Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကြား ပိတ်မိနေတဲ့ ယူကရိန်းမြို့လေးမှာ အပစ်ရပ်ဖို့ အမေရိကန် သမ္မတကတော် ကူညီညှိနှိုင်းပေးခဲ့

ရုရှား ထိန်းချုပ်ထားရာ ယူကရိန်း မြို့ငယ်လေး တစ်ခုမှာ အပစ်အခတ် ရပ်စဲစေပြီး ဒေသခံတွေ ဘေးကင်းကင်း ရွှေ့ပြောင်းဖို့ အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က အောင်အောင်မြင်မြင် ကြားဝင် စေ့စပ်ပေးနိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ရုရှား ထိန်းချုပ်ထားရာ ယူကရိန်း မြို့ငယ်လေး တစ်ခုမှာ အပစ်အခတ် ရပ်စဲစေပြီး ဒေသခံတွေ ဘေးကင်းကင်း ရွှေ့ပြောင်းဖို့ အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က အောင်အောင်မြင်မြင် ကြားဝင် စေ့စပ်ပေးနိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဇနီးဖြစ်သူ မယ်လာနီယာဟာ အိုလက်ရှ်ကီ မြို့လေးမှာ နှစ်တွေနဲ့ချီ အခက်ကြုံပြီး ရုန်းကန်နေရတဲ့ ပြည်သူတွေ ဘေးကင်းစေရေးအတွက် ဝင်ရောက်ကူညီ ညှိနှိုင်းပေးခဲ့တာလို့ အောက်တိုဘာ ၂၃ ရက်နေ့၊ အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိုလက်ရှ်ကီဟာ ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက ရုရှားထိန်းချုပ်ထားရာ နယ်မြေတွေရဲ့ အစွန်ဖက်ဆုံး၊ ရှေ့တန်းစစ်မြေပြင်မှာ ပိတ်မိနေတဲ့ မြို့လေးတစ်ခု ဖြစ်ပါတယ်။

မြို့ထဲမှာ ၂၀၂၃ ခုနှစ် ကတည်းက လျှပ်စစ်ဓာတ်အားနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ပြတ်တောက်နေပြီး ဒေသခံတွေဟာ ထင်းမီးနဲ့ ချက်ပြုတ် စားသောက်နေရပါတယ်။ အခုတော့ မြို့မှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်ရေသန့် အားလုံး ပြတ်တောက်နေပြီး အရမ်း ဆိုးဆိုးရွားရွား ဒုက္ခကြုံနေတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မယ်လာနီယာက ရုရှားနဲ့ ယူကရိန်း အာဏာပိုင်တွေဆီ ဆက်သွယ်ပြီး ညှိနှိုင်းပေးခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုဟာ အောက်တိုဘာ ၂၉ ရက်နေ့မှာ စတင် အသက်ဝင်မယ်လို့ သိရပါတယ်။

အဲဒီနောက် မြို့ခံတွေဟာ ရုရှားထိန်းချုပ်ထားရာ အတွင်းပိုင်း ဒေသတွေဆီကိုဖြစ်စေ၊ ယူကရိန်းနိုင်ငံ ပိုင်နက်ဖက်ကိုဖြစ်စေ ဆန္ဒအလျောက် ပြောင်းရွှေ့ခွင့် ရမယ်လို့ သိရပါတယ်။ ရုရှားနဲ့ ယူကရိန်းတို့ကလည်း အိုလက်ရှ်ကီမှာ အပစ်ရပ်စေပြီး ဒေသခံတွေကို ရွှေ့ပြောင်းပေးဖို့၊ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့ဖို့ လုပ်ဆောင်သွားမယ်လို့ အသီးသီး အတည်ပြုထားပါတယ်။

အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ အပစ်ရပ်ကာလက အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်မယ်လို့ ဖော်ပြထားပေမယ့် ရုရှားရော၊ ယူကရိန်းကပါ တိုက်ခိုက်မှုတွေကို အောက်တိုဘာ ၂၇ ရက်နေ့မှာ ရပ်နားမယ်လို့ ကြေညာခဲ့ပါတယ်။

အိုလက်ရှ်ကီဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ရုရှားစစ်တပ် ကျူးကျော်ခဲ့ချိန်က ရုရှားလက်ထဲ အစောဆုံး ကျရောက်ခဲ့တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ မြို့ရဲ့ တည်နေရာက ဒီနီပရို မြစ်ကမ်းဘေးတလျှောက် နေရာယူထားတဲ့ ယူကရိန်း တပ်တွေနဲ့ ရုရှားရှေ့တန်း တပ်တွေကြားမှာ ပိတ်မိနေပြီး မကြာသေးခင် ရက်ပိုင်းတွေမှာတော့ လုံးဝ ရိက္ခာပြတ်သွားလို့ ဒေသခံတွေဟာ ပေါင်းပင်တွေကိုတောင် စားသောက်နေခဲ့ရတယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်ရဲ့ အဆိုအရ မယ်လာနီယာနဲ့ သူ့ရဲ့ ကိုယ်စားလှယ် တစ်ဦးဟာ အိုလက်ရှ်ကီ မြို့ခံတွေကို ဒုက္ခတွင်းထဲကနေ ကယ်ထုတ်နိုင်ဖို့ ရုရှားရော၊ ယူကရိန်း ခေါင်းဆောင်ပိုင်းကိုပါ တိုက်ရိုက် ဆက်သွယ်ခဲ့ကြကြောင်း သိရပါတယ်။ အခု သဘောတူညီမှုကို ဒေသတွင်း ကန့်သတ် အပစ်ရပ်မှုလို့ အိမ်ဖြူတော်က သုံးနှုန်းထားပါတယ်။

သဘောတူညီမှုအရ ရုရှားနဲ့ ယူကရိန်းရဲ့ အရပ်ဖက် ခေါင်းဆောင်တွေ ချိတ်ဆက်ပြီး အိုလက်ရှ်ကီကို သွားရောက်ကြမှာဖြစ်ကြောင်း၊ မြို့ထဲမှာ အကူအညီတွေ ဘယ်လောက် အတိုင်းအတာထိ လိုအပ်နေသလဲ ဆိုတာကို ဆန်းစစ်ကြမှာဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုပါတယ်။

အဲဒီမြို့မှာ သတ်မှတ်မယ့် အပစ်ရပ် ကာလဟာ ဘယ်လောက်ထိ ကြာမြင့်မလဲ ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြမထားပါဘူး။ ဒါပေမဲ့ ဒေသခံတွေ ရွှေ့ပြောင်းမှု ပြီးသွားရင်တော့ တိုက်ပွဲတွေ ပြန်စလာဖွယ် ရှိနေပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ကိုယ်စားပြုတဲ့ ပါတီရဲ့ အမတ်တစ်ဦးဖြစ်သူ ဒါဗိဒ်အာရက်ခ်မီရာက အိုလက်ရှ်ကီမြို့ လွတ်မြောက်ရေးအတွက် ရည်ရွယ်ထားတဲ့ စစ်ဆင်ရေးတွေဟာ သိပ်မဝေးတဲ့ အနာဂတ်မှာ ပြန်စလာနိုင်ခြေ ရှိတယ်လို့ မှတ်ချက်ပေးထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒဏ်ရာရနေတဲ့ စစ်သည်တစ်ယောက်ကို စစ်မြေပြင်သုံး ပျံသန်းရေး ဒရုန်းတစ်ခု အကူအညီနဲ့ အောင်အောင်မြင်မြင် ရွှေ့ပြောင်း သယ်ယူခဲ့တဲ့ မှတ်တမ်း ဗီဒီယိုကို ယူကရိန်းက ထုတ်ပြန် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝေဖန်လိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အလယ်ပိုင်းက အခြေခံ အဆောက်အအုံတွေကို ရုရှားက ဒရုန်းတွေ အများအပြားနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် ရုရှားရဲ့ ရေနံချက် စက်ရုံတွေကို တိုက်ခိုက်မှု ပြန်စမယ်လို့ ယူကရိန်းက ပြောပါတယ်။ ကမ္ဘာ့လောင်စာဆီ စျေးကွက်မှာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေချိန် ရုရှားနဲ့ ယူကရိန်းကြား စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို မတိုက်ခိုက်ကြဖို့...

နိုင်ငံတကာ

ယူကရိန်းရဲ့ ခဲယမ်းလက်နက်တွေ ပျံသန်းမှု မြန်နှုန်း၊ Starlink အင်တာနက် ကွန်ရက် ချိတ်ဆက်မှု မြန်နှုန်းတွေ ကန့်သတ် ခံထားရတာဟာ အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက် ဖြစ်နိုင်တယ်လို့ Starlinkရဲ့ မိခင်ကုမ္ပဏီ SpaceX အကြီးအကဲ အီလွန်မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။