Connect with us

Hi, what are you looking for?

သတင်း

သေဆုံးစစ်သားအ​လောင်းတွေကိုစွန့်ပစ်သွားလို့ အလောင်းအချို့ဝက်တွေထိုးဆွနေတဲ့ ဗီဒီယို PDF စစ်ရုံးချုပ်တာဝန်ရှိသူ ပြသ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို သေတွင်းပို့နေပြီး အသက်ရှင်စဉ်မှာ တန်ဖိုးမထားသလို သေဆုံးသွားချိန်မှာလည်း ကိုယ့်ရဲဘော်တွေရဲ့ ရုပ်အလောင်းကို ကောင်းမွန်စွာ မြှုပ်နှံမပေးဘဲ စွန့်ပစ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်က စစ်တပ် ရုပ်အလောင်းအချို့ ဝက်တွေ ထိုးဆွနေတဲ့ ဗီဒီယိုကို ပြသရင်းပြောကြားခဲ့ပါတယ်။

■တိုက်စွမ်းရည်သာတဲ့တော်လှန်ရေးတပ်တွေကို ခံမတိုက်ဘဲ လက်နက်ချမှသာ အသက်အာမခံချက် အပြည့်အ၀ ရမယ်လို့အသိပေး

■အင်း​တော်မှာ ဝက်သား​ဈေးကွက်ပျက်

နိုဝင်ဘာ-၃၁၊၂၀၂၆။ထားမြတ်၊အိမ်သွင်/People’s Spring

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို သေတွင်းပို့နေပြီး အသက်ရှင်စဉ်မှာ တန်ဖိုးမထားသလို သေဆုံးသွားချိန်မှာလည်း ကိုယ့်ရဲဘော်တွေရဲ့ ရုပ်အလောင်းကို ကောင်းမွန်စွာ မြှုပ်နှံမပေးဘဲ စွန့်ပစ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်က စစ်တပ် ရုပ်အလောင်းအချို့ ဝက်တွေ ထိုးဆွနေတဲ့ ဗီဒီယိုကို ပြသရင်းပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

PDF စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ်ဖြစ်သူ ဖြစ်သူ ဒေါက်တာစိုးသူရဇော်က ပြသတဲ့ ဗီဒီယိုမှာ ကချင်-စစ်ကိုင်းအစပ် တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ အာဏာသိမ်းစစ်သား​တွေရဲ့အ​လောင်း​တွေလို့ PDF အချို့က​ပြောပါတယ်။

“သူ့ရဲ့ အာဏာနဲ့ အကျိုးစီးပွါးအတွက် တနိုင်ငံလုံးက အရွယ်ကောင်း လူငယ်မှန်သမျှကို သေတွင်းထဲ ပို့နေသူ အသက်ရှင်စဉ်မှာလည်း တန်ဖိုးမထား သေသွားတော့လည်းကိုယ့်ရဲဘော်ရဲ့ ရုပ်အလောင်းကို ကောင်းကောင်းမမြှုပ်နှံပေးတဲ့အထိ အောက်တန်းကျလွန်းတဲ့ အဖွဲ့အစည်း။ စာထဲဘဲ ဖတ်ဖူးတဲ့ ခွေးသေ ဝက်သေ သေရတယ်ဆိုတာ စကစ စစ်တပ်အတွင်းမှာ လက်တွေ့ကြုံနေရပြီ” လို့ ဒေါက်တာစိုးသူရဇော်ကရေးသားထားပါတယ်။

စစ်သားအ​လောင်း​တွေကို ဆာ​လောင်​နေတဲ့ဝက်​တွေက ထိုးဆွပြီးစားတဲ့ဖြစ်ရပ်​တွေဖြစ်ပြီး​နောက်အင်းတော်မြို့နယ်နဲ့အနီးတစ်ဝိုက်မှာဒေသခံတွေဟာ အခုရက်ပိုင်း ဝက်သားမစားရဲကြတော့ဘဲ ဝက်သားစျေးကွက်လည်းပျက်သွားပြီလို့ဒေသခံတဦးကလည်းပြောပါတယ်။

“အရင်ကတစ်ပိဿာကို ၄၅,၀၀၀။အခု ၂၀,၀၀၀တောင်ဝယ်စားမယ့်သူမရှိတော့ဘူး။ မစားရဲကြတော့ဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒေသခံတွေဟာတိုက်ပွဲတွေကြောင့်စစ်ရှောင်ရင်း ဝက်အပါအဝင်အိပ်မွေး တိရိစ္ဆာန်တွေကို လွှတ်ထားခဲ့ကြတာဖြစ်ပါတယ်။ အင်းတော်မြို့နယ် မဲဇာဒေသကြီးနဲ့ အင်းတော်-ဝန်းသို၊အင်း​တော် ထီးချိုင့်လမ်းတိုက်ပွဲတွေမှာ စစ်တပ်စစ်​ကြောင်း​တွေသေဆုံးဒဏ်ရာရသူတွေများပြားခဲ့ပြီး ရုပ်အလောင်းတွေကို စွန့်ပစ်ခဲ့ကြတယ်လို့ PDF ​တွေနဲ့ ​ဒေသခံ​တွေက​ပြောပါတယ် ။ စစ်​ရှောင်ပြည်သူ​တွေက ထားခဲ့လို့ ကျန်ခဲ့ပြီး အစားအ​သောက်​ကောင်း​ကောင်းမစားရဘဲ ဆာ​လောင်​နေတဲ့ ဝက်တချို့ဟာ ပုပ်ပွ​နေတဲ့စစ်သားအ​လောင်းအချို့ကို ထိုးဆွပြီးစား​နေကြတာကို ​​တော်လှန်​ရေးတပ်ဖွဲ့​တွေ တင်ထားတဲ့ လူမှုကွန်ယက်မှာ​တွေ့ရပါတယ်။

အင်း​တော်​ဒေသတွင်း​စစ်​ရေးသတင်း​တွေကို​ဖော်ပြ​ပေး​နေတဲ့ Indaw Revolution(IR) ကလည်း စစ်သားအ​လောင်း​တွေကို ဝက်​တွေက နှုတ်သီးနဲ့ထိုးစားတဲ့ ဖြစ်စဥ်​တွေရှိလို့ အင်းတော်မှာ ဝက်ဈေးတွေကျတော့မလားမသိဘူး ဆိုပြီး ဓါတ်ပုံ​တွေနဲ့တကွ ဒီ​နေ့​ရေးသားထားပါတယ် ။

ဒါ့အပြင်PDF စစ်ရုံးချုပ်တာဝန်ရှိသူကလူငယ်တွေ အတင်းအဓမ္မ စစ်သားစုဆောင်းမခံရအောင်ရှောင်ဖို့လည်း တိုက်တွန်းပါတယ်။

“မတော်လို့စုဆောင်းခံရရင်လည်းရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ လွတ်အောင်သာပြေးပါ ။ ကိုယ့်လွတ်လမ်းကို ရအောင် မရှာနိုင်ဘဲ စစ်မြေပြင်ကို ရောက်လာပြီဆိုရင်လည်း တော်လှန်ရေးဘက်ကို ကူးပြောင်းပြီး လက်နက်ချပါ ။ တိုက်ရည်ခိုက်ရည် အပုံကြီးကွာနေတာကို ခံမတိုက်ပါနဲ့ ။ ခံတိုက်လို့ အသက်မရှင်နိုင်ပါဘူး ။ လက်နက်ချမှသာလျှင် အသက်အာမခံချက် အပြည့်အဝ ရမှာ ဖြစ်ပါတယ် “ လို့ ဒေါက်တာစိုးသူရဇော်ကသတိ​ပေးပါတယ်။

ပြည်သူတွေအနေနဲ့လည်း ကိုယ့်သားသမီး ၊ ကိုယ့်သူငယ်ချင်း အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း မခံရစေဖို့ ဝိုင်းပြီးစောင့်ရှောက်ပေးကြဖို့လည်း နှိုးဆော်ထားပါတယ်။

ဒေါက်တာစိုးသူရဇော်ဟာ အောက်တိုဘာနောက်ဆုံးပတ်မှာလည်း ကချင်-စစ်ကိုင်းအစပ် တိုက်ပွဲမှာ စစ်ကောင်စီထံက သိမ်းရတဲ့ လက်နက်ခဲယမ်းအများအပြားကိုပြသပြီး ရန်သူ(စစ်တပ်)ဟာ နေရာတိုင်းမှာ အထိနာလျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။အာဏာရှင်တွေကတော့ သူတို့ အာဏာတည်မြဲရေးအတွက် တနိုင်ငံလုံးက လူငယ်ထုကို အတင်းအဓမ္မပေါ်တာဆွဲပြီး ရှေ့ကို ဇွတ်တက်ခိုင်းလျက် ရက်ရက်စက်စက် အသေခံခိုင်းနေကြောင်းလည်းဒေါက်တာစိုးသူရဇော်က ပြောကြားကာ မိမိအသက်ကို အာဏာရှင်တွေအတွက် အလဟဿ အဆုံးရှုံးမခံဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကြဖို့ နှိုးဆော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ