Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘွန်ဒီကမ်းခြေ ပစ်ခတ်မှုကို အကြောင်းပြုပြီး ဆစ်ဒနီမှာ လက်နက်ကိုင် ရဲတွေ စတင်ကင်းလှည့်

မနှစ်တုန်းက အပန်းဖြေ ကမ်းခြေတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို အကြောင်းပြုပြီး ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့တွေရဲ့ ကင်းလှည့်မှုကို စတင်နေပါတယ်။

ဓာတ်ပုံ - Reuters

မနှစ်တုန်းက အပန်းဖြေ ကမ်းခြေတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို အကြောင်းပြုပြီး ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့တွေရဲ့ ကင်းလှည့်မှုကို စတင်နေပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက ဘွန်ဒီကမ်းခြေမှာ ဂျူးရိုးရာ ပွဲတော်တစ်ခု ကျင်းပနေချိန် သေနတ်သမား နှစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ဟာ ဩစတြေးလျ နိုင်ငံသမိုင်းမှာ ဆယ်စုနှစ် သုံးခုလောက် ကာလအတွင်း ကြုံဖူးသမျှ အစုလိုက် အပြုံလိုက် ပစ်ခတ် သတ်ဖြတ်ခံရမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘွန်ဒီ ပစ်ခတ်မှု နောက်ပိုင်းမှာတော့ ဩစတြေးလျမှာ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေတွေကို ပြင်ဆင် တင်းကျပ်ခဲ့သလို အမုန်းစကား ဖြန့်ဝေမှုတွေကိုလည်း ပိုမို ဖိဖိစီးစီး ဖြိုခွင်းလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁ ရက်နေ့မှာတော့ လက်နက်ကိုင် တုံ့ပြန်ရေး ကွပ်ကဲမှုဌာန (ARC) လက်အောက်ခံ လုံခြုံရေး ရဲတပ်ဖွဲ့တွေဟာ ဆစ်ဒနီရဲ့ လူစည်ကားတဲ့ နေရာတွေမှာ ကင်းလှည့် သွားလာနေတာကို တွေ့ရပါတယ်။ အဲဒီမြင်ကွင်းဟာ ဒေသခံတွေ အတွက်တော့ အတော်လေး အမြင်စိမ်းနေပါတယ်။

နေရာတိုင်းမှာ လက်နက်ကိုင် ရဲတွေကို တွေ့နေရကြောင်း၊ သူတို့ကိုင်ထားတဲ့ သေနတ်တွေကလည်း အကြီးစားတွေဖြစ်ကြောင်း မျက်မြင်တစ်ဦးက ဆိုပါတယ်။

ARCရဲ့ တပ်ဖွဲ့ဝင်တွေကို ဆစ်ဒနီမှာ ထင်ထင်ရှားရှား တွေ့နေရမှာဖြစ်ကြောင်း၊ အထူးစီမံထားတဲ့ ယာဉ်တွေကို မောင်းနှင် သွားလာနေပြီး ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ်တွေကို ကိုင်ဆောင်ကြမှာဖြစ်ကြောင်း နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ARC တပ်ဖွဲ့ဝင်တွေရဲ့ တာဝန်က အရမ်းရှင်းလင်းကြောင်း၊ လူ့အသက်တွေကို ကာကွယ် စောင့်ရှောက်ဖို့ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းထောက်လှမ်းရေးဌာန အကြီးအကဲ အန်ဒရူး အီဗန်စ်က ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ဘွန်ဒီကမ်းခြေ ပစ်ခတ်မှုဟာ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်ရဲ့ ဩစတြေးလျ အစိုးရအပေါ် ဖိအားတွေ အကြီးအကျယ် သက်ရောက်စေခဲ့ပြီး ဂျူးဆန့်ကျင်ရေး အစွန်းရောက် ဝါဒ တိုက်ဖျက်ရေးအတွက် အစီအမံသစ်တွေကို အပူတပြင်း ကျင့်သုံးခဲ့ရပါတယ်။

လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ ရဲတွေကို လူနေဧရိယာတွေထဲ ဖြန့်ကျက်ထားတာဟာ လုံခြုံရေးအတွက်လို့ ဆိုပေမယ့် ရဲဌာနကို စစ်တပ်အသွင် ဖွဲ့စည်းတာမျိုး ဖြစ်လာမှာကို စိုးရိမ်စရာတွေ ရှိနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (ဩစတြေးလျ)က ထောက်ပြထားပါတယ်။

ပြီးတော့ ပြည်နယ် အစိုးရ အနေနဲ့ ဒေသခံတွေရဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုလို အခြေအနေတွေမှာ ARCတွေကို အဓိကရုဏ်း နှိမ်နင်းရေးအတွက် အသုံးမပြုပါဘူးဆိုတဲ့ အာမခံချက်မျိုး ပေးဖို့လည်း အဲဒီအဖွဲ့က တောင်းဆိုထားပါတယ်။

နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် အစိုးရကတော့ အခုချဉ်းကပ်မှု နည်းလမ်းနဲ့ ပတ်သက်လို့ ကာကွယ် ပြောကြားထားပါတယ်။ ရဲဝန်ကြီး ယက်စ်မင် ကက်တလီက ကမ္ဘာကြီးက အချိန်နဲ့ တပြေးညီ ပြောင်းလဲနေကြောင်း၊ ဒါက အရှိတရားဖြစ်ပြီး လိုအပ်တဲ့ လုံခြုံရေး အစီအမံတွေကို သင့်တော်သလို ပြောင်းလဲဖို့လိုကြောင်း ဆိုပါတယ်။

ဘွန်ဒီကမ်းခြေ ပစ်ခတ်မှု ကျူးလွန်သူတွေထဲက ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် ဆာဂျစ် အက္ကရမ်ဟာ ရဲတွေရဲ့ တုံ့ပြန်နှိမ်နင်းမှုမှာ သေဆုံးသွားပြီး သူ့ရဲ့သား နာဗိဒ် အက္ကရမ်ကတော့ လူသတ်မှု ၁၅ ခု၊ လူသတ်ဖို့ ကြံစည်မှု ၄၀၊ အကြမ်းဖက်မှု ၁ ခု အပါအဝင် စွဲချက် ၇၈ ခုနဲ့ ရင်ဆိုင်နေရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ