Connect with us

Hi, what are you looking for?

သတင်း

လမ်းမတော်မြို့နယ် လုယက်မှု ဝင်ရောက်ကူညီသူ ဓားထိုးခံရပြီး သေဆုံး

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က နေအိမ်တစ်အိမ်မှာ လုယက်မှုဖြစ်ခဲ့ပြီး ဝင်ရောက်ကူညီသူ ဓားနဲ့ထိုးခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က နေအိမ်တစ်အိမ်မှာ လုယက်မှုဖြစ်ခဲ့ပြီး ဝင်ရောက်ကူညီသူ ဓားနဲ့ထိုးခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ-၂၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က နေအိမ်တစ်အိမ်မှာ လုယက်မှုဖြစ်ခဲ့ပြီး ဝင်ရောက်ကူညီသူ ဓားနဲ့ထိုးခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ ၂ ရက် နံနက်က လမ်းမတော်မြိုနယ် ၂ လမ်းက မြေညီထပ်က နေအိမ်တစ်အိမ်ကို လုယက်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

“ဝင်ပါတဲ့သူက အစ်မအတွက်ပစ္စည်းလား စားစရာလား လာပို့တာဆိုလားပဲ။ တွေ့လို့ဝိုင်းကူတော့ ဓားတန်းလန်းနဲ့ အသတ်ခံရတာတဲ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လုယက်ခံရတဲ့‌အိမ်က သက်ကြီးပိုင်းတွေ နေကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး‌နောက်ပိုင်း ကုန်ဈေးနှုန်းကြီးမြင့်လာမှုတွေနဲ့အတူ ရန်ကုန်မြို့မှာ ခိုးဆိုလုယက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေ‌တာကြောင့် ပြည်သူတွေအနေနဲ့ မလုံခြုံမှုတွေခံစားနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်ညကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်က စတိုးဆိုင်ဖွင့်ထားတဲ့ နေအိမ်ကို ဝင်ခိုးတဲ့ အမျိုးသား ၃ဦးက အိမ်ရှင်တွေကို ဓားနဲ့ထိုးခဲ့တာကြောင့် အသက် ၂၄ နှစ်အရွယ် ၁ဦးသေဆုံးကာ အသက် ၆၀ ကျော်အမျိုးသမီး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ