယ်ယူဖို့နိုင်ငံခြားငွေအမြဲလိုအပ်​နေပါတယ်။

ပြည်ပရင်းနှီးမြှပ်နှံမှုအများစုထွက်ခွာသွားပြီး ပြည်ပ​ချေး​ငွေမရ​တော့သိလို ကုန်သွယ်​ရေးကျဆင်း​နေတဲ့စစ်အုပ်စုဟာ နိုင်ငံခြား​ငွေလိုအပ်ချက်အတွက် ၂၀၂၃ ကစပြီး ပြည်ပရောက် အလုပ်သမားတွေကိုလစာရဲ့ ၂၅ ရာခိုင်နှုန်းကိုမဖြစ်မ​နေပြန်ပို့ပြီး စစ်တပ်သတ်မှတ်ထားတဲ့​ငွေလဲနှုန်းနဲ့ မဖြစ်မ​နေလဲ​ပေးရမယ်လို့ကန့်သတ်ထားသလို ဝင်ငွေခွန်၂ရာခိုင်နှုန်းဆောင်ရဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ​ပေမယ့် ပြည်ပအလုပ်အရေးကိုင်တွယ်ပုံ စိတ်တိုင်းမကျမှုတွေကြောင့် မင်း​အောင်လှိုင်က အာဏာသိမ်းပြီး​နောက်ပိုင်း ၅ နှစ်​ကျော်အတွင်း အလုပ်သမားဝန်ကြီး ၇ ဦးအထိလဲလှယ်ခဲ့ပါတယ် ။ဒါ​ကြောင့် မင်းကင်း​မောင်မြင့်က အရင်သူတွေနဲ့မတူကြောင်းပြလိုတဲ့စိတ်ရှိပုံရတယ်လို့ အလုပ်သမားအရေးလူပ်ရှားသူတစ်ဦးက ပြောပါတယ်။

“သူလုပ်နိုင်တယ်ဆိုတာ အရမ်းပြချင်နေတာ။ ဒီနေရာကိုလည်းသူလိုချင်နေတာလေ။ မင်းအောင်လိူင်ရဲ့ယုံကြည်မှုရဖို့အတွက် ဆက်ရမ်းပြနေဦးမယ့်အနေအထားတွေမြင်နေရတယ် “လို့ သူကဆက်ပြောပါတယ်။

စစ်တပ်ခန့်အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က တာဝန်ပေးခံရတဲ့နေ့မှာဘဲ ပြည်ပရောက်အလုပ် သမားတွေရဲ့ မိသားစုထံ လွှဲပို့ငွေရရှိတာနည်းလို့ဆိုပြီး ​ဝေဖန်ပြစ်တင်ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်တင်ခဲ့ပါတယ်။

“လွှဲတဲ့သူကလွှဲတယ်၊မလွှဲတဲ့သူကမလွှဲဘူး။တကယ် တမ်းပြောရရင်နိုင်ငံတော်က သူတို့ကိုလွှတ်သာလွှတ်ရတယ်၊အကျိုးမရှိဘူး “လို့ ပြောခဲ့တာဖြစ်ပါတယ်။သူဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အလုပ်သမားဝန်ကြီးအဖြစ် ၁နှစ်နီးပါးတာဝန်ယူဖူးတဲ့ ဗိုလ်မှူးချုပ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင်ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထဲက စေလွှတ်ခဲ့တဲ့အလုပ်သမားဦးရေအတိုင်း လွှဲပို့ငွေအထောက်အထားရာခိုင်နှုန်းပြည့်မတင်ပြနိူင်တဲ့အေဂျင်စီ ၁၁၆ ခု ကိုအလုပ်ခေါ်စာအသစ်တင်ပြခွင့်ကို အောက်တိုဘာ ၁ရက်ကစပြီးဆိုင်းငံ့အရေးယူထားတယ်လို့စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးဌာနကစက်တင်ဘာ၂၉မှာထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စေလွှတ်ခဲ့တဲ့အလုပ်သမားရှိ​ပေမယ့်လွှဲပို့ငွေအထောက်အထားတင်ပြဖို့ပျက်ကွက်တဲ့အေဂျင်စီ ၁၀ ခုကိုလည်းဒါဏ်ကြေးငွေ ကျပ်၁၀ သိန်းအပြင်အကျိုးဆောင်လိုင်စင်ကို ၆လပိတ်သိမ်းအရေး ယူသွားမယ်လို့လည်း ခြိမ်​​ခြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လုပ်သား​တွေအ​ပေါ်အမြတ်ထုတ်​နေတဲ့ပွဲစားတွေကိုဖမ်းဆီးအ​ရေးယူ​ပေးဖို့​တောင်းဆို

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူစစ်အရာရှိဟောင်း ဦးမောင်မြင့်က ပြည်ပရောက်မြန်မာလုပ်သားတွေလစာပြန်မလွှဲတာကြောင့်အလုပ်သမားစေလွှတ်ရတာနိုင်ငံအတွက်အကျိုးမရှိဘူးလို့ သူရဲ့ Tik Tok ကတဆင့် ပြောလာပါတယ်။

သတင်း

ထိုင်းနိုင်ငံက အထည်ချုပ် စက်ရုံတစ်ခုရဲ့ အလုပ်သမားဆောင်မှာ မီးလောင်ရာက စက်ရုံကို မီးကူးစက်ခဲ့ပြီး မြန်မာဝန်ထမ်း ၇၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

Facebook