Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားတဲ့ ထိုင်းကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်ခံနေရ

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်ကောင်စီကနေ တရုတ်နဲ့ ရုရှားကာကွယ်ဆေးတွေရောက်ရှိလာဖို့ရှိပြီး ထိုးသင့်ထိုးထိုက်သူတွေကို ထိုးပေးမယ်လို့ ပြောထားတာလည်းရှိနေပါတယ်။

ထိုင်းကျန်းမာရေးဝန်ထမ်းတစ်ဦး ကိုဗစ်ကာကွယ်ဆေးထိုးနှံခံနေစဉ် (ဓာတ်ပုံ - Reuters/File Photo)

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac နှစ်ကြိမ်ထိုးထားတဲ့ ထိုင်း ကျန်းမာရေးဝန်ထမ်း ၆၀၀ ကျော် ကိုဗစ်ရောဂါကူးစက်ခံရတယ်လို့ CNA သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ထိုင်းကျန်းမာရေးဝန်ထမ်း ၆ သိန်းကျော်ကို Sinovac ကာကွယ်ဆေးနှစ်ကြိမ်ထိုးပေးထားတာဖြစ်ပြီး အဲဒီထိုးထားသူတွေထဲက ၆၁၈ ဦး ရောဂါကူးစက်ခံရတာဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး CNA သတင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အင်ဒိုးနီးရှားနိုင်ငံမှာ အဲဒီ Sinovac ကာကွယ်ဆေးကို စမ်းသပ်ပေးနေတဲ့ စီမံကိန်းခေါင်းဆောင် ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့သလို Sinovac ထိုးထားတဲ့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှုကလည်း ၅၀ ကျော်အထိရှိနေတာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကတော့ တရုတ်ရဲ့ Sinovac ထိုးထားသူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသူတွေလို့ ထည့်သွင်းစဉ်းစားမှာမဟုတ်တဲ့အကြောင်း ထုတ်ပြန်ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်ကောင်စီကနေ တရုတ်နဲ့ ရုရှားကာကွယ်ဆေးတွေရောက်ရှိလာဖို့ရှိပြီး ထိုးသင့်ထိုးထိုက်သူတွေကို ထိုးပေးမယ်လို့ ပြောထားတာလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။