Connect with us

Hi, what are you looking for?

သတင်း

ဆန္ဒပြ မြန်မာအလုပ်သမားတွေကို တိုက်ခိုက်မှုအပေါ် ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ ရှုတ်ချ

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ မြန်မာ အလုပ်သမားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ထိုင်းအမျိုးသားရေး ဝါဒီ နာမည်ခံ အဖွဲ့ရဲ့ လုပ်ရပ်ကို ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ (PP)က ရှုတ်ချလိုက်ပါတယ်။

(ဆန္ဒပြ​နေတဲ့ မြန်မာလုပ်သား​တွေရဲ့ Bright Future ကွန်ယက်မှဆန္ဒပြ​ခေါင်း​ဆောင်ကို နှုတ်ခမ်း​မွေးအဖွဲ့က အကြမ်းဖက်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-​ပေးပို့)

နိုဝင်ဘာ-၁၊၂၀၂၆။People’s Spring

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ မြန်မာ အလုပ်သမားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ထိုင်းအမျိုးသားရေး ဝါဒီ နာမည်ခံ အဖွဲ့ရဲ့ လုပ်ရပ်ကို ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ (PP)က ရှုတ်ချလိုက်ပါတယ်။

နိုဝင်ဘာ၁ ရက်နေ့တုန်းကထိုင်းရောက် မြန်မာလုပ်သားတွေစုစည်းပါဝင်တဲ့ Bright Future အဖွဲ့ကမြန်မာအာဏာသိမ်းစစ်တပ် ခြယ်လှယ်နေတဲ့အလုပ်သမားကတ်(CI) သတ်မှတ်မှု ပယ်ဖျက်ပေးရေး၊ ထိုင်းမှာ ပန်းရောင်ကတ် တစ်မျိုးတည်း ကိုင်ဆောင်ပြီး အလုပ်လုပ်ခွင့်ရရေးအတွက် ဘန်ကောက်မှာရှိတဲ့ ကုလသမဂ္ဂ (UN)ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲ ထိုင်းအမျိုးသားရေး အစွန်းရောက် အဖွဲ့ဖြစ်တဲ့ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC)ရဲ့ နှုတ်ခမ်းမွေး (နာမည်ပြောင်) အပါအဝင် လူ ၁၀ ယောက်လောက် အသံချဲ့စက်​တွေတပ်ထားတဲ့ ကားနဲ့ ရောက်လာပြီး ဆန္ဒပြပွဲကို နှောင့်ယှက်ခဲ့သလို ဆန္ဒပြသူ​တွေကိုလည်းရန်လို ထိုးကြိတ်တာတွေလည်း လုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂ ရက်နေ့ PPရဲ့ ထုတ်ပြန်ချက်မှာတော့ အခုလို ရန်လိုတဲ့ သူတွေကိုဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ဥပဒေကြောင်းအရ အရေးယူပေးဖို့ ဖော်ပြ ပါရှိခဲ့ပါတယ်။လာရောက် တိုက်ခိုက်သူတွေဟာ Bright Future ခေါင်းဆောင်တစ်ဦးကို ကိုယ်ထိလက်ရောက် ရန်ပြု ကျူးလွန်ခဲ့တယ်လို့ PPက ဖော်ပြထားပါတယ်။

အယူဝါဒရေးရာ အမြင်ကွဲလွဲမှုတွေဟာ အကြမ်းဖက်မှုတွေအတွက် အကြောင်းပြချက်အဖြစ် လုံးဝ အသုံးချခွင့် ပြုလိုက်လို့ မရကြောင်း PPက ဆိုပါတယ်။ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို သဘောမတူဘူး ဆိုတာက ကိုယ်ပိုင် အယူအဆ ဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း လူတိုင်းဟာ ထိုင်းဥပဒေအောက်မှာ တူညီတဲ့ လုံခြုံမှုနဲ့ အကာအကွယ်တွေ ရရှိဖို့လိုကြောင်း PPက ကြေညာခဲ့ပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကိုဘက်မလိုက်ဘဲမျှမျှတတ လုပ်ဆောင်ဖို့လိုကြောင်း၊နိုင်ငံသားဖြစ်မှု၊ တရားဝင်နေထိုင်မှုနဲ့ နိုင်ငံရေး အယူအစွဲ ဘာမှမပတ်သက်တဲ့ စစ်ဆေးမှုတွေ ဖြစ်ဖို့ အရေးကြီးကြောင်းလည်း PPက ဆိုပါတယ်။

အမြင်တူတဲ့ သူကိုပဲ ကာကွယ်ပေးပြီး အမြင်ကွဲပြားသူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုကို မျက်ကွယ် ပြုထားမယ်ဆိုရင် နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုဆိုတာ အဓိပ္ပါယ် မဲ့သွားလိမ့်မယ်လို့လည်း PPက ထုတ်ပြန်သွားပါတယ်။

ကိုးကား – Khaosod

ဆက်စပ်သတင်းများ