Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာမေးနီးယား လွှတ်တော်မှာ အမတ်တွေ ထိုးကြိတ်ရန်ပွဲဖြစ်

အာမေးနီးယား လွှတ်တော်ထဲမှာ အာဏာရနဲ့ အတိုက်အခံ ပါတီ အမတ်တွေကြား အကြီးအကျယ် ရန်ပွဲဖြစ်ပွားပြီး ထိုးကြ၊ ကြိတ်ကြ၊ ကုလားထိုင်တွေနဲ့ ပစ်ပေါက်ကြရင်း ဝရုန်းသုန်းကား အခြေအနေမျိုး ကြုံခဲ့ပါတယ်။

အာမေးနီးယား လွှတ်တော်ထဲမှာ အာဏာရနဲ့ အတိုက်အခံ ပါတီ အမတ်တွေကြား အကြီးအကျယ် ရန်ပွဲဖြစ်ပွားပြီး ထိုးကြ၊ ကြိတ်ကြ၊ ကုလားထိုင်တွေနဲ့ ပစ်ပေါက်ကြရင်း ဝရုန်းသုန်းကား အခြေအနေမျိုး ကြုံခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က ရန်ပွဲဟာ အာဏာရ ပြည်သူ့ယုံကြည်မှု ပါတီအမတ် တစ်ဦးက သူ့ရဲ့ မိန့်ခွန်းထဲမှာ အတိုက်အခံပါတီ ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေ နိုင်ငံရေးထဲ ပါဝင်လာတာကို လှောင်ပြောင် ရန်စရာကနေ အစပြုလာခဲ့တာ ဖြစ်ပါတယ်။

တာရွန် ချာခိုယန်က အတိုက်အခံဖြစ်တဲ့ အားကောင်းသော အာမေးနီးယားပါတီ ခေါင်းဆောင် နာရက် ကာရာပက်ယန်ရဲ့ ဆွေမျိုးတစ်ဦးက ရွေးကောက်ပွဲ မတိုင်ခင် ပြောဆိုခဲ့ဖူးတဲ့ အငြင်းပွားစရာ မဲဆွယ်ကတိ တစ်ခုကို လှောင်ပြောင်တဲ့အခါ ပြဿနာက ပိုဆိုးသွားပါတယ်။ အဲဒီတုန်းက မဲဆွယ်မှုမှာတော့ အတိုက်အခံတွေဖက်ကသာ အနိုင်ရခဲ့ရင် အမျိုးသမီးတွေကို စိတ်ကျေနပ် နှစ်သိမ့်မှု ဖြစ်စေမယ့် ဝန်ကြီးဌာန တစ်ခု ဖွဲ့စည်းပေးမယ် ဆိုတာ ပါရှိပါတယ်။ အဲဒီကတိထဲမှာပါတဲ့ ဝန်ကြီးဌာနကို ချာခိုယန်နဲ့ အာဏာရ ပါတီက ‘လိင်ဝန်ကြီးဌာန’ဆိုပြီး လှောင်ပြောင်လေ့ ရှိပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ ချာခိုယန်ရဲ့ သရော်ပုတ်ခတ်မှုတွေကို ကာရာပက်ယန်က သည်းမခံတော့ဘဲ စင်ပေါ်ထိ တက်ထိုးဖို့ ကြိုးစားရာက ရန်ပွဲ စခဲ့ပါတယ်။ နောက်တော့ နှစ်ဖက်ပါတီ အမတ်တွေပါ လက်သီးထိုးပွဲမှာ အားတက်သရော ပါဝင်ဆင်နွှဲကြပြီး ခုံတွေနဲ့ပါ ပစ်ပေါက်ကုန်ကြတာပါ။ နောက်ဆုံးရလဒ်ကတော့ အတိုက်အခံ အမတ် အန်ဒရစ်နစ် ဂီဗော်ဂျန် ဒဏ်ရာရသွားလို့ ဆေးရုံကား ခေါ်ခဲ့ရပြီး တခြားအမတ်တချို့လည်း အသေးစား ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဇာတ်လမ်း လွှတ်တော် ခန်းမထဲမှာတင် မဆုံးဘဲ အပြင်ဖက် စင်္ကြံထိ ရန်ပွဲတွေ ကူးစက်သွားလို့ လွှတ်တော် လုံခြုံရေးတွေက အသည်းအသန် လိုက်လံ ထိန်းကျောင်းပြီး လူခွဲခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အတိုက်အခံတွေကတော့ လွှတ်တော် ဥက္ကဋ္ဌ ရူဘန် ရူဘင်ယန်ဟာ ဒီအခြေအနေမျိုး ဖြစ်နေတာတောင် ရုပ်မြင်သံကြား တိုက်ရိုက် ထုတ်လွှင့်မှုကို မရပ်နားစေဘဲ အတိုက်အခံတွေကို သိက္ခာချဖို့ တမင် ရည်ရွယ်ထားခဲ့ကြောင်း စွပ်စွဲပါတယ်။ အာမေးနီးယား ဝန်ကြီးချုပ် နစ်ကိုးလ် ပါရှင်ညန်ကတော့ ရန်ပွဲကို အတိုက်အခံတွေက စခဲ့တာဖြစ်ကြောင်း ခွန်းတုံ့ပြန်ခဲ့ပါတယ်။ သူ့ပါတီဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်အတိုင်း ခုခံခဲ့တာသာဖြစ်ကြောင်း၊ အတိုက်အခံတွေဟာ လေအားကောင်းသလောက် ခန္ဓာကိုယ် ကြံ့ခိုင်မှုအား ကောင်းပုံမရကြောင်း လူမှုကွန်ရက်မှာ ဝန်ကြီးချုပ်က လှောင်ပြောင် ရေးသားခဲ့ပါတယ်။

ဒီကိစ္စဟာ အာမေးနီးယား လွှတ်တော်ထဲမှာ တစ်လအတွင်း သုံးကြိမ်မြောက် ရုန်းရင်းဆန်ခတ် အခြေအနေ ကြုံရတာ ဖြစ်ပါတယ်။ လဆန်းပိုင်းတုန်းကလည်း လွှတ်တော် ဥက္ကဋ္ဌ ရူဘင်ယန်ကို အလွဲသုံးစားမှုနဲ့ စွပ်စွဲတဲ့ ကိစ္စတွေကို အကြောင်းပြုပြီး နှစ်ဖက် အမတ်တွေကြား ကိုယ်ထိလက်ရောက် ပြဿနာတွေ တက်ခဲ့ဖူးပါသေးတယ်။ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာတော့ လွှတ်တော်ထဲမှာ မူဝါဒရေးရာ ဆွေးနွေးကြတာထက် လက်ဝှေ့စင်ဆောက်ပြီး ပွဲသွင်းရင် ပိုပြီး သင့်တော်လောက်မယ်လို့ ပြည်သူတွေက အငေါ်တူးနေပါတယ်။

အခုနှစ်လယ် ရွေးကောက်ပွဲအပြီး လွှတ်တော်သစ် ခေါ်ယူချိန်ကစလို့ နှစ်ဖက်ကြား တင်းမာမှုတွေ ပိုမိုမြင့်တက်နေသလို ခွန်းကြီးခွန်းငယ် စကားများကြတာတွေ၊ ကိုယ်ထိလက်ရောက် ရန်ပြုတိုက်ခိုက်တာတွေကို ကြားနေ တွေ့နေရတာ ဖြစ်ပါတယ်။

ကိုးကား: Telegraph

ဆက်စပ်သတင်းများ

သတင်း

ထိုင်း​ရောက်မြန်မာလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးရာ စင်တာမှာအာဏာသိမ်း မြန်မာစစ်တပ်ကခန့်ကိုယ်စားလှယ် ဆိုသူက ခြိမ်းခြောက်တာ ခံခဲ့ရတဲ့အပေါ် ထိုင်းအလွတ်တမ်း သတင်းထောက်က သက်ဆိုင်ရာကို တိုင်ကြားထားလိုက်ပါတယ်။

သရော်စာ

မြန်မာနိုင်ငံအလယ်ပိုင်း ကြပ်ပြေးဒေသမှာ “ဖွတ်တော်”တစ်ခု မကြာသေးခင်က ပေါ်ထွန်းလာတယ်လို့ ကြားသိရ ပါတယ်။ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ လက်ရဲဇက်ရဲလူမိုက်ဂွတိုတစ်ယောက် ရမ်းကားရာကနေ ပေါ်ပေါက် လာတာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

ကိုဆိုဗို လွှတ်တော်ထဲမှာ အမျိုးသမီး အမတ်တစ်ဦးက ဝန်ကြီးချုပ်ကို ကြက်ဥတွေနဲ့ ပစ်ပေါက်နေတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောများပြီး ပျံ့နှံ့နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။