Connect with us

Hi, what are you looking for?

News

ကျောက်ပန်းတောင်းတွင် စစ်ကားနှစ်စီးအား KDF မိုင်းဖြင့်တိုက်ခိုက်၊ ထိခိုက်ဒဏ်ရာရမှုရှိဟုဆို

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ပစ်ခတ်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာလုံခြုံစွာရှိနေကြောင်း ကြေညာထားသည်။

ကျောက်ပန်းတောင်းမြို့တွင် ဖေဖော်ဝါရီ ၁ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော မော်တော်ယာဉ် နှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ပန်းတောင်း ကာကွယ်ရေးတပ်(KDF)က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့က ကျောက်ပန်းတောင်းမြို့ အရှေ့မြို့ရှောင်လမ်း၌ တပ်ထောက်ခံပွဲလုပ်အပြီး ပြန်လာသည့် စစ်ကောင်စီယာဉ် နှစ်စီးကို KPG Black Soldiers UGနှင့် KDF တို့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရမှုများရှိသည်ဟု မျက်မြင်များကပြောကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ပစ်ခတ်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာလုံခြုံစွာရှိနေကြောင်း ကြေညာထားသည်။

ကျောက်ပန်းတောင်းမြို့တွင် စစ်ကောင်စီတပ် ဖိအားပေးနေသည့်ကြားမှ မြို့သူမြို့သားများက ယမန်နေ့တွင် ပြုလုပ်သော အသံတိတ်သပိတ်တွင်ပါဝင်ခဲ့သည်။ထို့ပြင် သံပန်းလုပ်သားတစ်ဦးသည် စစ်ကောင်စီ၏ လျှပ်စစ်ရုံးရှေ့တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြထုတ်ဖော်ခဲ့ရာရရှိသည့် ဒဏ်ရာများဖြင့် ယမန်နေ့ညက ကျဆုံးခဲ့ရသည်။ အဆိုပါ အမျိုးသားက အများပြည်သူ ၂၄နာရီလုံးမီးလင်းရေးနှင့် စစ်အာဏာရှင် ကြီးစိုးအုပ်ချုပ်ခဲ့သည့် ၂၀၀၁-၂၀၀၂ ခုနှစ်များသို့ ပြန်မသွား ရန် စာရေးဆန္ဒပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။