Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာပညာရေးကောလိပ် မြေ​အောက်​ရေကန် ငြမ်းဆင်းဖြုတ်တဲ့ အလုပ်သမား ၄ ဦး အောက်ဆီဂျင်ပြတ်သေဆုံး

မိတ္ထီလာမြို့ ပညာရေးကောလိပ်ဝင်းအတွင်း မြေ​အောက်​ရေကန် ငြမ်းဆင်းဖြုတ်တဲ့ အလုပ်သမား ၄ ဦး အောက်ဆီဂျင်ပြတ်ပြိး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

(အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့သော အလုပ်သမားများအား ခေါ်ဆောင်လာစဥ်။ ဓါတ်ပုံ-မီးသတ်)

နိုဝင်ဘာ ၂၊၂၀၂၆။ ဇေအောင်/People’s Spring

မိတ္ထီလာမြို့ ပညာရေးကောလိပ်ဝင်းအတွင်း မြေ​အောက်​ရေကန် ငြမ်းဆင်းဖြုတ်တဲ့ အလုပ်သမား ၄ ဦး အောက်ဆီဂျင်ပြတ်ပြိး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်းက မိတ္ထီလာမြို့ ပညာရေးကောလိပ်ဝင်းအတွင်းမှာ အသစ်ဆောက်လုပ်ပြီးစီးထားတဲ့ ၁၈ ပေပတ်လည်၊ အနက် ၆ ပေခွဲ၊မြေအောက်ရေအုတ်ကန်အသစ်အတွင်းသို့ ငြမ်းဆင်းဖြုတ်တဲ့ အလုပ်သမားတွေ အောက်ဆီဂျင်ပြတ်လပ်မှုဖြစ်ပွားပြီး ၄ ဦး သေဆုံးကာ ၁ ဦး ဆေးကုသမှုခံယူနေရကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

“ကောင်လေးတစ်ယောက်က အရင် အသက်ရှူကျပ်တာပေါ့။ အဲဒီကို တစ်ယောက်က ဆင်းကယ် သူပါထပ်နောက်တစ်ယောက်က ဆင်းကယ်ရင် ၄ ဦးဆုံးသွားတာပါ”လို့ လူမူကူညီရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက် သုံးစွဲသူတစ်ဦးကလည်း “ရွာက အသိဦးလေး တစ်ယောက်ပါသွားတယ်။ မရှိလို့ နယ်ဝေးမှာသွားလုပ်စားရပါတယ်ဆိုမှ အဖြစ်ဆိုးနဲ့ကြုံရတယ် မိန်းမနဲ့ ကလေး၂ယောက်ကျန်ခဲ့တာ”လို့ မှတ်ချက်ပြုပါတယ်။

သွားရောက်ကယ်ဆယ်ခဲ့တဲ့ မိတ္ထွီလာမြို့က မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

“ရေကန်အသစ်တွေ ဆောက်နေတာဖြစ်ဖြစ်၊ ပြန်ပြင်နေတာဖြစ်ဖြစ် အထဲဝင်လုပ်ရတဲ့အလုပ်တွေက တကယ်တော့ အလွန်အန္တရာယ်များပါတယ်။ အထူးသဖြင့် မိလ္လာကန်တွေ၊ မြေအောက်ရေကန်တွေလို လေဝင်လေထွက်မရှိဘဲ အလုံပိတ်နေတဲ့နေရာမျိုးတွေမှာ လုပ်ရတဲ့အလုပ်တွေပါ”လို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

သေဆုံးသူ အလုပ်သမား ၄ ဦးဟာ အသက် ၄၀ နှစ်၊ ၃၅ နှစ်၊ ၃၀ နှစ်နဲ့ ၃၅ နှစ်အရွယ် အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး သေဆုံးခဲ့တဲ့ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်မလုံခြုုမုုအခြေအနေနဲ့ ပတ်သက်ပြီး ဝေဖန်​ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ