Connect with us

Hi, what are you looking for?

News

ယူကရိန်းပြည်သူများ ကြုံတွေ့နေရသောဒုက္ခများကို တခြားသူများထက် ပိုမိုနားလည်မျှဝေခံစားနိုင်ကြောင်း ကုလ၌ မြန်မာသံအမတ်ကြီးဦး​ကျော်မိုးထွန်းပြော

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီး ယူကရိန်းပြည်သူများအပေါ် တရားမျှတမှုမရှိသော ရုရှား၏ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံက ရှုတ်ချကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပြီး ယူကရိန်းအပေါ် ကျူးကျော်မှုဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို ထောက်ခံမဲပေးခဲ့သည်။

▪️ယူကရိန်းအပေါ် ရုရှား၏ကျူးကျော်စစ်ဆိုင်ရာဆုံးဖြတ်ချက် မြန်မာနိုင်ငံကိုယ်စားပြု၍သံအမတ်ကြီး ထောက်ခံမဲပေး

မြန်မာနိုင်ငံသည် စစ်တပ်၏ လူမဆန်စွာရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်နေရသည့်အတွက် ယူကရိန်းပြည်သူများ ကြုံတွေ့နေရသောဒုက္ခများကို တခြားသူများထက် ပိုမိုနားလည်မျှဝေခံစားနိုင်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောကြားသည်။

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုနှင့်ပတ်သက်၍ မတ်လ ၂ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံအရေးပေါ် အထူးအစည်းအဝေးခေါ်ယူကျင်းပရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံသည် လည်း စစ်တပ်၏ လူမဆန်စွာရက်စက်ကြမ်းကြုတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကြောင့် ဆင်းရဲဒုက္ခများကို ရင်ဆိုင်နေရကြောင်း ထည့်သွင်း ပြောကြားသည်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီး ယူကရိန်းပြည်သူများအပေါ် တရားမျှတမှုမရှိသော ရုရှား၏ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံက ရှုတ်ချကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပြီး ယူကရိန်းအပေါ် ကျူးကျော်မှုဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို ထောက်ခံမဲပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ယူကရိန်းအပေါ် ကျူးကျော်မှုဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေမဲ ၃၅ မဲဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံအရေးပေါ်အထူးအစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခဲ့သည်။

ယင်းအဆိုမူကြမ်းကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၀၀ နီးပါးက ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။

ရုရှား၏ ပြင်းထန်သောတိုက်ခိုက်မှုများကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနေခြင်းသည် ဝမ်းနည်းစရာပင်ဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးကာ သိန်းနှင့်ချီသော ယူကရိန်းပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးသွားကြရသည့်အတွက် အအေး လွန်ကဲသော ရာသီဥတုတွင် လူအများဒုက္ခရောက်နေကြကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလ၌ ပြောသည်။

ယူကရိန်းအပေါ် စစ်မက်ပြုတိုက်ခိုက်မှုများ ချက်ချင်းရပ်တံ့ရန်လည်း သံအမတ်ကြီးက ဆက်လက် တောင်းဆိုသည်။

မြန်မာနိုင်ငံ၌လည်း စစ်တပ်က ပြည်သူများအပေါ် အင်အားအလွန်အကျွံသုံးစွဲ၍ ခွဲခြားဖိနှိပ်တိုက်ခိုက်မှုများအပြင် လူမဆန်စွာရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကြောင့် နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် လယ်ယာမြေများ ပျက်စီးခဲ့ပြီး သိန်းနှင့်ချီသော ပြည်သူများသည် မိမိတို့နေရပ်များမှ စွန့်ခွာခဲ့ရသည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သံအမတ်ကြီးက ကုလ၌ ရှင်းလင်းတင်ပြသည်။

ထို့အပြင် လူပေါင်းများစွာ သေဆုံးဒဏ်ရာရရှိခဲ့ပြီး ယင်းကဲ့သို့ ဆုံးရှုံးနစ်နာသူများတွင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ မိန်းကလေးများနှင့် ကလေးသူငယ်များကဲ့သို့သော ထိခိုက်လွယ် သောအုပ်စုများ ပါဝင်ခဲ့ကြောင်း ဆက်လက်ရှင်းလင်းသည်။

အဖွဲ့ဝင်နိုင်ငံများအားလံးသည် ကုလသမဂ္ဂပဋိညာဉ်အခြေခံမူများနှင့်အညီ ရပ်တည်ရန်၊ တရားမျှတမှုဘက် ရပ်တည်ရန်အချိန် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည် ယူကရိန်းပြည်သူများ အတူ ခိုင်မာစွာရပ်တည်ကြောင်းလည်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီကမူ ယူကရိန်းကို ကျူးကျော်သော ရုရှား၏လုပ်ရပ်ကို ထောက်ခံကြောင်း ပြောကြားထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။